SarPhat Author
ဒီနေ့ Job Interview ဖြေတော့မယ်ဆိုရင် နောက်ဆုံးPart (4) မှာတော့ Job Interviewတွေမှာ ဘယ်လိုမေးခွန်းတွေမေးတတ်တယ်ဆိုတာတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
အင်တာဗျူးတွေမှာ အမြဲတမ်းအစပျိုးရင်း မေးတတ်တဲ့ မေးခွန်းကတော့ Tell me about yourself ပါပဲ (သိနေကျအတိုင်းဆို Myselfပေါ့) ကိုယ့်အကြောင်းကိုယ်ပြောပြရပါမယ်။ ပြောပြတဲ့နေရာမှာ ကျွန်တော်နာမည်ကတော့ ဘယ်သူပါဆိုရုံနဲ့မရပါဘူး။ ပထမဆုံးစမိတ်ဆက်တဲ့အချိန်မှာတင် ကိုယ်ကအာဝဇ္ဇန်းရွှင်စွာ သွက်လက်ထက်မြက်စွာ Communication ကောင်းစွာနဲ့ အလုပ်ခန့်မယ့်သူတွေဘက်ကသိသင့်တဲ့ သင့်အကြောင်းတွေကို ပြောပြရမှာဖြစ်ပါတယ်။ ဘာတွေထည့်ပြောမလဲကို ကြိုတင်စဥ်းစားလေ့ကျင့်သွားပါ။
အင်တာဗျူးတွေမှာ မေးတတ်တဲ့ မေးခွန်းတွေထဲက နောက်တစ်ခုကတော့ သင့်ရဲ့အားသာချက်၊ အားနည်းချက်ကဘာလဲဆိုတာမျိုးပါ။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ လိမ်မာပါးနပ်စွာဖြေတတ်ဖို့လိုပါတယ်။ အားသာချက်ကိုဖြေတဲ့နေရာမှာလဲ လိုတာထက်ပိုပြီးကြွားသလိုမပြောဖို့သတိထားရပါမယ်။ အားနည်းချက်ကိုပြောတဲ့နေရာမှာလဲ အားနည်းချက်ကတော့ဘာရှိတယ်။ အဲ့အားနည်းချက်ကိုသင်ခန်းစာယူပြီး အားသာချက်ဖြစ်အောင်ပြောင်းလဲနေတယ်စသဖြင့် အချက်ကျကျလေးပြောရင်အဆင်ပြေပါတယ်။
သင့်ကိုထူးခြားမှုရှိစေတဲ့အရာကဘာလဲ?
သင့်ရဲ့အားသာချက်ကသင့်ရဲ့အလုပ်လုပ်ဆောင်မှုကိုဘယ်လိုပံ့ပိုးကူညီပေးလဲ?
သင့်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဘယ်လိုကိုင်တွယ်လဲ?
သင့်ကိုယ်သင်အောင်မြင်မယ်ထင်လား၊ ဘာကြောင့်လဲ?
ဖိအားတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားလဲ?
သင်မှားခဲ့ဖူးတဲ့အမှားတွေထဲက ဘာတွေကိုသင်ခန်းစာရခဲ့လဲ?
သင်နဲ့သင့်ပြိုင်ဘက်တွေရဲ့ကွာခြားချက်ကဘာဖြစ်မလဲ?
ဘယ်အရာတွေကသင့်ကို Motivate ဖြစ်စေလဲ?
သင့်ဘဝမှာအကြီးမားဆုံးစိတ်ဆင်းရဲခဲ့ရတာဘာကြောင့်ဖြစ်မလဲ?
သင့်အလုပ်ကနေ သင်ဘာတွေသင်ယူခဲ့လဲ?
