SarPhat Author
ငယ်ငယ်က ဒိုးဆက်လေးတွေ ထောင်ပြီး ကစားခဲ့ကြဖူးမှာပါ
ပထမ ဒိုးဆက်ကလေးကို လက်ကလေးနဲ့လှဲလိုက်တဲ့အခါ
ကျန်တဲ့ ဒိုးဆက်လေးတွေ အကုန်လုံး လဲသွားတာမျိုးဆို သိပ်သဘောကျခဲ့ကြတယ်မဟုတ်လား။
ဒီလိုပဲ ဘဝမှာ လုပ်ဖြစ်ခဲ့တဲ့ အလုပ်လေးတွေက ပထမဆုံးတစ်ခေါက်လုပ်ရင်းကနေ ဒုတိယတစ်ခေါက် တတိယတစ်ခေါက် နောက်ထပ် အကြိမ်ပေါင်းများစွာကို ဖြစ်လာစေတာပါပဲ။
တစ်ခါတစ်လေကျရင် တစ်ချို့အကြောင်းအရာလေးတွေကို ကိုယ်ကလုပ်ချင်ပေမယ့် မလုပ်ဖြစ်တာမျိုးတွေဟာ ပထမဆုံးခြေလှမ်းကို ကျွန်တော်တို့မလှမ်းခဲ့ကြလို့ဖြစ်ပါလိမ့်မယ်။
ဥပမာ ကိုယ်က Guitar တီးတတ်ချင်တယ် သို့ပေမယ့် Guitar သင်တန်း ဒါမှမဟုတ် online ကနေလေ့လာတာမျိုး မလုပ်ခဲ့လို့ Guitar မတီးတတ်ပဲဖြစ်နေတာမျိုးပေါ။
ဘယ်ကိစ္စကိုမဆို ကိုယ်ကတစ်ကယ်လုပ်ချင်နေတာမျိုးဆိုရင်လေ
တစ်ကယ်ဖြစ်ချင်နေတာမျိုးဆိုရင်လေ guitar တီးတတ်ချင်ရင် guitar သင်တန်းကို ရက်100 ပြည့်အောင်သွားကြည့်ပါ
ခန္ဓာကိုယ် fit ဖြစ်ချင်တယ်ဆို gym ကို ရက်100 ပြည့်အောင်သွားကြည့်ပါ
ဘာသာစကားတစ်ခုလေ့လာတယ်ဆို ရက် 100 ပြည့်အောင်လေ့လာကြည့်ပါ လေ့လာတဲ့အခါ ကိုယ့်မှာရှိတဲ့ Energy ကိုအပြည့်အဝအသုံးချတာမျိုးလုပ်ပါ
ရက်100 ပြည့်တဲ့နောက် အရင်ကကိုယ့်ပုံစံနဲ့ ရက်100 ပြည့်ပြီး ကိုယ့်ပုံစံတူနေသေးလား ဆန်းစစ်ပါ။
သိသိသာသာတိုးတက်လာတာကို မြင်ရမှာပါ
ဒီအတွက် ဝမ်းသာပီတိဖြစ်လာပြီး ကိုယ်လုပ်နေတဲ့အလုပ်ကို ဆက်လုပ်ချင်မှာပါ ပထမဆုံး ခြေလှမ်းတစ်ခုပဲလှမ်းဖို့လိုပါတယ် ကျန်တဲ့ခြေလှမ်းတွေက လျောက်ရင်းနဲ့ကျွမ်းကျင်သွားမှာပါ ဒါဟာ "Domino Effect" ပါပဲ
ရက်100ပြည့်လို့ပြောင်းလဲမှုမရှိတာမျိုးဆိုရင် သင်ဟာသင်လုပ်နေတဲ့အလုပ်မှာ ပါရမီမရှိတာမျိုးဖြစ်နိုင်တဲ့အတွက် လုပ်နေတဲ့အလုပ်ကို ရပ်ပစ်နိုင်ပါတယ် ။
"လုပ်နေလား မလုပ်နေဘူးလားဆိုတာပဲအရေးကြီးပါတယ်
Outcome ပေါ်မှာ အာရုံမထားပါနဲ့။"
#2024kyawzaya
#personaldevelopment
Keep Reading