Author's Profile Photo

Zinmon

2/06/2024

အချစ်နဲ့ပတ်သက်ရင် စိတ်ရင်းအမှန်ပဲချပြပေးပါ………

1 min read
Personal Development
History
18 Again
အချစ်နဲ့ပတ်သက်ရင် စိတ်ရင်းအမှန်ပဲချပြပေးပါ………'s photo

အသက်အရွယ်တစ်ခုရောက်လာရင် တစ်ဖက်သူဘက်လမ်းခွဲစကားပြောတာ ပိုပြီးနားလည်လာတယ်။
ကိုယ့်ကိုမချစ်မနှစ်သက်ကြောင်းပြောတာလည်းနားလည်လာတယ်။

ငယ်ရွယ်တုန်းကဒီစကား၂ခွန်းနဲ့တိုင်တွေပတ်၊စောက်အသည်းတွေကွဲ၊အချိန်တွေအများကြီးယူခဲ့ရတာ မတန်လိုက်တာလို့အခုအသက်အရွယ်မှသိခဲ့တယ်။ဘာလို့ဆိုလမ်းခွဲစကားပြောတဲ့သူကိုယ်ကျေးဇူးတင်ရမှာ၊သူ့မှာကိုယ့်အတွက်ပေးစရာချစ်ခြင်းမေတ္တာမရှိလို့လမ်းခွဲခဲ့တာ၊အနည်းဆုံးတော့သူ့ရဲ့စိတ်ရင်းအမှန်သိရတယ်လေ…..

တစ်ချို့တွေကျမချစ်တော့ဘူး၊မေတ္တာလည်းမပေးနိုင်တော့ဘူး။ဒါမဲ့ဒီလူကိုယ်အားနားနေလား၊သနားလို့လားမသိဘူး၊လမ်းမခွဲဘူး၊အချိန်တွေကြာလာတော့ချစ်မယ်အထင်နဲ့အနားမှာထားထား၊မချစ်မှန်းလည်းသိရော့အနားကနေခွါဖို့မပြောသောအခါပိုချစ်တဲ့သူကခံစားရတယ်။

အဲခံစားမှုကြောင့်ပူလောင်မှုကတော့၂ဦးစလုံးခံရတာပါပဲ။အဲလိုမျိုးဘာလုပ်မှာလဲ၊အစကတည်းကမချစ်မှန်းသေချာရင်ပြတ်သားစွာပြောပြီးသူ့အနားကနေထွက်သွားလိုက်….

ကျွန်မအမြင်နဲ့ပြောရမယ်ဆို အချိန်တွေမဖြုန်းနဲ့၊ဒီလူကိုယ်ချစ်ရင်မေတ္တာအပြည့်အဝပေးပြီးဘဝထဲခေါ်ထားလိုက်၊မချစ်ရင်လည်းမချစ်ကြောင်းပွင့်ပွင့်လင်းလင်းဝန်ခံ၊ဒါကနှစ်ဦးနှစ်ဖက်မနာကျင်ရတဲ့အလုပ်ပဲ…

မချစ်ဘူးလို့အငြင်းခံရလည်း ဘာမှအထွဋ်တက်စရာမလိုသလို၊ငါ့ကိုယ်ဘာလို့မချစ်တာလည်း
မေးခွန်းထုတ်စရာမလိုဘူး။အချစ်ကြောင်းနဲ့ဖြုန်းဖို့
အချိန်မရှိဘူး။ဘဝမှာရှေ့ဆက်လုပ်စရာအလုပ်တွေအများကြီး….


#ချစ်ခြင်းဖြင့်
#Zinmon

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်