Author's Profile Photo

Thar Htoo-Be Unique

11/06/2024

Plan-B နဲ့ပြင်ဆင်ထားကြည့်ပါ...

1 min read
Personal Development
Education
General Knowledge

ငွေတွေ၊ အချိန်တွေ၊ ခွန်အားတွေ
အများကြီးရင်းပြီး ရလဒ်ကောင်းတွေကို
ထွက်ချင်တာက လူတိုင်းပဲ...။
သို့ပေမဲ့ကိုယ်မလိုချင်တဲ့ရလဒ်တွေထွက်လာတဲ့အခါ၀မ်းနည်းပက်လက်နဲ့ ကြေကွဲကြရတယ်၊

ဒီနေရာမှာ ငါကကောင်းတာတွေပဲဖြစ်ရမယ်လို့
မျှော်လင့်ထားရင်ဖြစ်လာရင်ကောင်းတယ်၊
မဖြစ်လာရင်ပိုပြီး နာကျင်ရတယ်...။

ဒီတော့ မဖြစ်လာတဲ့အခါ ဘာဆက်လုပ်မလဲဆိုတဲ့
Plan-B တုံ့ပြန်မှုခံထားသင့်တယ်။ တနည်းအားဖြင့်
မျှော်လင့်ထားသလိုမဖြစ်လာတဲ့အခါ ဘာဆက်လုပ်မလဲပေါ့...။

ဥပမာ ၁၂ တန်းစာမေးပွဲရလဒ်ထွက်လာတယ်၊
အောင်တဲ့လူတွေပျော်ကြတယ်၊ ချီးကျူးကြတယ်၊
မအောင်တဲ့သူတွေက ကိုယ်လည်းကြေကွဲ၊ အိမ်ကလည်းကြေကွဲ ဒီကြားထဲ ကြိုးစားထားခဲ့တာတွေကို အသိအမှတ်မပြုပဲဘာကြောင့် ကျရှုံးရလဲ ဆိုတာကိုပဲ ပုံကြီးချဲ့ အပြစ်တင်နေတာတွေရှိနိုင်တယ်။
ဆိုတော့ ဂျောင်ပိတ်ပြီး ဘာမှမလုပ်ချင်တော့အောင်ဖြစ်သွားတယ်။

အထူးသဖြင့်လူငယ်တွေအနေနဲ့ အိမ်ကဖြစ်စေချင်သလိုမဖြစ်လာတဲ့အခါပြဿနာတွေပိုတက်ကြနိုင်တယ်...။ အိမ်က အကောင်းအဆိုးစလုံးကို လက်ခံပေးနိုင်ရင်တော့တစ်မျိုး။ မလက်ခံနိုင်တဲ့အခါ "နင်အသုံးမချဘူးလား" "ဒါလေးတောင် မကြိုးစားနိုင်ဘူးလား" "သဲထဲရေသွန်ဖြစ်သွားပြန်ပြီးလား"
ရှည်လျားတဲ့ အတွေးအမြင်တွေနဲ့
ပတ်လည်ရိုက်နေတတ်တယ်။

ဖြစ်နေတဲ့ပြဿနာတွေကို ပြေလည်ဖို့
အခြေအနေတွေကို ဘက်မလိုက်ဘဲကြည့်ဖို့ လိုလာတယ်။ အိုကေ "ငါတော့စာမေးပွဲကျသွားပြီး" "ငါမအောင်ဘူး" "အိမ်က ဆူတယ်" "ငါဘာဆက်လုပ်ရမလဲ"စတဲ့ဖြစ်နေခြင်းကို စတင်မြင်ပြီး အသိ၀င်မှုလိုလာတယ်။

ဒီ့ကနေမှတဆင့် လက်ခံမှုကိုသွားရမယ်...။
ဒီအဆင့်ကိုမကျော်ဖြတ်နိုင်ရင်တော့ အချိန်ကြာနေတတ်တယ်။ ကျော်ဖြတ်နိုင်ရင်တော့..
ဟုတ်တယ် ငါမအောင်ဘူး။ ငါစာမေးပွဲကျတယ်။
ငါနှစ်ခေါက်မယ်။ ထပ်ပြန်ဖြေရမယ်။
ငါကြိုးစားမှုအရှိန်မြင့်သင့်တယ်၊
ငါဘာတွေကို ပိုကောင်းအောင်လုပ်ရမလဲ...
အလုပ်မဖြစ်တဲ့အရာတွေ ဘာတွေကိုပြုပြင်သင့်လဲ
စသဖြင့် တာ၀န်ယူမှု တာ၀န်ခံမှု စတင်လုပ်ဆောင်ဖို့လိုလာတယ်။

သဘောပေါက်ပြီး လက်ခံနိုင်ဖို့အဆင့်တွေကို မကျော်ဖြတ်နိုင်သရွေ့ စိတ်ဓာတ်တွေကျနေမယ်၊
လမ်းပျောက်နေသလိုဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ် အလိုမကျ၊၀မ်းနည်းနေမယ်၊ စိတ်ပျက်နေမယ်၊ အားအင်ချိနဲ့နေမယ်၊အစာအစား စားချင်စိတ်တောင်ရှိချင်မှရှိမယ်..စသဖြင့်...။

ဒီလိုဆိုနေလို့ ၀မ်းနည်းမှုတွေ၊ ကြေကွဲမှုတွေကို
ဖိထားဖို့မဟုတ်ဘဲ၊ ခံစားပါ၊ ကြေကွဲပါ။
အချိန်တစ်ခု အနားယူပါ။ မိမိခံစားချက်တွေကိုနားထောင်ပါ၊အိမ်က ဆူပူမှုတွေကိုအတတ်နိုင်ဆုံး လက်ခံပါ။

ပြီးရင်ကျရှုံးမှုတွေဆီကနေငါ ဘာတွေသင်ခန်းစာရလိုက်လဲကြုံရလိုက်လဲ၊ အမြတ်ရလိုက်လဲ မတူတဲ့ရှု့ထောင်ကနေဖျစ်ညစ်တွေးကြည့်ပါ...။

လူမှန်ရင်ကျရှုံးဖူးရမယ်၊ အခက်အခဲနဲ့ကြုံရမယ်၊
ပြဿနာတွေကို ကြုံရမယ်၊ ဒါမှ ခံနိုင်ရည်တက်လာမယ်၊ဘ၀ရဲ့ နောက်တဆင့်ကိုတက်သွားနိုင်မယ်။

@followers
@highlight
Thar Htoo-Be Unique

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း