တင်ညွန့်
ခုနှစ်တန်းကျောင်းသားဘဝက စာဆိုကြီး ဆရာဇော်ဂျီ၏ ကဗျာလေးတစ်ပုဒ်ကို သင်ခဲ့ရဖူးခြင်းအား မှတ်မိနေ ပါသေးသည်။ ဆရာ၏ “တို့တိုင်းပြည်” ဆိုသည့် ကဗျာဖြစ်ပါသည်။ ယင်းကဗျာထဲတွင် ကျွန်တော် အကြိုက်ဆုံးနဲ့ ယနေ့တိုင် အလွတ်ရွက်နိုင်သေးသည့် စာပိုဒ်မှာ
“ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း” ဆိုသည့်အပိုဒ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တိုင်းပြည်သေးသော်လည်း သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ဖြစ်သည်။ ထို့ပြင် အခြားနိုင်ငံများနှင့်ယှဉ်လိုက်ပါကလည်း သဘာဝဘေးဒဏ်ခံရမှု အနည်းဆုံးနိုင်ငံဖြစ်နေသည်။ မြန်မာ နိုင်ငံထက် အရွယ်အစား သေးပြီး သဘာဝသယံဇာတ ဘာမျှမထွက်သည့်နိုင်ငံ၊ သောက်သုံးရန်ရေကိုပင် အခြားနိုင်ငံများက မှာယူသောက်သုံးနေရသည့် နိုင်ငံလေးတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ နောက်မှ လွတ်လပ်ရေးရခဲ့သော နိုင်ငံဖြစ်သော်လည်း ကြွယ်ဝတိုးတက်မှုမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ဖြစ်ခဲ့ရပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အစိုးရကောင်းတို့မည်သည် ကိုယ့်နိုင်ငံ ကိုယ်လူမျိုးကို ဘက်စုံကောင်းစားပြီး တိုးတက်ဖွံ့ဖြိုးစေရန် ကြံဆောင်ပေးလေ့ရှိပါသည်။ သဘာဝရင်းမြစ်များ အလျှံပယ်ရှိနေပြီး မတိုးတက်ရသော နိုင်ငံများကို ပြန်ပြီး လေ့လာသုံး သပ်ရလျှင်
(၁) ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊
(၂) အာဏာရှင်စနစ် အမြစ်တွယ် နေသောကြောင့်လည်းကောင်း၊
(၃) သဘာဝ ဘေးဒဏ် မကြာခဏကျရောက်ခံစားနေရသောကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်။
တိုင်းပြည်တစ်ပြည် အဘယ်ကြောင့်ဆင်းရဲရသနည်းဆိုခြင်းကို ကမ္ဘာ့ဘဏ်က နိုင်ငံပေါင်းများစွာကို လေ့လာပြီး သုံးသပ်ထားပါသည်။ ယင်းသုံးသပ်ချက်ကို လေ့လာလိုက်သည့်အခါတွင်
- တိုင်းပြည်တစ်ပြည်တွင် အာဏာကို အလွဲသုံးစားလုပ်သူများ ကြီးစိုးနေခြင်း၊
- ပြည်သူတို့ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများသည် သြဇာအာဏာမဲ့ပြီး မလှုပ်နိုင်အောင် ချုပ်ကိုင်ထားမှု ခံနေရခြင်း၊
- လူမျိုးနိုင်ငံ အသိအမှတ် ပြုခြင်းမခံရဘဲ ဝိုင်းပယ်ထားမှုခံနေရခြင်း၊
- ကျားမ ခွဲခြားမှုလွန်က
Unlock to read this premium article with 100 points.