Author's Profile Photo

Kavi

29/05/2024

ဘာသာစကား အသစ်တစ်ခုကို လေ့လာရာမှာ...

2 mins read
Personal Development
Education
18 Again

လူတွေဟာ ဘာသာစကားတစ်မျိုးမျိုးကို ဖြစ်စေ ကိုယ်ဟန်အမူအရာတွေကို ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရာမှာ အသုံးပြုကြပါတယ်။

ကမ္ဘာပေါ်မှာ ပြောဆိုဆက်ဆံဖို့ အသုံးပြုတဲ့ ဘာသာစကားပေါင်း များစွာရှိပါတယ်။ ကိုယ့်ရဲ့ ဘာသာစကားကို ပြောဆိုအသုံးမပြုတဲ့ လူတစ်ယောက်နဲ့တွေ့ရင် အဆင်ပြေလွယ်ကူချောမွေ့စွာ ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် နိုင်ငံခြားဘာသာစကား အသစ်တွေကို လေ့လာသင်ယူကြရပါတယ်။

မွေးလာကတည်းက မိခင်ဘာသာစကား တစ်ခုကိုပဲ ပြောဆိုအသုံးပြု လာခဲ့ကြတဲ့လူတွေဟာ ဘာသာစကားအသစ် တစ်ခုကို စတင်လေ့လာရာမှာ အနည်းနဲ့အများ အခက်အခဲ တစ်ခုမဟုတ်တစ်ခုကို ကြုံတွေ့ရလေ့ ရှိကြပါတယ်။ အဲ့တာကြောင့်လဲ 'vocab တွေ ကျက်ရတာ များလိုက်တာ'၊ 'grammar တွေလေ့လာရမှာ များလိုက်တာ'ဆိုတဲ့ ညည်းငြူသံတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ (ဘာလို့လဲ ဆိုတာကိုတော့ ရှေ့က "တွေးခေါ်မှု၊ လက်ခံယုံကြည်မှုအား ပြောင်းလဲခြင်း" ဆိုတော့တဲ့ ဆောင်းပါးကို ဖတ်လိုက်ရင် သိနိုင်ပါတယ်နော်။)

ဘာသာစကား အသစ်တစ်ခုကို လေ့လာတဲ့ အခါမှာ ကြုံတွေ့ ရတဲ့ အခက်အခဲ နည်းပါးပြီး အဆင်ပြေလွယ်ကူ ချောမွေ့စွာ ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ နားထောင်နိုင်ဖို့အတွက် အထောက်အကူပေးမဲ့ အချက်လေးတွေးကို ဒီဆောင်းပါးမှာ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

1. အလွယ်ကူဆုံးလေးတွေကနေ စတင်ပါ

ကိုယ်က အခုမှ အဲ့ဘာသာကို စသင်ခါစပဲရှိသေးတာကို vocab မြင့်တာတွေ၊ ခက်တဲ့ grammar တွေသွားလေ့လာလိုက်ရင် အဲ့ဘာသာစကားကို စိတ်ကုန်သွားမှာပါ။ အဲ့တော့ နေ့စဥ်သုံး phrase လေးတွေ၊ အသုံးအများဆုံး vocab အလုံး ၅၀၀ စတဲ့ လေ့လာရလွယ်တာလေးတွေကို အရင်ဆုံး လေ့လာသင့်ပါတယ်။

2. အဲ့ဒီဘာသာစကားနဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပါ

ကိုယ်လေ့လာနေတဲ့ ဘာသာစကားတစ်ခုကို ဖတ်ရပါများလာရင်၊ ကြားရပါများလာရင်၊ ရေးရပါများလာရင်၊ ပြောရပါများလာရင် အဲ့ဘာသာစကားနဲ့ ရင်းနှီးကျွမ်းဝင်လာမှာပါ။ အဲ့တော့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပဲ သီချင်းနားထောင်ပါ။ ရှပ်ရှင်ကြည့်ပါ။ စာအုပ်ဖတ်ပါ။ မသိတဲ့ စာလုံးတွေပါလာရင်ရော? သူ့ဘာသာစကားနဲ့သူ ပြန်ရှင်းပြထားတဲ့ အဘိဓါန်သုံးပါ။

3. ဘာသာစကားကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပါ

ဘာသာစကား အသစ်တစ်ခုကို လေ့လာတဲ့နေရာမှာ စိတ်ဝင်စားမှုက အရေးကြီးဆုံးပါပဲ။ တကယ်လို့ ကိုယ်က သင်ရိုးစာအုပ်ထဲက စာတွေလုပ်ရမှာ ပျင်းတယ်ဆိုရင် ကိုယ်ကြိုက်တဲ့ ရုပ်ရှင် ဒါမှမဟုတ် စာအုပ်ကို အဲ့ဘာသာစကားနဲ့ ကြည့်တာပဲဖြစ်ဖြစ် ဖတ်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

