မြသွန်း(တောင်ဒဂုံ)
?ဒီနေ့မှာတော့အရွယ်မတိုင်သေးဘဲနဲ့ ဆံပင်ဖြူနေကြတဲ့သူတွေအတွက် သိထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်အသက်(၄၀)ကျော် (၅၀)အရွယ်လောက်ရောက်မှပဲ ဇရာကိုညွှန်ပြတဲ့ဆံပင်ဖြူတွေပေါက်လာတတ်ကြတာပါ။ ဒါမယ့်တစ်ချို့သူတွေကြတော့ ဆယ်ကျော်သက်အရွယ်လေးနဲ့တင် ဆံပင်စတင်ဖြူနေတာတွေကိုတွေ့နေရပါတယ်။
?အဓိကအားဖြင့်ဒါမျိုးက မျိုးရိုးဗီဇနဲ့အများကြီးသက်ဆိုင်နေပါတယ်။ ကိုယ့်အဖေ၊အမေတို့မှာလည်း ကိုယ့်အရွယ်တုန်းက ဒါမျိုးဖြူခဲ့ဖူးတယ်ဆိုရင် သေချာတယ်... ဒါကမျိုးရိုးလိုက်လို့ပါပဲ။ အဲ့လိုမှမဟုတ်ဘဲ ကိုယ့်အလှည့်ရောက်မှ ပထမဦးဆုံးကြုံတွေ့ရတာဆိုရင် သေချာလေးဂရုစိုက်ဖို့လိုသွားပါပြီ။
?ဒါဆိုရင် ဘာလို့ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေရတာလဲ? အဖြေကတော့ ဗီတာမင်B12အားနည်းနေရင် ဆံပင်ဖြူစေတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများတဲ့သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အာဟာရဓာတ်မမျှတတဲ့သူတွေမှာလည်း စောစောစီးစီးဆံပင်ဖြူတတ်တဲ့အချက်ကို တွေ့ရှိရပါတယ်။
?ဒါ့ကြောင့်ဒီအကျင့်တွေကို ဂရုတစိုက်ပြင်ဆင်လိုက်မယ်ဆိုရင် ဆံပင်ဖြူခြင်းကို အထိုက်အလျောက်လျော့ချပေးနိုင်ပါတယ်။ နောက်ပြီးတစ်ချို့ကိစ္စတွေမှာ အချိန်မတိုင်ခင်ဆံပင်ဖြူခြင်းက ကျန်းမာရေးနဲ့လည်းဆက်နွှယ်နေပါတယ်။ ဥပမာ-ရောင်ခြယ်ဆဲလ်အားနည်းတဲ့ရောဂါ၊ သွေးအားနည်းတဲ့ရောဂါ၊ ခရုသင်းရောဂါနဲ့ ဆီးချိုရောဂါ စတာတွေပဲဖြစ်ပါတယ်။ ဒီရောဂါတွေခံစားနေရရင်လည်း စောစောစီးစီးဆံပင်ဖြူနိုင်သလို အဓိကဂရုစိုက်ရမှာကတော့ သွိုင်းရွိုက်ဟော်မုန်းအထွက်များတာကြောင့် ဖြူတတ်တယ်ဆိုတာပါပဲ။
? ဒီဟော်မုန်းတွေက လည်ပင်ကြီးရောဂါကိုဖြစ်ပွားစေနိုင်တဲ့ ရှေ့ပြေးနိမိတ်တွေဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါ့ကြောင့်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တအားဖြူနေပြီဆိုရင် ဒီအချက်ကိုလည်းသတိထားကြပါနော်။ ဒီအချက်တွေအပြင် တစ်ချို့နေ့စဉ်အလေ့အထတွေကလည်း ဆံပင်စောစောဖြူရခြင်းရဲ့အကြောင်းရင်းတွေဖြစ်နေနိုင်ပါတယ်။
?ဘယ်လိုမျိုးလဲဆိုတော့ ရေနွေးနဲ့ခေါင်းခဏခဏလျှော်တာမျိုးတွေ၊ dryer အမြဲသုံးတာတွေ၊ အရောင်ခဏခဏဆိုးတာတွေနဲ့ ဦးရေပြားမသန့်ရှင်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင်တစ်ချို့ဆိုရင် လူမျိုးနဲ့လည်းဆိုင်နေပြီးတော့ Caucasian လူမျိုးတွေက (၃၀)ကျော်(၃၅), အာရှသားတွေက (၃၅)ကျော်(၄၀)နဲ့ အာဖရိကသားတွေက (၄၀)ကျော်(၅၀)လောက်မှ ဆံပင်ဖြူကြတယ်ဆိုပြီး အသီးသီးလေ့လာတွေ့ရှိရပါတယ်။
? ဒါဆိုရင် ဆံပင်ပြန်နက်အောင် ဘယ်လိုလုပ်ကြမလဲ? တော်တော်များများကတော့ အလွယ်တကူအမဲရောင်ဆိုးဆေးကိုပဲ သုံးလိုက်တတ်ကြပါတယ်။ ဒါမယ့်သူကလည်း တစ်ခါဆိုးရုံနဲ့မပြီးဘဲ ဖြူလိုက်ပြန်ဆိုးလိုက်၊ တစ်ခါထပ်ဖြူလိုက်ပြန်ဆိုးလိုက်ဆိုတော့ ရေရှည်သုံးစွဲရင် ဦးရေပြားကျန်းမာေရးအတွက်လုံးဝမကောင်းပါဘူး။
?ဖြစ်နိုင်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး အရှေ့မှာပြောခဲ့သလို ဗီတာမင်B12အားနည်းတယ်ဆိုရင်လည်း B12အားဖြည့်ဆေးသောက်ပေးတာမျိုး၊ ဆံပင်ဖြူတာကိုအားပေးတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အသားတွေနဲ့ ဆားသုံးစွဲခြင်းတွေကို အတတ်နိုင်ဆုံးလျှော့ချပေးခြင်းကလည်း ဆံပင်ဖြူခြင်းကို အထိုက်အလျောက်လျော့နည်းစေပါတယ်ရှင်...?
Keep Reading