Author's Profile Photo

My Life's Corner

7/07/2024

ကိုယ့်ရဲ့ မပြည့်စုံမှု‌အတွက် မသိမ််ငယ်ပါနဲ့။

1 min read
Personal Development
ကိုယ့်ရဲ့ မပြည့်စုံမှု‌အတွက် မသိမ််ငယ်ပါနဲ့။'s photo

Our lives are full of imperfections.
But we don't need to be insecure about them. Instead, love them.

ကျွန်မတို့ရဲ့ ဘဝက မပြည့်စုံမှုတွေနဲ့ ပြည့်နေတာပါ...

လူဆိုတဲ့ သဘော သဘာဝအရ တစ်ခုမဟုတ် တစ်ခု လိုအပ်နေတာပါပဲ၊ ဒါ့ကြောင့် လူ့အလို နတ်မလိုက်နိုင်လို့ ပြောကြတာပေါ့။

ပိန်တဲ့သူက ဝချင်တယ်၊ ဝတဲ့သူက ပိန်ချင်တယ်။
အသားဖြူတဲ့ သူက အသားညိုချင်လို့ sunb‌athing လုပ်တာတွေရှိသလို

အသားညိုတဲ့သူတွေကျ ဖြူချင်နေကြပြန်ရော။?

ရုပ်ဝတ္ထု ပစ္စည်းတွေဆိုရင်လဲ update ဖြစ်တာနဲ့ လိုချင်နေကြပြန်ရော။

ဒီလို ဗျာများနေတဲ့ ဆန္ဒတွေကြားမှာ
ကိုယ်နစ်ဝင်မသွားဖို့ လိုတယ်။

ရှိတာနဲ့ ရောင့်ရဲ တင်းတိမ်ပါ။

မရှိတာကိုလဲ အားမငယ်ဘဲ လက်ခံတတ်ပါ။

ဒီလောကမှာ အဘက်ဘက်က ပြည့်စုံနေတဲ့ သူဆိုတာ အင်မတန်ရှားပါတယ်။

လူတစ်ယောက်က စီးပွားရေးမှာ အရမ်းအောင်မြင်နေရင် တစ်နေ့တစ်ချိန် ကျန်းမာရေးဘက်က အားနည်းလာပြန်တယ်၊ နောက် ကျန်းမာရေး၊ စီးပွားရေး ကောင်းနေပြန်တော့လဲ လူမှုရေး၊ အချစ်ရေး အားနည်းလာတတ်တယ်။

ဒါ့ကြောင့် မိတ်ဆွေတို့

အမြဲတမ်း ကိုယ်မရှိတဲ့ အရာကိုပဲ တမ်းတမနေပါနဲ့၊ ကိုယ့်မှာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရာကို တန်ဖိုးထားပါ၊ ဂရုစိုက်ပါ။

ကိုယ်က အသားမဲလို့၊ ရုပ်ဆိုးနေလို့ ဆိုရင်တောင်မှ ဒါ အားငယ်စရာမဟုတ်ပါ၊ အနည်းဆုံးတော့ ကိုယ့်မှာ ဘဝတိုးတက်အောင် ကြိုးစား‌နိုင်တဲ့ ခွန်အား၊ ကျန်းမာနေတဲ့ ကိုယ်ခန္ဓာ ရှိနေသေးတာပဲ မဟုတ်လား?

ကိုယ့်အားနည်းချက်ကြောင့် အားမငယ်ပါနဲ့။ ဒါပေမယ့် အဲ့ဒီအားနည်းချက်က ကိုယ် ပြုပြင်လို့ရလား ဆိုတာ တစ်ချက်ကြည့်ပါ။

ကိုယ် ‌ဒါကို ပြောင်းလဲနိုင်တယ်၊ ပြောင်းလဲချင်တယ်ဆိုရင်တော့ ကိုယ် မရမက ပြောင်းသင့်တာပေါ့။

ဒါပေမယ့်

အဲ့ဒီအရာက ပြောင်းလဲ လို့ မရဘူး၊ မွေးရာပါဆိုရင်တော့
အဲ့ဒီအားနည်းချက်ကို လက်ခံပါ။
သတ္တိရှိရှိ လူရှေ့ပြရဲပါ။ ဘာလို့ဆို ဒီအရာရဲ့ ဖြစ်တည်မှုက ကိုယ့်အမှားကြောင့်မှ မဟုတ်တာလေနော်၊ သူ့ဟာသူ ဖြစ်နေတာ ကိုယ်ဘယ်တတ်နိုင်မလဲပေါ့။
မသိမ်ငယ်ပါနဲ့၊ လူတိုင်း သူလိုငါလိုပဲလို့ မှတ်ပါ။

တစ်နေ့ သေလမ်းသွားရတဲ့ အခါ ကိုယ်လှခြင်း၊ မလှခြင်းနဲ့ တခြား‌သောအားနည်းချက်တွေက ဘာမှအရေး‌တော့မှာ မဟုတ်ပေမယ့် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု၊ လူထုအကျိုးပြုမှု၊ စိတ်ကောင်းထားတတ်မှုတွေကတော့ ကိုယ်သေသွားရင်တောင် ကိုယ့်ကို နာမည်ကောင်းနဲ့ သတင်းမွှေးစေပါလိမ့်မယ်။

ပညာတတ် ရုပ်ချော ရုပ်လှပြီး စိတ်ထားရုပ်ညံ့သူနဲ့
ရုပ်ဆိုးပြီး အသားမဲပြီး ရိုးသားဖြောင့်မတ်သူ ယှဉ်ကြည့်ပါ။

ဘယ်သူ့က ပို တန်ဖိုးရှိပါသလဲ?
ဘယ့်သူ့ကို လူတွေက ပိုယုံကြည်ကြပါမလဲ။

သေချာ စဉ်းစားကြည့်ပါ။

ဒါ့ကြောင့်

ကိုယ့်ဘဝမှာ အရေးပါတာကိုပဲ ဂရုစိုက်ပါ။

အရေးမပါတာတွေ၊ ပြောင်းလဲလို့မရတဲ့ အပေါ်တွေအပေါ်မှာ အချိန်ကုန် မခံပါနဲ့။

လောကမှာ တန်ဖိုးရှိသော လူသားများ ဖြစ်နိုင်ကြပါစေ...

#SPPZ
#MyLifeCorner

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်