Author's Profile Photo

Hnin

30/05/2024

အသက်ကြီးတဲ့သူတွေနှင့်အတူနေ ကြည့်ပါ

1 min read
Personal Development
General Knowledge
အသက်ကြီးတဲ့သူတွေနှင့်အတူနေ
ကြည့်ပါ's photo
အသက်အရွယ်ကြီးတဲ့သူတွေနှင့် အချိန်ကာလတစ်ခုအထိနေကြည့်တဲ့အခါ ငယ်ရွယ်စဥ်မှာ အချိန်ဖြုန်းနေတာတွေ မဖြစ်တော့ဘဲ အချိန်ဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိသွားပါလိမ့်မယ်။


ငယ်ရွယ်တဲ့သူတွေကလေ အသက်အရွယ်ကြီးတဲ့သူတွေနှင့်အတူမနေချင်ကြဘူး။လူကြီးတွေကပွစိပွစိပြောလို့ဆိုပြီး တက္ကသိုလ်ရောက်သွားတဲ့ကလေးတွေဆို ကျောင်းပိတ်ရက်တောင်အိမ်မပြန်ကြဘူး၊ နားညီးလို့ဆိုပြီး အဆောင်မှာနေကြတယ်။အသက်အရွယ်ကြီးတဲ့သူတွေက ပွစိပွစိပြောတတ်တဲ့အကျင့်လေးရှိတာမှန်ပေမဲ့ သူတို့နှင့်သေချာအချိန်ပေးပြီးနေလိုက်ရင် ကိုယ့်ဘဝအတွက်သင်ခန်းစာတွေအများကြီးရပါတယ်။
အသက်ကြီးတဲ့သူတွေနှင့်သေချာအချိန်ပေးပြီးနေကြည့်တဲ့အခါမှာ သူတို့တွေက အရင်ကအကြောင်းတွေဘဲအမြဲပြောပြတတ်တယ်။
ဥပမာ..ငါငယ်ငယ်ကလေ ဘာအလှူအတန်းလုပ်တယ်။ဘယ်မှာလှူတယ်၊...ဘာညာဆိုပြီးပြောတဲ့အခါမှာ သေချာလေးနားထောင်ကြည့်၊ သူကဒီအလှူတစ်ခုဘဲ အမြဲပြောနေတတ်ရင်.
သဒ္ဒါတရားနည်းတဲ့သူဘဲ..ကိုယ်အသက်ကြီးလာခဲ့ရင် အလှူအတန်းကို အများကြီးပြောနိုင်အောင် အလှူအတန်းများများလုပ်ပေးရမယ်ဆိုတဲ့ အတွေးလေးတစ်ခုဝင်သွားတယ်။(ကြွားဝါချင်တာမဟုတ်ဖူးနော သေ သွားရင် ကိုယ့်နောက်ပါမှာက ကိုယ့်ရဲ့သဒ္ဒါတရားဘဲ)။

ဒုတိယ ဥပမာတစ်ခုပြောပြမယ်။ တစ်ချို့ဗုဒ္ဓဘာသာလူကြီးတွေကလေ အသက်ကြီးလာပေမဲ့ မေတ္တာသုတ်တောင်အလွတ်မရတဲ့သူတွေရှိတယ်။ ဘာသာရေးအကြောင်းပြောရင်'ငါတို့က တရားစခန်းဝင်ပြီး တရားအားထုတ်တော့မှာ'ဆိုပြီး အမြဲပြောတတ်ကြတယ်။ ဒါပေမဲ့ သား၊သမီး သံယောဇဥ်နှင့် အသက်တွေသာကြီးလာတာ တရားအသိမသိသေးတဲ့သူတွေ အများကြီးဘဲ။
ကျိုက်ထီးဆောင်းဆရာတော်ဘုရားပြောဖူးတယ်
''အသက်အရွယ်ကြီးလာပြီဆိုပြီး ဘွဲ့ပေးဖို့ကြည့်လိုက်တာ ဘယ်သူ့မှသူငယ်တန်းမအောင်ဘူး''။
ဆရာတော်ပြောတာက အသက်အရွယ်ကြီးလာပေမဲ့ တရားမသိ၊တရားမသိတော့ အချိန်တွေက ပို၊အချိန်တွေပိုတော့ ဟိုသားသမီးတွေး၊ဒီသားသမီးတွေးနှင့် အချိန်တွေကုန်လာလိုက်တာ သူ့အတွက်ဆိုတာတောင် မေ့နေတတ်တယ်။ အဲဒိအချိန်မှာ သိလိုက်ရတာ အသိတစ်ခုက'ဘာသာရေးဆိုတာ အသက်အရွယ်ကြီးလာမှ ထလုပ်လိုက်လို့မရဘူး၊ငယ်ရွယ်တဲ့ အချိန်လေးမှာ တစ်ဖြည်းဖြည်းလုပ်လာမှ ၊ကိုယ်အသက်အရွယ်ကြီးတဲ့အချိန်ထိများနေခဲ့ရရင် အချိန်တွေပိုမနေတော့ဘဲ ဘဝကူးကောင်းမယ်ဆိုတဲ့ အတွေးလေးဝင်လာတယ်'။

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ အချိန်ပေါ့။
အောင်မြင်တဲ့သူတော်တော်များများ၊စာရေးဆရာတွေအမြဲပြောကြပါတယ်။
'အချိန်ရှိတုန်းကြိုးစားကြနော၊အရွယ်ရှိတုန်းကြိုးစားကြ''။ အရင်ကဆိုလေ သူတို့ပြောတာကိုအဲလောက်အရေးပါမှန်းမသိခဲ့ဘူး။ အသက်အရွယ်ကြီးတဲ့သူနှင့်နေကြည့်လိုက်တဲ့အခါမှ..' အသက်ငယ်ရွယ်တဲ့အချိန်မှာ လုပ်ခဲ့တဲ့အရာအားလုံးဟာ အသက်ကြီးတဲ့အချိန်ကျရင် အရမ်းတန်ဖိုးရှိပါလားဆိုတာ ပိုသိသွားတယ်။'

အသက်ကြီးလာရင် အောင်မြင်ကျော်ကြားရမယ်လို့မဆိုလိုဘူးနော။ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းလေးပြည့်ဝဖို့ဘဲလိုတယ်။ ကိုယ်က လူကြီးတစ်ယောက်လုပ်နေတာကို သဘောမကျတဲ့အချက်တွေရှိရင် အပြစ်ရှာပြီးအပြစ်ထိုင်ပြောမနေပါနှင့်။ကိုယ်တစ်ချိန်လူကြီးဖြစ်လာခဲ့ရင် ကိုယ်မကြိုက်တဲ့အချက်တွေကို ကိုယ်ကိုယ်တိုင်ဘဲ ပြင်လိုက်ပါ။


ကျွန်မရဲ့စာသားက လက်တွေ့ဖြစ်ရပ်လေးတွေနှင့်ပေါင်းပြီးရေးသားထားတာဖြစ်လို့ အမြင်မတူတာလေးတွေရှိနိုင်ပါတယ်ရှင့်။ကျွန်မရဲ့ ရည်ရွယ်ချက်လေးတစ်ခုကတော့ ကျွန်မသိရှိနားလည်သွားသလို စာဖတ်သူလေးတွေကိုလည်း နားလည်စေချင်တဲ့သဘောပါရှင့်။ စိတ်ရှည်ပြီး အချိန်ပေးဖတ်ပေးကြတဲ့အတွက် ကျေးဇူးပါရှင့်။

Hnin(30.5.2024)9:40PM

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်