Author's Profile Photo

Hein Zaw

19/06/2024

သင့်တင့်လျောက်ပတ်တဲ့ အရပ်မှာနေထိုင်ခြင်း ◾

1 min read
Business
General Knowledge
Finance
သင့်တင့်လျောက်ပတ်တဲ့ အရပ်မှာနေထိုင်ခြင်း
◾'s photo


တစ်နေ့က ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ “ကျက်သရေရှိအောင် နေထိုင်ပါ” ဆိုတဲ့တရားလေး နာဖြစ်တယ်။ အဲဒီမှာ ဆရာတော်ကြီးက လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ပြင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ဒေသမှာနေဖို့ကလည်း အရေးကြီးကြောင်း ဟောသွားတယ်။

“ကိုယ့်ကိုယ်ကိုယ်ပြင်ဖို့ဆိုရာမှာ နေရာတိုင်းမှာ ပြင်လို့ရချင်မှရမယ်။ ပြင်တဲ့နည်းစနစ်ကို သိဖို့အတွက်မှန်ကန်တဲ့နေရာတစ်ခုကို ရွေးချယ်ဖို့လိုတယ်။ ကိုယ်နဲ့သင့်တော်မယ့်နေရာတစ်ခုကို ရွေးချယ်ဖို့လိုတယ်။” စသဖြင့် ထည့်ဟောသွားတာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ တစ်ခုခုမှာတိုးတက်ပြောင်းလဲဖို့ဆိုရင် ပြင်စရာရှိတာပြင်၊ အားထုတ်လုပ်ဆောင်စရာရှိတာ အားထုတ်လုပ်ဆောင်ရတယ်။ အဲဒီမှာ ကိုယ်ရည်ကိုယ်သွေး၊ ပြင်းပြတဲ့ဆန္ဒ၊ မှန်ကန်တဲ့နည်းလမ်း၊ တစိုက်မတ်မတ်အားထုတ်လုပ်ဆောင်မှု ဒါတွေ အရေးကြီးတယ်။ ဒါပေမဲ့ တချို့ပြောပြောနေသလို လုပ်ချင်တဲ့စိတ်ရှိရင် အရာအားလုံးဖြစ်တယ်ဆိုတာထက် လုပ်လို့ရတဲ့အခြေအနေကောင်းတွေရှိနေဖို့ကလည်း အရေးကြီးတာကို ထည့်တွက်ဖို့လိုတယ်။

ခင်ဗျား ကျန်းမာချင်ရင် ကျန်းမာရေးဝန်ဆောင်မှုကောင်းတဲ့အရပ်မှာနေဖို့လိုတယ်။ ပညာရှာချင်တယ်ဆိုရင် ပညာသင်လို့ကောင်းတဲ့နေရာမှာ နေဖို့လိုတယ်။ ဒီလိုပဲ စီးပွားရေးတိုးတက်ချင်တယ်ဆိုရင်လည်း စီးပွားရှာလို့ကောင်းတဲ့နေရာမှာ ရွှေ့ပြောင်းနေထိုင်ဖို့လိုတယ်။ ရေခံမြေခံကောင်းတို့၊ ပတ်ဝန်းကျင်ကောင်းတို့ဆိုတာ ဒါကို ပြောတာပဲ။ ကိုယ်က အဲဒီနေရာ အဲဒီဒေသကောင်းရဲ့အထောက်အပံ့ကိုယူသင့်သလို အဲဒီအရပ်ဒေသကို ပိုကောင်းအောင်လည်း အထောက်အပံ့ပေးနိုင်ရင် ပိုကောင်းတယ်။

ဘီလ်ဂိတ်စ် အခုလို ထိပ်တန်းဆော့ဖ်ဝဲနည်းပညာကုမ္ပဏီကြီး Microsoft ရဲ့ တည်ထောင်သူနဲ့ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတစ်ယောက်ဖြစ်နေတာဟာ သူငယ်ငယ်က တက်ခဲ့တဲ့ Lakeside အထက်တန်းကျောင်းမှာ တခြားကလေးတွေသုံးခွင့်မရတဲ့ ကွန်ပျူတာကို စောစောစီးစီးသုံးခွင့်ရလို့ပဲ။ တကယ်လို့ သူသာ အဲဒီကျောင်းမှာ တက်ခွင့်မရခဲ့ရင် အခုလိုအခြေအနေရောက်ခဲ့မှာမဟုတ်ဘူးလို့ သူကိုယ်တိုင် ပြောဖူးပါတယ်။

လက်ရှိ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာ အမေရိက၊ ဥရောပလိုနေရာမပြောနဲ့ အနီးစပ်ဆုံး ထိုင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ကလေးတစ်ယောက်နဲ့တောင် ဖြစ်ထွန်းဖို့အခွင့်အလမ်း ကြီးကြီးမားမားကွာဟနေပါတယ်။

လူတစ်ယောက် တိုးတက်ပြောင်းလဲဖို့ဆိုရင် ကိုယ်ရည်ကိုယ်သွေး၊ ပြင်းပြတဲ့ဆန္ဒ၊ မှန်ကန်တဲ့နည်းလမ်း၊ တစိုက်မတ်မတ်အားထုတ်လုပ်ဆောင်မှု စတဲ့ပင်ကိုအရည်အချင်းတွေအပြင် ပတ်ဝန်းကျင်အထောက်အပံ့ကောင်း၊ ရေခံမြေခံ သိပ်အရေးပါတယ်။ မင်္ဂလာတရားတော်မှာလည်း “ပတိရူပဒေသဝါသော စ” ဆိုတာပါတယ်။ လူတစ်ယောက်ဟာ သင့်တင့်လျောက်ပတ်တဲ့အရပ်ဒေသမှာ နေထိုင်နိုင်လေ တိုးတက်ပြောင်းလဲဖို့အခွင့်အလမ်းပိုရှိလေပဲ။

#HeinZaw
#ပတိရူပဒေသဝါသောစ

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