Author's Profile Photo

SarPhat Author

30/06/2024

ကျောင်းသားတိုင်းအတွက် အသုံးဝင်စေမယ့် Appများ (၂)

2 mins read
Personal Development
Education
General Knowledge
ကျောင်းသားတိုင်းအတွက် အသုံးဝင်စေမယ့် Appများ (၂)'s photo


ကျောင်းသား၊ကျောင်းသူတိုင်းအတွက် စာလေ့လာတဲ့နေရာမှာ အထောက်အကူပြုစေမယ့် Appလေးတွေအပြင် Time management အတွက် အသုံးဝင်စေမယ့် Appတွေကိုလည်း အပိုင်း (၂)မှာ ဆက်လက်မျှဝေပေးသွားပါမယ်။ အပိုင်း (၁)ကိုတော့ အောက်က ဖော်ပြထားတဲ့ linkလေးမှာ ဝင်‌ရောက်ကြည့်ရှုနိုင်ပါတယ်။

Link : https://www.sarphat.com/articles/6146

Notion ? 

ဒီ App လေးကတော့ Note-taking အပြင် To-do list, Study planner, Journal, Flashcards…စသဖြင့် စွယ်စုံအသုံးပြုလို့ရတဲ့ Appလေးတစ်ခုပါ။ Function တွေ အများကြီးပါတာမို့လို့ အစပိုင်းမှာအသုံးပြုရတာ ရှုပ်တယ်လို့ ထင်ရပေမဲ့ ကျွမ်းကျင်သွားမယ်ဆိုရင် အလွန်ကို အသုံးဝင်တဲ့ Appလေးပါ။
Link : https://play.google.com/store/apps/details?id=notion.id
How to use notion for beginners :
https://youtu.be/FrhFvIsq86g?si=TA_Pr9GB_S-kaql2
https://youtu.be/FrhFvIsq86g?si=TA_Pr9GB_S-kaql2



ကျွန်တော်တို့ရဲ့ တစ်နေ့တာမှာ ဘယ်ဟာတွေ လုပ်ဖို့လိုသလဲဆိုတာကို လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ ရေးမှတ်ချင်တယ်ဆိုရင် ဒီ Appလေးကို အသုံးပြုကြည့်ပါ။ Google calendar နဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရတာမလို့ Google calendar enjoyerလေးအတွက် အဆင်ပြေပါတယ်။
Link : https://play.google.com/store/apps/details?id=todolist.scheduleplanner.dailyplanner.todo.reminders



ကျွန်တော်တို့ English Essayတွေ၊ Letterတွေ ရေးတဲ့အခါ grammar‌အမှားအယွင်းတွေ တွေ့ရလေ့ရှိပါတယ်။ များသောအားဖြင့် tenseတွေမှားသုံးမိတာ၊ နေရာအထားအသိုလွဲတာတွေ စတဲ့ မမှားသင်တဲ့ အမှားတွေလုပ်မိလေ့ရှိပါတယ်။ Grammar ‌usages တွေမှန်ကန်စေဖို့၊ sentence တစ်ကြောင်းနဲ့ တစ်ကြောင်း အဆက်အစပ်ရှိပြီး vocabတွေ မထပ်စေဖို့အတွက် Grammarlyဆိုတဲ့ app‌‌လေးကို စမ်းသုံးကြည့်ကြဖို့ အကြံပြုပါတယ်။ ဒီ app‌‌လေးက ကျွန်‌‌တော်တို့ရဲ့ writing skillကို တိုးတက်စေပြီး sentence‌‌‌တွေကို ပုံစံအမျိုးမျိုးနဲ့ ဖွဲ့တတ်စေဖို့ အ‌‌ထောက်အကူ ပြုပေးမှာပါ။
Link: https://play.google.com/store/apps/details?id=com.grammarly.android.keyboard



သင်္ချာပုစ္ဆာတွေ၊ ရူပဗေဒဘာသာရပ်က အတွက်အချက်ပိုင်းဆိုင်ရာ ပုစ္ဆာတွေ တွက်တဲ့အခါမှာ ‌‌လိုအပ်ရင်လိုအပ်သလို အသုံးပြုဖို့ ဒီ Scientific calculator လေးကို ဖုန်းထဲမှာ downlondလုပ်ထားသင့်ပါတယ်။ နောက်ပြီး Chemical equationsတွေကိုလည်း အဖြေတိုက်ကြည့်လို့ ရတာမလို့ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Appလေးတစ်ခုပါ။

Link : https://play.google.com/store/apps/details?id=advanced.scientific.calculator.calc991.plus



ဒီ Appလေးကကျ pdf file တွေ ဖွင့်တဲ့အခါ အသုံးပြုရ အဆင်ပြေတဲ့ Appလေးမလို့ ညွှန်းပေးခြင်းဖြစ်ပါတယ်။

Link : https://play.google.com/store/apps/details?id=org.readera



ယနေ့ခေတ်လို လူတစ်ယောက် ဖုန်းတစ်လုံးစီ ကိုင်နိုင်နေတဲ့ ခေတ်မှာ ကျောင်းသားအများစုဟာ ဆိုရင် screen time အလွန်အကျွံများပြားကြောင့် လိုရာခရီးမရောက်နိုင်ဘဲ ရှိတတ်ကြပါတယ်။ ဒီပြဿနာ‌ကိုဖြေရှင်းဖို့ Screen Time Appကို အသုံးပြုကြည့်ကြပါ။ တစ်နေ့တာ ဖုန်းအသုံးပြုချိန်၊ Appတစ်ခုချင်းစီရဲ့ သုံးစွဲထားချိန်တွေကိုပါ တိတိကျကျ ပြထားတာကြောင့် ကျွန်တော်တို့ အချိန်‌‌တွေ ဘယ်လိုကုန်ဆုံးသွားလဲဆိုတာမြင်နိုင်ပြီး လိုအပ်ရင် လိုအပ်သလို ပြုပြင်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ အချိန်ကို အလေအလွင့်မရှိ အကျိုးရှိရှိအသုံးချနိုင်ပြီး လုပ်ရမယ့် အလုပ်တွေကိုလည်း ပိုမို အာရုံစိုက်နိုင်မှာပါ။

Link : https://play.google.com/store/apps/details?id=com.burockgames.timeclocker

Appတွေ အားလုံးက ကျွန်တော်ရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချပြီး ညွှန်းပေးတာကြောင့် စာဖတ်သူလေးတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခက်အခဲတွေကြားထဲက သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

✍️စက္ကန့်ပိုင်း
June 30th, 2024 (Saturday)



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း