မြသွန်း(တောင်ဒဂုံ)
?ဒီဆောင်းပါးလေးကနေ မတူညီတဲ့အခန်းကဏ္ဍတွေက ဗဟုသုတရစရာအဖြစ် သိကိုသိထားသင့်တဲ့ အချက်တွေကိုsharingလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ရှည်ရှည်ဝေးဝေးစာဖွဲ့မနေတော့ဘဲ အခုပဲပြောပြလိုက်ပါမယ်။
နံပါတ်(၁) ဒူးနာသမားတွေအတွက် ထိထိရောက်ရောက် အမြန်ဆုံးပျောက်ကင်းသွားစေမယ့် ဂန္ဓာဝင်တိုင်းရင်းဆေးနည်း- ဒါက ဘာမှမခက်ပါဘူး။ ဘဲဥအကာကိုလိမ်းပေးလိုက်တာနဲ့ရပါပြီ။
နံပါတ်(၂) တစ်ချို့သူတွေက ခရီးသွားတဲ့အခါမှာ ကားမူးပြီးတော့ ပျို့အန်ခေါင်းမူးတာတွေဖြစ်တတ်ပါတယ်။ ဒါဆိုရင် ချက်ကိုပလာစတာနဲ့လုံအောင်ကပ်ထားလိုက်ပါ။ ကားမူးတာလုံးဝပျောက်သွားပါလိမ့်မယ်။ တော်တော်များများလည်း ဒီအချက်ကိုသိကြပါတယ်။
နံပါတ်(၃) အိမ်မှာသံပုရာသီးတွေဝယ်ထားပြီး ခြောက်ခြောက်သွားလို့စိတ်ညစ်နေတယ်ဆိုရင်တော့ ပုလင်းသန့်သန့်တစ်လုံးထဲမှာ လေလုံအောင်အုပ်ထားလိုက်ပါ။
နံပါတ်(၄) နွားနို့ကိုအချိန်အကြာကြီး မချဉ်အောင်ထားချင်တယ်ဆိုရင် ငရုတ်သီးစိမ်း(၃)တောင့်ကို အညှာခြွေပြီးနွားနို့ထဲကိုထည့်ထားလိုက်ပါ။ ဒါဆိုရင် တော်ရုံတန်ရုံနဲ့ နွားနို့ကမြန်မြန်မချဉ်တော့ပါဘူး။
နံပါတ်(၅) ကွမ်းစားတတ်ကြတဲ့သူတွေ အင်္ကျီမှာကွမ်းတံတွေးစွန်းသွားလို့ ပြန်ချွတ်မရဘဲစိတ်ညစ်နေတယ်ဆိုရင်တော့ ခရမ်းချဉ်သီးတစ်လုံးကို အစွန်းထင်းနေရာမှာ ပွတ်တိုက်ပြီးလျှော်ချလိုက်ပါ။
နံပါတ်(၆) မီးအပူလောင်သွားရင် ကွမ်းရွက်နဲ့သကြားကိုရောကြိတ်ပြီး အမြန်ဆုံးအုံထားလိုက်ပါ။ သိသာတဲ့ထိရောက်မှုတစ်ခုရှ်ိလာပါလိမ့်မယ်။
နံပါတ်(၇) ကန်စွန်းရွက်ကြော်ဆိုတာ မဲမဲကြီးဖြစ်နေရင် စားမကောင်းပါဘူး။ အစိမ်းရောင်အတိုင်းလေးပဲ နူးနူးအိအိကြော်ထားတာလေးကမှ စားချင်စဖွယ်ဖြစ်စေမှာပါ။ ဒီလိုစားချင်တယ်ဆိုရင်တော့ ကြော်တဲ့အခါကျရင် အဖုံးအုပ်ပြီးမကြော်ပါနဲ့။
နံပါတ်(၈) ယင်ကောင်တွေတလူလူဖြစ်နေလို့ စိတ်ညစ်နေရင် ဖယောင်းတိုင်(၂)တိုင်လောက် ထွန်းထားလိုက်ပါ။ ဒါဆိုရင် ဒီကောင်တွေအနားကပ်ရဲမှာမဟုတ်တော့ပါဘူး။
နံပါတ်(၉) ဟင်းအနံ့ကြီးက လက်မှာစွဲနေရင် နေရထိုင်ရရှူရတာအဆင်မပြေပါဘူး။ ဒါကြောင့် လက်ကို မာလကာရွက်နဲ့နာနာလေးပွတ်တိုက်ပေးလိုက်ပါ။
နံပါတ်(၁၀) ဆီးကျိုရောဂါကို အမြစ်ဖြတ်ပျောက်ကင်းချင်တယ်ဆိုရင် ဒီအချက်ကိုစွဲနေအောင်မှတ်သားထားပါ။ အသိတွေထဲမှာလည်း ဆီးကျိုသမားတွေရှိရင် ပြန်လည်မျှဝေစေချင်ပါတယ်။ အဲ့တာကတော့ နေ့တိုင်းထမင်းစားတိုင်း ဆလပ်ရွက်လေးကို တို့စရာအဖြစ်စားပေးပါ။ ဒါဆို အချိန်တစ်ခုရောက်ရင် သိသာတဲ့ရလဒ်အကျိုးကို ခံစားရစေမှာပါ။
နံပါတ်(၁၁) ဖုန်းတွေအကြာကြီးကြည့်မိလို့ပဲဖြစ်ဖြစ်၊ တစ်ခြားစိတ်ညစ်စရာရှိလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်နေတယ်ဆိုရင် လက်ဖက်ကျကျကျိုထားတဲ့အရည်ထဲကို သံပရာရည်ညှစ်ပြီးသောက်သုံးပေးပါ။
နံပါတ်(၁၂) အိမ်သာတို့၊ ငါးပိ,ငါးခြောက်ထားတဲ့နေရာတို့၊ လူမမာအခန်းတို့၊ မီးဖိုချောင်တို့မှာ အနံ့ဆိုးတွေကင်းချင်တယ်ဆိုရင် ဖရုံသီးတစ်လုံးကို အပ်နဲ့အပေါက်ေပါက်ဖောက်ပြီးတော့ နေရာမှာချိတ်ဆွဲထားလိုက်ပါ။ ဒါဆိုရင် အဲ့ဒီကျောက်ဖရုံသီးက အနံ့ဆိုးတွေနဲ့ ညှော်နံ့တွေကိုစုတ်ယူပေးပါလိမ့်မယ်။
နံပါတ်(၁၃) ကိုယ့်မျက်နှာလေးကို မှန်ရှေ့မှာကြည့်လိုက်တိုင်း အမြဲတမ်းကြည်ကြည်လင်လင် လှလှပပလေးပဲမြင်ချင်တယ်ဆိုရင် မျက်နှာမသစ်ခင် သံပုရာသီးတစ်လုံးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုပွတ်တိုက်ပေးပြီးတော့ ရေနွေးနွေးနဲ့ဆေးချပေးပါ။ ဒါဆိုရင် ကိုယ့်မျက်နှာလေးက အဖုအပိတ်တွေကင်းစင်ပြီးတော့ ကြည်လင်ဝင်းအိလာပါလိမ့်မယ်။ ဒီလောက်ဆို မိတ်ဆွေတို့လည်း အခုပြောပြလိုက်တာတွေကို ဗဟုသုတရဖွယ်ဖတ်ရှုခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်...?
Keep Reading