Author's Profile Photo

Sam Myu Ter

5/06/2024

I can be, I can do it.

3 mins read
Personal Development
Startup
18 Again
I can be, I can do it.'s photo

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပီး
မှတ်မှတ်ရရ ကိုယ် သုံးတန်းနှစ်လောက်တုန်းက ကျောင်းကို အဖွဲ့တစ်ဖွဲ့လာဖူးတယ်။ငယ်သေးတော့ ဘယ်အဖွဲ့လည်း သေချာမမှတ်မိတော့ပေမယ့် သူတို့မူကို သိပ်မကြိုက်ခဲ့ဘူး ကိုယ့်ခံစားချက်ပေါ့။ Projector မှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်စီးခဲ့တဲ့အကြောင်းတွေ အစုံရှင်းပြခဲ့တယ် ။
ကိုယ်တွေတောရွာအနေနဲ့သစ်တောပြုန်းတီးတာ ထင်းအလွန်အကျွံခုတ်လို့ဆိုပီး မီးမောင်းထိုးပြစရာရှိတော့ ကလေးတွေအနေနဲ့ထင်းတွေခုတ်တဲ့သူတွေ့ရင် မခုတ်ဖို့တားမြစ်ကြဖို့ သူကဒီလိုသင်တယ်။ အဲ့အချိန်မှာ ကိုယ်စဉ်းစားမိတာက ကျေးလက်တောရွာတွေအနေနဲ့ လျှပ်စစ်မီးလည်းမရ၊ solarစနစ်တောင်မပေါ်သေးတဲ့အချိန်လူအများစုသုံးတာ ဖွဲမီးဖိုရှိမယ်၊ ထင်းမီးဖိုရှိမယ်။ အိမ်ခြေထောင်ကျော်ရှိတဲ့ရွာမှာ ဆန်စက်က သုံးလုံးပဲရှိတော့ ဖွဲမီးဖိုကိုလူအနည်းစုပဲသုံးလို့ရတယ်။ အများစုကထင်းမီးဖိုဆိုတော့ ထင်းမခုတ်ရင် ဘယ်လိုချက်စားမလဲပေါ့ ကိုယ်တွေးခဲ့တာလေး ။
လူ့ခန္ဓာကိုယ်နဲ့ သစ်ပင်တစ်ပင်နဲ့ ဆက်စပ်နေပုံတွေ၊ သစ်ပင်ရဲ့အရေးပါပုံတွေ အစုံရှင်းပြပေးပြီး ၊ ကလေးတွေကိုစာမေးပွဲဖြေခိုင်းခဲ့ပီး ဆုတွေပါပေးသွားတာ။ သူတို့ပြောတဲ့ထဲ ပျက်စီးကြောင်းတွေ၊ထိန်းသိမ်းကာကွယ်ရမယ့်အကြောင်းတွေပြောသွားပြီး ဘယ်လိုပြန်တည်ဆောက်မလဲဆိုတဲ့အချက်ပြောမသွားလို့ ကိုယ်ဘဝင်မကျခဲ့တာ။ စာမေးပွဲမဖြေခင်လေး ကလေးတစ်ချို့ကိုassessment ဖြေခိုင်းခဲ့တယ်သေးတယ်။ ဖြေရတဲ့ပုံစံက အုပ်စုဖွဲ့ဖြေရတာဆိုတော့ ကိုယ်နဲ့ကျတဲ့အဖွဲ့က တကယ့်စာမရသူတွေ၊ အဲ့ဒီအချိန်မှာလူကစိတ်ကသိပ်မကြည်နေဘူး။
မေခွန်းက( ဥပမာ ပျံလို့ရတဲ့ သတ္တဝါသုံးမျိုးကို ဖော်ပြပါ)ဆိုရင် ကိုယ်က ငှက်၊ခြင်၊ယင် ၊ပိတုန်း အစရှိသဖြင့်ဖြေလို့ရမှန်းသိတယ်။ ဒါပေမယ့်မဖြေခဲ့ဘူး ငှက်ကိုတော့မကောင်းတတ်လို့ထည့်ပီး ရွှေမျင်းပျံပုသိမ်ဟာလဝါက မြင်းပျံပုံလေး မြင်ယောင်ပီး မြင်းပျံတို့ဂဠုန်တို့ ဒါမျိုးဖြေချတာ(ငါ့ရဲ့အတွေးက အဲ့အရွယ်ထဲက next level ?)။
တစ်ဖွဲ့ထဲကျတဲ့လူတွေကလည်း မစဉ်းစားဖူး ကိုယ်ရေးသလိုလိုက်ရေးကြတာဆိုတာ ကိုယ်ကစာတော်တဲ့အထဲပါတော့ ကိုရေးတာအမှန်ထင်နေပုံရတယ်။
အခုချိန်မှာပြန်စဉ်းစားမိတယ် "ဪဒေဝဒတ်မှာလည်း သူ့ပရိတ်သတ်နဲ့သူဟ "ဆိုပီး ဒါတွေက အမှတ်တရလေးတွေပေါ့...။