CV form ထဲမှာမရေးထားတဲ့ သင့်အကြောင်းတစ်ခုလောက်ပြောပြပါ။
ဒါမျိုးမေးခွန်းလေးတွေ မေးတတ်ပါတယ်။ အဲလိုမေးခွန်းတွေ မေးခဲ့ရင် ဘယ်လိုဖြေမလဲ ကြိုတင်စဥ်းစားလေ့ကျင့်ထားပါ။
အရင်အလုပ်လုပ်ဖူးတဲ့သူဆိုရင်လဲ အရင်အလုပ်နဲ့ပတ်သက်ပြီး မေးတတ်ပါတယ်။ အရင်အလုပ်ကဘာလို့ထွက်ခဲ့တာလဲ။ အရင်အလုပ်မှာ ကိုယ်ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်ရှိလား? ဘာတွေဖြစ်မလဲ? အဲလိုမျိုးတွေလဲ မေးတတ်ပါတယ်။ အဆင်မပြေတာတွေရှိနိုင်ခဲ့သော်ငြား နောက်အလုပ်လာလျှောက်တဲ့ အချိန်မှာ အရင်အလုပ်ကအတင်းတုတ်တဲ့ပုံစံမျိုးဖြစ်အောင် မဖြေမိဖို့လိုပါတယ်။ အချက်ကျကျ သေချာတဲ့ Reasons တွေပြောပြီး ဖြေဆိုပါ။ မဟုတ်ရင် ကိုယ့်မှာ Negative attitude ရှိတယ် သတ်မှတ်နိုင်ပါတယ်။
လစာပိုင်းနဲ့ပတ်သက်ပြီးတော့လဲ အရင်အလုပ်မှာလစာဘယ်လောက်ရခဲ့လဲ? ယခုမျှော်မှန်းလစာဘယ်လောက်လဲ? ဆိုတာမျိုးမေးတတ်ပါတယ်။ မျှော်မှန်းလစာဖြေဆိုတဲ့နေရာမှာ သတိထားဖြေဆိုဖို့လိုပါတယ်။ ကိုယ်လိုချင်တယ်ပြောတဲ့ Amount က Organization ဘက်ကသတ်မှတ်ထားတဲ့ Amount ထက်များနေရင် အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးညှိနှိုင်းပြောဆိုကြည့်စေချင်ပါတယ်။ Organization ဘက်ကပေးနိုင်မယ့် Amount ကိုအရင်မေးကြည့်ပြီး ကိုယ်လက်ခံနိုင်တဲ့ပမာဏဖြစ်နေတယ်ဆိုရင် ဒီအချက်ဟာအဆင်ပြေနိုင်ပါတယ်။ နည်းနည်းစျေးဆစ်ကြည့်ချင်သေးတယ်ဆိုရင်လဲ အဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ပြောပြီး လစာ Amountကို စျေးနည်းနည်းဆစ်ကြည့်ပါ။
အရောင်းဝန်ထမ်းနဲ့ပတ်သက်တဲ့ အင်တာဗျူးမျိုးဆိုရင်တော့ နမူနာစျေးရောင်းပြဖို့ပြောတာမျိုးတွေရှိတတ်ပါတယ်။ ကိုယ်ရောင်းရမယ့် ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့အချက်တွေကို အချိန်တိုအတွင်း ထိထိမိမိပြောဆိုရောင်းချနိုင်တဲ့အစွမ်းကိုပြသနိုင်ရပါမယ်။
အခုပြောသွားတာတွေကတော့ Job Interview ဖြေတော့မယ်ဆိုရင် နောက်ဆုံးPart (4) ဖြစ်တဲ့ Job Interviewတွေမှာ ဘယ်လိုမေးခွန်းတွေမေးတတ်လဲဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ အခုပြောသွားတာလေးတွေကို သေချာမှတ်သားပြီး အင်တာဗျူးတစ်ခုဝင်ခါနီးမှာ ဒီအချက်လေးတွေကိုကြိုတင်လေ့ကျင့်သွားမယ်ဆိုရင် အစိမ်းသက်သက်သွားဖြေမှာထက် အကျိုးပိုရှိမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအစစအရာရာ အဆင်ပြေချောမွေ့ပြီး မိမိနဲ့သင့်တော်ကိုက်ညီတဲ့ အလုပ်အကိုင်ကောင်းများ ရရှိပိုင်ဆိုင်လုပ်ကိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
#HRZone
Keep Reading