4. grammar rule တွေကို စိတ်ထဲသိပ်မထားပါနဲ့

ဒီနေရာမှာ ပြောချင်တဲ့ grammar rule ဆိုတာက tense တွေကိုပြောချင်တာပါ။ ကလေးတစ်ယောက် စကားပြောဆိုပုံကို တေ့းကြည့်လိုက်ပါ။ သူက ဘာgrammar rule မှ သိတာမဟုတ်ဘဲ။ ဒီအတိုင်း ပြောလိုက်တာလေ။ ကိုယ်ပြောရင်လဲ 'ဒါဘာ tense နဲ့ပြောရမလဲ' ဆိုပြီး ထွေထွေထူးထူး စဥ်းစားမနေပါနဲ့။ ( IELTS, TOEFL, Duolingo တို့လို proficiency test တွေဖြေရင်တော့ မမှားစေနဲ့နော်)

5. accent (လေယူလေသိမ်း)ကို စိတ်ထဲသိပ်မထားပါနဲ့

လူတွေ ပြောဆိုဆက်ဆံတယ်ဆိုတာ သတင်းအချက်အလက်တွေ ဖလှယ်ရန်အတွက်ပါ။ ကိုယ့်ရဲ့ accent က ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တစ်ဖက်လူနားလည်အောင် ပြောနိုင်ရင် အဆင်ပြေပါတယ်။

6. ထိရောက်တဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုပါ

ကိုယ်က စာဖတ်ေနေတယ်လို့ မသိတဲ့ စကားလုံးပါလာရင် dictionary ရှာမယ်။ မှတ်ထားလိုက်မယ်။ ဒီလောက်နဲ့ မရသေးပါဘူး။ ရေရှည်မှတ်မိနိုင်အောင် ကြိုးစားရပါမယ်။ အဲ့တာကြောင့် ရက်အနည်းကြာတိုင်း ကိုယ်မှတ်သားခဲ့တဲ့ စကားလုံးတွေကို ပြန်လည်မှတ်သားသင့်ပါတယ်။

7. စည်းစနစ်ကျတဲ့ သင်ယူမှုပုံစံ ရှိပါစေ

ဒီခေတ်ကြီးထဲမှာ အချိန်ကို ကောင်းကောင်း အသုံးချဖို့က အဓိက ဖြစ်ပါတယ်။ နေ့စဥ် အလုပ်ကိစ္စတွေကို လုပ်နေရတဲ့ အချိန်မှာ ဘာသာစကား အသစ်တစ်ခုကို လေ့လာဖို့အတွက် အချိန်ကို မနည်းရအောင် ဖယ်ထားရပါတယ်။ ဒီနေ့ လေ့လာလိုက်၊ နောက်နေ့တွေကျ လေ့လာဖို့ မေ့သွားလိုက် ဖြစ်တတ်ပါတယ်။ (သင်တန်းတက်သူတွေကတော့ ပုံမှန်လေ့လာဖြစ်ပါတယ်) အဲ့တော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာရက်တွေမှာ တစ်နေ့ကို ဘယ်နှမိနစ် လေ့လာမယ်ဆိုပြီး သေသေချာချာ အစီအစဥ်ဆွဲထားရပါမယ်။

8. စိတ်ရှည်ပါ

ဘာသာစကား အသစ်တစ်ခုကို လေ့လာတယ်ဆိုတာ ခုသင်၊ ခုတတ် ဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ စိတ်ရှည်ရပါတယ်။ ၂ပတ် အတွင်းမှာ ဘာသာစကားအသစ်ကို အပြီး မသင်ယူနိုင်ပေမဲ့ အဲ့ အချိန်အတွင်းမှာ တိုးတက်မှုတွေကို သတိထားမိမှာပါ။

ကိုယ့်ရဲ့ မိခင်ဘာသာဖြစ်တဲ့ မြန်မာဘာသာစကားကိုတောင်မှပဲ လေ့လာမယ်ဆို မဆုံးနိုင်ပါဘူး။ ဘာသာစကားကို လေ့လာတယ်ဆိုတာ အဆုံးမရှိတဲ့ ခရီးလမ်း ဖြစ်တာကြောင့် စိတ်ရှည်ပါ။ ကိုယ်အခုချိန်ထိ လေ့လာထားသမျှကို တန်ဖိုးထားပါ။ အသိအမှတ်ပြုပါ။

Kavi(ကဝိ)

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)