နောက်ထပ် ငါးတန်းနှစ်မှာ ထပ်လာတဲ့အဖွဲ့ကျတော့ ပြန်လည်တည်ဆောက်ရေးပါသွားပီ။ ၂၀၀၈ခုနှစ်မုန်တိုင်းတုန်းကပျက်စီးခဲ့တဲ့ ဒီရေတောတွေပြန်စိုက် ပညာပေး လေ့ကျင့်ရေးတွေဆင်း ကိုယ်တွေနယ်တစ်လျောက်မှာ ဒီရေတောတွေနဲ့ပတ်သက်ပီးလေ့လာရေးဆင်း ဆိုတော့ ခရီးသွားရတာ ကြိုက်တဲ့ကိုယ်က သိပ်သဘောကျ အားကျခဲ့တာ။
သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပီး ဘယ်မှာပိုစိတ်ဝင်စားသွားလဲဆိုရင် မအကြင်နာမွန် ရဲ့ တောင်သောရယ်သာ ဆိုတဲ့ စာအုပ်လေးဖတ်ပြီး ပိုစိတ်ဝင်စားသွားခဲ့တာ။ အဲ့ဒီစာအုပ်ထဲမှာ အင်းတော်ကြီးအိုင်အကြောင်းတွေ၊ ကိုယ်တွေနယ်ဘက် မိန်းမလှကျွန်း သဘာဝဘေးမဲ့ကျွန်း အကြောင်းတွေရေးထားတော့ စိတ်ဝင်စားခဲ့တာပေါ့။

မိန်းမလှကျွန်းဆို သဘာဝဘေးမဲ့ပေးထားတဲ့ မိချောင်းတွေ ထိန်းသိမ်းထားတယ်။ ခုဆို သဘာဝဂေဟစနစ်၊ အစာကွင်းဆက်စနစ်တွေပျက်စီးပြီး အစာရေစာရှားပါးလာမှုကြောင့် မိချောင်းတွေက လူနေအိမ်ဝန်းကျင်တွေပါ ရောက်လာပီး တစ်နိုင်တစ်ပိုင်မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ကျူးကျော်စားသောက်တဲ့အပြင်၊ တစ်ခါတစ်ရံ လူသားတွေပါ အန္တရာယ်ပေးတဲ့အခြေအနေထိဖြစ်လာနေတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် သဘာဝဂေဟစနစ်ကိုပျက်စီးစေတဲ့ ငါးအလွန်အကျွံဖမ်းခြင်း၊ လျှပ်စစ်လျှော့တိုက်ဖမ်းခြင်းတွေ စတဲ့ အကြောင်းအရာတွေကြောင့် တိရစ္ဆာန်နဲ့လူ သဟာဇာတမဖြစ်ပဲ အပြန်အလှန်ချိန်းခြောက်မှုတွေဖြစ်နေတာ။ဒါကြောင့်
ဒီလိုအကြောင်းအရာမျိုးတွေတွေ့ရင် သဘာဝနည်းလမ်းတကျ ဖမ်းကြဖို့၊ဂေဟစနစ်ကိုထိန်းသိမ်းဖို့ ပညာပေးတဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တာ။

အခုချိန်မှာ လမ်းပျောက်နေဆဲလူငယ်တစ်ဦး ဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ ကိုယ်တိုင်စဉ်းစားတယ်။

"ငါလိုချင်တာရဖို့ ဒီနေ့ ဘာလုပ်ရမလဲ၊ တစ်နေ့ထဲမှာအကြိမ်ကြိမ်ကိုယ်တိုင်ပြန်မေးမိပြီဆိုရင် ငါလိုချင်တာရဖို့
ခုချိန်ဘာလုပ်ရမလဲ ပြောင်းမေးဖြစ်တယ် " ။
"ကိုယ်တိုင်လုပ်နိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှ လုပ်နိုင်စွမ်းတွေရှိလာတာ၊ လုပ်သမျှက အရာထင်တာ"

လို့ ယုံကြည်ချက်ရှိလေတော့ စိတ်ညစ်တာကို ပိုညစ်‌ေစမယ့်အတွေးမျိုးတွေကို ဘေးဖယ်ထားလိုက်တယ်။
ရှုဒေါင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ positive mindset တွေတွေးပီး လေ့လာသင့်တာတွေလေ့လာလိုက်တယ်။

