SarPhat Author
"Dopamine နှင့် လုပ်နိုင်စွမ်း"
အရင်က Dopamine အကြောင်းကို Developer နယ်ပယ်က
Thet Khineဆိုတဲ့ဆရာတစ်ယောက်ရေးတာဖတ်ဖူးတယ်
သိပ်ပြီးအလေးအနက်မထားခဲ့တာလဲပါမယ် pika sharing က ကိုပီကာ(ဆရာပီကာ)အတန်းက audio script တွေထဲက Dopamine အကြောင်းကို ပထမဦးဆုံးသေချာနားထောင်ကြည့်တော့ ဒီအရာက ကျွန်တော်တို့အတွက် အသုံးဝင်တယ်ဆိုတာကို သိလိုက်တယ်
ဒီနေ့တော့ ကိုယ်တိုင် Chat Gptနဲ့ Google မှာ neuroscience အကြောင်းရှာဖတ်ရင်း Dopamine အကြောင်းပိုသိလာတယ်
ဆိုတော့စလိုက်ရအောင်
(1) Dopamine ဆိုတာဘာလဲ
Dopamine ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ Chemical hormone တစ်မျိုးပါ "feel good"hormone လို့လဲခေါ်ပါတယ်
ပျှော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးပါ
(2) Dopamine ဘယ်လိုအလုပ်လုပ်သလဲ
ကျွန်တော်တို့ဦးနှောက်ထဲမှာ Brain Reward System ရှိပါတယ်
အောက်ကပုံလေးမှာကြည့်နိုင်ပါတယ် အာရုံကြောနှစ်ခုကြားမှာ အကွာအဝေးသေးသေးလေးရှိပါတယ်
တစ်ဖက်က pre- synaptic ဖြစ်ပြီး Dopamine တွေကို သုံးလေးငါးခုကို အိတ်ကလေးတစ်အိတ်စီနဲ့ သယ်ဆောင်လာပါတယ်
တစ်ဖက်က post-synaptic ဖြစ်ပြီး ခွက်ကလေးတွေနဲ့ Dopamine ကိုလက်ခံပါတယ် ပြီးလျှင် pre- synaptic ဘက်မှာပြန်သုံးလို့ရအောင် ပြန်ပြီးကန်ထုတ်ပေးပါတယ် ဒီလို Dopamine လေးတွေ ကြားထဲမှာကူးသန်းနေတဲ့အချိန်မှာ ပျှော်ရွှင်မှုကိုဖြစ်စေပါတယ်
(3)ဘယ်အချိန်တွေမှာ Dopamine ရနိုင်လဲ
စားချင်တာတွေစားလိုက်ရတဲ့အခါ
သောက်ချင်တာတွေသောက်လိုက်ရတဲ့အခါ
လုပ်ချင်တာတွေလုပ်လိုက်ရတဲ့အခါ
သီချင်းနားထောင်တဲ့အခါ
Social Media တွေသုံးတဲ့အခါ
မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ
ဆေးလိပ်သောက်ရတဲ့အခါ
ထီပေါက်တဲ့အခါ
ကောင်မလေးဆီက အဖြေရတဲ့အခါ
လိင်ဆက်ဆံတဲ့အခါ
စသဖြင့် ရနိုင်တဲ့ resources တွေကအများကြီးရှိပါတယ်
လုပ်ချင်တာလုပ်လိုက်ပြီး ထွက်လာတဲ့ Dopamine ဟာခဏတာပဲခံပါတယ် ဒီတော့ ကျွန်တော်တို့ဟာ ဒီအရာတွေကို ခဏခဏလုပ်ပြီးရင်းလုပ်ချင်လာပါတော့တယ် social media တွေဆိုတာလဲ ဒီအပေါ်ကိုမူတည်ပြီး ကျွန်တော်တို့ဘာကြိုက်သလဲဆိုတာမျိုးကို Data တွေသိမ်းပြီး Algorithm နဲ့ ကျွန်တော်တို့ social media ကိုသုံးဖြစ်ကြည့်ဖြစ်နေအောင်လုပ်ထားကြတာပါ ကျွန်တော်ဆိုရင် အချိုရည်စွဲတဲ့ ပြဿနာကို တော်တော်ရှင်းထုတ်လိုက်ရပါတယ် ကျွန်တော်ကြိုက်တဲ့ အချိုရည်ကို မသောက်ရတာမျိုးဆိုရင် နေရထိုင်ရခက်တဲ့ ပြဿနာမျိုးတွေဖြစ်တာမျိုးပေါ့ ဒါတွေက ဒီနောက်ပိုင်းမှသေချာစဉ်းစားမိတာမျိုးပါ အရင်ကဒီအကြောင်းအရာတွေလဲမသိခဲ့ဘူး
ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာအောက်မှာပြန်ပြောပေးမယ်
(4)ဦးနှောက်ကိုအသိပေးခြင်း
ကျွန်တော်တို့ရဲ့ဦးနှောက်ကို ကျွန်တော်တို့ကိုယ်တိုင်အသိပေးရပါမယ်
ဘယ်လိုမျိုးအသိပေးရမလဲဆိုရင်
