SarPhat Author
စာလေ့လာတဲ့အခါမှာ လေ့လာတဲ့အချိန်နဲ့တန်အောင် ထိထိရောက်ရောက် အကျိုးရှိစေမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်။ "Study smart not study hard" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း စာကိုအချိန်အများကြီးပေးပြီး လေ့လာနေတာထက်စာရင် စမတ်ကျကျ နည်းလမ်းမှန်မှန်ကန်နဲ့ လေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာလုပ်ရာမှာ အထောက်အကူပြုစေမယ့် appလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။
Google Calendar ?️
ကျောင်းသားအများစုဟာဆိုရင် စာလေ့လာဖို့ အချိန်ကို တိကျစွာ သတ်မှတ်ထားလေ့မရှိတာကြောင့် အချိန်ဆွဲတတ်တဲ့ အကျင့်၊ အပျင်းထူနေတဲ့ စိတ်တွေက စာလုပ်ရမယ်ဆိုတဲ့အသိကို လွှမ်းမိုးသွားတတ်ပါတယ်။ ဒါကြောင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲထားတဲ့ timetableတစ်ခု ရေးဆွဲဖို့ လိုအပ်ပါတယ်။
Google calendar မှာ study timetable အပြင် ကျွန်တော်တို့ တစ်နေ့တာ လုပ်ဆောင်ရမယ့် Daily planတွေကိုလည်း ထည့်သွင်းရေးဆွဲနိုင်တဲ့အတွက်ကြောင့် ကျောင်းသားတိုင်းပိုင်ဆိုင်တဲ့၂၄နာရီတာအချိန် ကိုစနစ်တကျ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။
Link: https://play.google.com/store/apps/details?id=com.google.android.calendar
Vaia?
ဒုတိယတစ်ခုအနေနဲ့ မိတ်ဆက်ပေးချင်တဲ့ Appက "Vaia" ပါ။ ကိုယ့်လေ့လာနေတဲ့ (သို့) ကျက်မှတ်နေတဲ့ စာပိုဒ်တစ်ခုကို Flashcardsအနေနဲ့ ပြုလုပ်ပြီးလေ့လာနိုင်တဲ့အပြင် ကိုယ်ဘယ်လောက်ထိမှတ်မိလဲဆိုတာကိုပါ စစ်ဆေးနိုင်ပါတယ်။ Flashcardsတွေကို ကိုယ်ပိုင်စိတ်တိုင်းကျ ဖန်တီးနိုင်သလို မလုပ်တတ်ရင်လည်း AIကနေ ပြုလုပ်ပေးပါတယ်။ Testဖြေကြည့်မယ်ဆိုရင်လည်း Short answer, Multiple choice ပုံစံမျိုး မေးတာကြောင့် လွယ်ကူရိုးရှင်းပြီး စာတွေကို ပိုမိုမှတ်မိစေနိုင်ပါတယ်။ ဒီAppနဲ့ အနည်းငယ်ဆင်တူတဲ့ Quizlet, AnkiDroid, Kahoot အပြင် အခြားApp တွေအများကြီး ရှိတာကြောင့် ကိုယ်နှစ်သက်ရာ Application ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Link :
Vaia : https://play.google.com/store/apps/details?id=com.studysmarter
Kahoot : https://play.google.com/store/apps/details?id=no.mobitroll.kahoot.android
Quizlet : https://play.google.com/store/apps/details?id=com.quizlet.quizletandroid
AnkiDroid : https://play.google.com/store/apps/details?id=com.ichi2.anki
ChatGPT ?
ChatGPT ကတော့ ကျောင်းသားအများစုသိကြမှာပါ။ ဒီAppကတော့ ဘာမေးမေးအကုန်ဖြေနိုင်တဲ့အတွက် cheatingလုပ်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်ကတော့ ဒီAppကို note ထုတ်တဲ့နေရာမှာ အသုံးပြုပါတယ်။ Bioတွေကျက်ပြီဆိုရင် တစ်ခါကျက်ရင် မေ့သွားလိုက် နောက်ခါကျက်လည်းမေ့သွားလိုက်နဲ့ သံသရာစက်ဝန်းကနေကို မထွက်တော့ပါဘူး။ အဲ့ကြောင့်မလို့ အဓိကအရေးကြီးတဲ့ key pointsတွေကို noteထုတ်ပြီးကျက်ပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော် noteတစ်ခါထုတ်ရင် တော်တော်လေးကြာတာကြောင့် ပေးရတဲ့အချိန်နဲ့ ရလိုက်တဲ့စာက မျှခြေမကိုက်တော့ပါဘူး။ ChatGPTကတော့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ စာတစ်ပိုဒ်ကို note ထုတ်ပေးနိုင်ပြီး ခေါင်းစဉ်ခွဲလေးတွေအောက်မှာ ဆိုင်ရာဆိုင်ရာအချက်အလက်တွေနဲ့ အရှင်းလင်းဆုံးဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Link : https://play.google.com/store/apps/details?id=com.openai.chatgpt
Forest: Focus on productivity ⏳
စာလေ့လာတဲ့အခါမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးဆုံးအောင်ပြုလုပ်ခြင်းက အချိန်ကုန်သက်သာသလို ကျွန်တော်တို့ သိပ်မလိုက်နိုင်တဲ့ ဘာသာရပ်တွေအတွက်လည်း အချိန်ပိုမိုရရှိစေပါတယ်။ အချိန်သတ်မှတ်ဖို့ဆိုရင် study timerကို အသုံးပြုနိုင်သလို Forestဆိုတဲ့ ဒီAppလေးကိုလည်း အသုံးပြုနိုင်ပါတယ်။ တခြားAppတွေလည်း အများကြီးရှိပေမယ့် ဒီAppလေးကို ညွှန်းပေးရခြင်းအကြောင်းအရင်းကတော့ သတ်မှတ်ထားတဲ့ အချိန်ပြီးသွားတိုင်း ဆုအနေနဲ့ အပင်တစ်ပင်ကို ရရှိမှာပါ။ တစ်နေ့တာရဲ့ ကျွန်တော်တို့ စာလုပ်တဲ့မှတ်တမ်းကို သစ်ပင်လေးတွေအနေနဲ့ မြင်နိုင်ပြီး စာလုပ်နေတဲ့ အချိန်အတောအတွင်းမှာ သစ်တောထဲရောက်နေသလို ခံစားချက်ပေးနိုင်တဲ့ background musicကိုလည်း နားထောင်နိုင်ပါတယ်။ ကျွန်တော်တို့ စာပိုလုပ်လေ ကျွန်တော်တို့ရဲ့တောလေးထဲမှာ အပင်တွေတိုးလာမှာပါ။ ကြိုးစားအားထုတ်ပြီး ရရှိလာတဲ့ ရလဒ်အသေးလေးတွေးကိုလည်း မမေ့မလျော့ဘဲ ချီးမြောက်မယ်ဆိုရင် ကျွန်တော်တို့ဘဝမှာ အကောင်းမြင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နဲ့ ပြည့်နှက်နေမှာပါ။ အပိုင်း(၂)ကိုတော့ နောက်ရက်တွေမှ ဆက်တင်ပေးပါမယ်။အခက်အခဲတွေကြားကနေ သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Link : https://play.google.com/store/apps/details?id=cc.forestapp
✍️ စက္ကန့်ပိုင်း
June 21st, 2024 (Friday)
Keep Reading