" ကျွန်ုပ်တို့ကြုံနေရတဲ့ အခက်အခဲတိုင်းကို အရင်တုန်းကလူတွေကလည်း အလားတူကြုံခဲ့ရပြီးပြီ၊ ဖြေရှင်းနိုင်ခဲ့ကြပြီးပြီမလို့ သူတို့ရဲ့ဖြေရှင်းနည်းတွေနည်းယူနိုင်အောင် စာများများဖတ်ပါ " တဲ့။
ကိုယ်ကတော့ ပြသနာတစ်စုံတစ်ရာရှိလာခဲ့ရင် ဗုဒ္ဓရဲ့ စကားတစ်ခွန်းကို အမြဲ အမှတ်ရလိုက်တယ်
"ဘယ်အရာမှမမြဲဘူးတဲ့ " ခဏပဲ ပြီးသွားမှာ။
ရှေ့ဆက်ပီး ကိုယ်တိုင်အားဖြစ်စေတဲ့စာစုလေးတစ်ခုက

"ဒုက္ခနဲ့ ကြုံလည်း ရပ်မသွားနဲ့
သုခနဲ့ကြုံလည်း ရပ်မသွားနဲ့
ဥပေက္ခာနဲ့ကြုံလည်း ရပ်မသွားနဲ့ " တဲ့။ သိပ်ကို အားဖြစ်စေတာ။

ဘာတွေလုပ်ရမလဲ၊ဘာတွေလုပ်သင့်လဲ တွေးရင်း လေ့လာရင်း ဂျပန်လူမျိုးတို့ရဲ့ "IKIGAI" ဆို တဲ့ စာအုပ်လေးအကြောင်း သိလာခဲ့ရတယ်။
စာအုပ်ရဲ့ အနှစ်ချုပ်က ဘာပြောသလဲဆိုရင်
(1) Doing things you are good at
ကိုယ်တော်တဲ့အရာတွေကိုလုပ်ပါ

(2)Do what you love
ကိုယ်ချစ်တဲ့အရာတွေကိုလုပ်ပါ

(3)What the world needs
ကမ္ဘာကြီးက လိုအပ်တဲ့အရာတွေ

(4)What you can be paid for
မင်းဝင်ငွေရနိုင်မယ့် အရာတွေ
အဲ့ဒီလေးချက်ကို ပေါင်းပီး အချိတ်အဆက်လုပ်လိုက်တဲ့အခါမှာ

(1) Passion,(2) Profession, (3) Vocation, (4) Mission

ဆိုတဲ့အချက်တွေရလာတယ်။ အဲ့ဒီအချက်တွေ ပြည့်စုံနေမှ
" IKIGAI" ဆိုတဲ့ ပျော်ရွှင်သောလူ့ဘဝရဲ့ ရည်ရွယ်ချက်တွေ ရလာလိမ့်မယ်တဲ့။ ဆက်ပြောသေးတယ်

(1) Don't worry
မစိုးရိမ်နဲ့
ကျွန်ပ်တို့ဟာ တကယ်လက်တွေ့ကြုံရမယ့်အရာထက် စိတ်ကူးထဲ ကြုံရမယ့်အရာတွေကို ကြိုတွေးပီး စိုးရိမ်နေကြတယ်။

(2) Cultivate good habits
အလေ့အကျင့်ကောင်းတွေ မွေးပါ

(3) Nature your friendship every single day
နေ့စဉ်နေ့တိုင်း မိတ်ဆွေကောင်းဖွဲ့ပါ

(4)Live an unhurried life
ကြောင့်ကြမှုမရှိပဲ အသက်ရှင်နေထိုင်ပါ

(5)Be optimistic
အကောင်းမြင်စိတ်ထားပါ
(အသေးစိတ်ကို ရှာဖတ်လို့ရပါတယ် )ပြန်လည်မျှဝေခြင်းသာ

ကိုယ့်ကိုယ်ကိုအတွက် ကိုယ်တိုင် motivte လုပ်မှရမယ့် လူအတွက်
" I can be , I can do it." ပဲ ရှေ့ဆက်ပီး လုပ်ချင်တာတွေလုပ်ကိုင်နိုင်အောင် ကိုယ်တိုင်အားဖြစ်စေအောင် ရေးသားလိုက်ပါတယ်။လမ်းခြင်းတူရင် လူခြင်းတွေ့မှာမို့ ကိုယ်ရေးတဲ့စာကိုယ်တိုင်ဖတ်ဖို့ရေးသားရင်း ၊ ဖြစ်ချင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသောလူတစ်ယာက်ဖြစ်အောင် ကြိုးစားရင်း ဇွန်လ5ရက်နေ့မှာ ကျရောက်သော
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ရေးသားလိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံးကြိုးစားကြပါစို့.. ။

#ဆမ်မြူတာ(5.6.2024)

Photo from Pinterest.


Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း