ဥပမာ ကျွန်တော့်အနေနဲ့အချိုရည်ကို နေ့တိုင်းမသောက်ဖြစ်အောင် ဘယ်လိုဘယ်ပုံကြိုးစားပြီး ဦးနှောက်ကိုအသိပေးသလဲဆိုတော့ မင်းဒါတွေသောက်ရင် ဆီးချိုတွေဖြစ်လိမ့်မယ် မင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက် ဆီးချိုရောဂါဖြစ်တဲ့သူတွေအများကြီးပဲ ဆီးချိုရောဂါဖြစ်ရင် တစ်ခြားရောဂါပေါင်းစုံဝင်လာမှာနော် ဒီလိုမျိုး ကိုယ်မလုပ်ချင်တဲ့အရာမျိုးတွေဆို အကြောက်တရားအနည်းငယ်ထည့်ပြီး အသိပေးလိုက်တယ်
ဒီလိုတွေးလိုက်တဲ့အခါ ကျွန်တော့ရဲ့ဦးနှောက်မှာ လုပ်ချင်တဲ့အရာကိုမလုပ်ရတဲ့အတွက် Dopamine နည်းသွားပြီး မပျော်ရွှင်ရတာမျိုးတွေဖြစ်လာနိုင်တာ ဒါကိုဘယ်လိုပြန်ထိမ်းသိမ်းလဲဆိုတော့
ဟုတ်ပြီငါ ဒီအချိုရည်ကို မသောက်ရင် ငါဘာဖြစ်လာမလဲ
ငါရောဂါကင်းပြီး နေ့စဉ်ဘဝကို တက်တက်ကြွကြွနဲ့နောင်နှစ်ပေါင်းများစွာထိနေနိုင်လိမ့မယ်ဆိုတာမျိုးကို ဦးနှောက်ကို Reward ပေးတဲ့အနေနဲ့ ဒီလိုအသိပြန်ပေးလိုက်တယ် လုပ်ချင်တာလုပ်ရတာထက်တော့ Dopamine ထွက်တဲ့နှုန်းကနည်းနိုင်ပါတယ် သို့ပေမယ့်အများကြီးအဆင်ပြေပါတယ်
(5) Dopamine level နည်းနေရင် ဘာဖြစ်နိုင်လဲ
Depression ဝင်မယ်, unmotivated ဖြစ်မယ်,စိတ်တွေရှုပ်ထွေးမယ်
ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်
(6) Dopamine နဲ့ လုပ်နိုင်စွမ်းကိုဘယ်လိုမြှင့်နိုင်လဲ
ဒီမှာတော့ ကိုပီကာရဲ့စကားကိုနည်းနည်းယူသုံးပါမယ်
သူ့အနေနဲ့ Dopamine ရအောင်ဘယ်လိုလုပ်ယူလဲဆိုတော့
ဥပမာ သူမနက်စောစော လမ်းလျောက်တယ်ဆိုပါစို့ ဒီအချိန်မှာ တစ်ခြားသူ.ရဲ့သူငယ်ချင်းတွေက အိပ်ယာကနေမထသေးဘူးဆိုတာကိုသိတယ်
သူဟာ အကောင်ဖြစ်လာဖို့ ကြိုးစားနေတယ် ဒီချိန်မှာကျန်တဲ့ကောင်တွေက အိပ်နေတုန်းပဲ ငါဟာသူတို့ထက်သာတယ်ဆိုတာမျိုး သိခြင်းကနေ Dopamine ယူပါတယ်တဲ့
Dopamine ရဲ့သဘောအရ
ဒီအရာကိုလုပ်ရတာပျော်သွားတဲ့အခါ ထပ်ခါထပ်ခါလုပ်ချင်လာပါလိမ့်မယ်
10ရက်လောက်ဒီလိုတွေးပြီးလမ်းလျောက်တာနဲ့နေ့တိုင်းလမ်းလျောက်ဖြစ်သွားပါမယ်
တစ်ခြားကိုယ်လုပ်ချင်နေတဲ့အရာမျိုးတွေအလုပ်မဖြစ်သေးဘူးဆိုရင် ဒီနည်းလမ်းနဲ့စမ်းသပ်ကြည့်နိုင်ပါတယ်
ကျွန်တော်ကိုယ်တိုင်လဲ စမ်းသပ်ကြည့်တယ် ဒီနည်းလမ်းကတော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်
ဒါကိုဒီတိုင်းသက်သက်ပြောတာမဟုတ်ပဲ ဆရာသက်ခိုင်ရှင်းပြထားတဲ့
Facts တွေလဲရှိပါတယ်
ခုနှစ်တွေတော့မမှတ်မိတော့ဘူး
သိပ္ပံပညာရှင်တွေက ကြွက်တွေကို Lever နဲ့စမ်းသပ်ထားတာပါ
Leverလေးကို တက်နင်းတဲ့အခါ ကြွက်တွေရဲ့ဦးနှောက်ထဲကို Electrodes လေးတွေပို့လွှတ်ပြီး Dopamine ကိုထွက်စေပါတယ်
ဒီအခါ ကြွက်တွေဟာ Lever နင်းရတာပျော်တဲ့ခံစားချက်ရတဲ့အတွက်
Lever ကိုလာလာနင်းကြပါတယ်တဲ့
ဒါနဲ့သိပ္ပံပညာရှင်တွေက ကြွက်တွေလာရာလမ်းကို မီးအပူလေးနည်းနည်းပေးထားလိုက်တယ် ပူမှန်းသိပေမယ့်လဲ lever ကိုလာလာနင်းကြပါတယ်တဲ့
Dopamine ဆိုတဲ့အရာကိုရဖို့အတွက် နာကျင်ရတဲ့ painကိုတောင်သတိမမူမိကြတော့ပါဘူးတဲ့
"ခင်ဗျားတို့ကိုယ်တိုင်လဲ Dopamine ကိုအသုံးချပြီးလုပ်နိုင်စွမ်းတွေတိုးလာပါစေ"
#2024kyawzaya
#personaldevelopment
Keep Reading