SarPhat Author
ဒီနေ့မှာတော့ တိုးတက်ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့ ဘာတွေလေ့လာသင်ယူထားသင့်လဲ ဆိုတာကို ပြောပြပေးပါ့မယ်ရှင့်
~ ပထမဆုံးအနေနဲ့ကတော့ digital skills ပါ ~
ကျွန်မတို့ အားလုံးရဲ့ လက်ထဲမှာ ကိုယ်ပိုင် ဖုန်းတစ်လုံးစီတော့ ရှိကြတယ်ဟုတ်။ ဒါကြောင့် ကိုယ်သုံးနေတဲ့ ဒီdeviceလေးတစ်ခုကို ဘယ်လို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရမလဲဆိုတာကိုတော့ သိထားသင့်ပါတယ်။ ပြီးရင်တော့ ကွန်ပျူတာ အခြေခံ မဖြစ်မနေ တက်ထားဖို့လည်း လိုပါတယ်နော်။ Typing ကျင့်တာကနေ စကျင့်ပါနော်။ စာလုံးတစ်လုံးချင်းစီကို လက်ချောင်းတစ်ချောင်းချင်းစီနဲ့ ရိုက်နေမှာထက် လက်ကွက်လေးနဲ့ စနစ်တကျ ရိုက်တတ်တာက အချိန်ကုန်သက်သာစေပြီး ပိုပြီးတော့လည်း စနစ်ကျလို့ပါ။ ပြီးရင်တော့ computer basic အတွက်မဖြစ်မနေ လိုအပ်တဲ့ Word, Excel, PowerPoint တို့ကိုလည်း လေ့လာထားပါနော်။Office 365 တစ်ခုလုံးကို လေ့လာထားနိုင်ရင်တော့ ပိုကောင်းပါတယ်ရှင့်။ Email ကောင်းကောင်းသုံးတတ်အောင်လည်း လေ့လာဖို့ မမေ့ပါနဲ့နော်။
~ ဒုတိယတစ်ခု အနေနဲ့ကတော့ Time Management Skill ပါ ~
ကျွန်မတို့အားလုံး တစ်ယောက်စီမှာ ကိုယ်ပိုင် 24 hours စီကတော့ ရှိကြပြီးသားနော်။ အဲ့ထဲကမှ အိပ်ချိန် 6 hours လောက်ကိုဖယ်ပြီး (တစ်ယောက်နဲ့တစ်ယောက် အိပ်ချိန်မတူတာမို့ ပျမ်းမျှအနေနဲ့ 6 hours လို့ပဲယူလိုက်ပါ့မယ်ရှင့်) ကျန်တဲ့အချိန်လေးတွေမှာ အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲပြီး သုံးဖြစ်ကြရဲ့လားရှင့်။ ကျွန်မတို့ ဘာမှမလုပ်ဘဲ ထိုင်နေရင်လည်း ဒီအချိန်တွေက သူ့အလိုလို ကုန်သွားမှာပါ။ တစ်ခုခု အကျိုးရှိတာလေးတွေလုပ်နေရင်တော့ အချိန်ကုန်ရကျိုးနပ်တာပေါ့ရှင်။ ကိုယ့်အသက်အရွယ်အလိုက် ကိုယ့်ကိုယ်ပိုင်အချိန်လေးတွေကို ကောင်းကောင်းအသုံးချတတ်ဖို့လိုမယ်နော်။ Time Management အတွက် 4Ds လေးကို ရှင်းပြပေးချင်ပါတယ်ရှင့်။
-ပထမတစ်ခုကတော့ "Do" ဖြစ်ပါတယ်
ကျွန်မတို့ နေ့တစ်နေ့အတွက် လုပ်စရာတွေကို to-do list ဆွဲတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ အရေးကြီးပြီး အလျင်လိုတဲ့ အလုပ်တွေကို ပထမဦးဆုံးပေးထည့်သင့်ပါတယ်။
- ဒုတိယတစ်ခုကတော့ "Defer (Delay)" ဖြစ်ပါတယ်
နောက်တစ်ခုကတော့ အရေးကြီးပေမယ့် အလျင်မလိုတဲ့ အလုပ်တွေပါ။ အဲ့လိုအလုပ်တွေကိုတော့ နောက်တစ်နေ့ကို ရွေ့တာ၊ ဒါမှမဟုတ် အဲ့အလုပ်အတွက် အဆင်ပြေနိုင်မဲ့ အချိန်တစ်ခုခုကို ရွေ့တာမျိုး လုပ်သင့်ပါတယ်။
-တတိယတစ်ခုကတော့ "Delegate" ဖြစ်ပါတယ်
ဒါကတော့ တခြားသူတွေကို ခွဲဝေပေးလို့ရတဲ့ အလုပ်မျိုးပါ။ ဥပမာ - ကိုယ်က အိမ်မှာ တစ်ယောက်တည်း အိမ်အလုပ်လုပ် လုပ်နေရတယ်ဆိုရင် ကိုယ့်ထက်အငယ်လေးတွေကို ကူပြီးလုပ်ခိုင်းတာမျိုးပါ။ ကိုယ်လုပ်မှဖြစ်မဲ့ အလုပ်မျိုးမဟုတ်ရင် တခြားသူကို ကူခိုင်းလို့ရရင် ကူခိုင်းပါ။
-နောက်ဆုံးတစ်ခုကတော့ "Delete (Drop)" ဖြစ်ပါတယ်
ဒါကတော့ ကိုယ့်အတွက်အသုံးမလိုတဲ့ အလုပ်ကို မလုပ်တာပါ။ ဥပမာ - ကိုယ်က ဂိမ်းတွေချည်း တောက်လျှောက်ဆော့နေတာမျိုးဆိုရင် ဒါက တစ်နေ့တာအတွက် ကိုယ့်ကိုအကျိုးရှိစေရဲ့လား မရှိဘူးဆိုရင်တော့ ဒီအလုပ်ကိုလျှော့ချတာ၊မလုပ်တာမျိုး လုပ်ရမှာပဲဖြစ်ပါတယ်။
ဒီ 4Ds ကို သုံးပြီးတော့ ကိုယ့်ရဲ့အချိန်လေးတွေကို ကောင်းကောင်းအသုံးချနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ ဒီနေ့တော့ စာလေးလည်း နည်းနည်းရှည်သွားပြီမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါ့မယ်ရှင့်။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။?
Keep Reading