Author's Profile Photo

Kaung Hein Soe - Strategic

15/07/2025

ကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခု

2 mins read
Business
Career & Job Market
Self Improvement
ကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခု's photo

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအတွက် မိတ်ဆွေတို့ရဲ့လုပ်ငန်းကို ပိုပြီးတော့ ရောင်းရစေမယ့် နည်းလမ်းလေးတစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်။

ပထမဦးဆုံး ဥပမာအနေနဲ့ ကျွန်တော်ပြောပြချင်ပါတယ်။ ဒါဘာလဲဆိုတော့ ဟိုးအရင်တစ်ချိန်တုန်းက ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လက်တွန်းလှည်းလေးတွေ၊ စက်ဘီးလေးနဲ့လိုက်ပြီး ထီရောင်းကြတဲ့လူတွေ ကျွန်တော်တို့တွေ့ဖူးလိမ့်မယ်။ 

အဲဒီတော့ မနက်ဖြန်သန်ဘက်ခါ လိုမျိုး ထီဖွင့်တော့မယ်ဆိုရင် ဒီနေ့လို ညနေမျိုးမှာပေါ့ဗျာ။ ထီသည်တွေအသုံးပြုတဲ့ ထီရောင်းရစေမယ့် Strategy လေးတစ်ခုရှိတယ်။နည်းလမ်းလေးတစ်ခုရှိတယ်။ အားလုံးကြားဖူးကြလားမသိဘူးနော်။ အဲဒီတော့ ဘယ်လိုပုံစံလဲဆိုတော့ ထီလှည်းပေါ်မှာ စက်ဘီးလေးရဲ့နောက်က ထီနေရာပေါ်မှာ ထီလက်မှတ်တစ်စောင်တည်းချိတ်ထားတယ်။ ဒီလိုပေါ့နော်။ ထီလက်မှတ် တစ်စောင်တည်းချိတ်ထားတယ်။ ထီလက်မှတ်က တစ်စောင် တည်းရှိတော့တယ်။ အဲဒီတော့တစ်စောင်တည်းရှိတော့တဲ့အတွက် “တစ်ရွက်ကျန် တစ်သက်စံ” တို့၊ “နောက်ဆုံးပိတ်အိတ်နဲ့လွယ်”တို့။ ဒါမျိုးတွေဆွယ်ပြီးတော့ ရောင်းကြလေ့ရှိတယ်။

လူတွေကလည်း ပုံမှန် ထီလက်မှတ်တွေ အများကြီးဖြစ်နေတယ်ဆိုရင်တော့ သိပ်ပြီးတော့ စိတ်မလှုပ်ရှားဘူး။ ဒါပေမဲ့ ထီလက်မှတ်တစ်စောင်တည်းပဲကျန်တော့တယ်။ မနက်ဖြန်လည်း ထီဖွင့်တော့မယ်။ ခုနကလိုပေါ့။စကားပုံတွေ ဆိုရိုးတွေ တွန်းအားတွေကလည်း ရှိနေတဲ့အချိန်မှာ ပိုပြီးနှစ်ဆသုံးဆလောက် စိတ်လှုပ်ရှားလာတယ်။ ဒီထီလက်မှတ်ကို ဝယ်ဖြစ်လိုက်ကြတယ်။

နောက်ထပ် ဥပမာကတော့ အွန်လိုင်းရှော့တွေ၊ ဝက်ဘ်ဆိုက်တွေ၊အလီဘာဘာတို့ ဘာတို့လို ဈေးရောင်းတဲ့ ပလက်ဖောင်းတွေမှာပေါ့နော်။ကျွန်တော်တို့ မကြာခဏ တွေ့ရလေ့ရှိတဲ့ Starategy လေးတစ်ခုရှိပါတယ်။
ဒါဘာလဲဆိုတော့ ဥပမာ Item တစ်ခုပေါ့ဗျာ။ ကျောပိုးအိတ်ဆိုပါတော့။ ကျောပိုးအိတ်လေးတစ်လုံး အရောင်း တင်ထားတယ်။ ဒါပေမဲ့ သူက အောက်မှာစာတန်းလေးတစ်ခုပါတယ်။ သုံးအိတ်သာ ကျန်တော့သည်။ ဒါမျိုးပေါ့နော်။ တစ်အိတ်သာကျန်တော့သည်။ ဒါမျိုးပြောထားတာမျိုးပေါ့။

ပုံမှန် ဒီအတိုင်း ကျောပိုးအိတ်တင်ရောင်းတာထက် တစ်အိတ်ပဲကျန်ပါတော့တယ်၊ Stock ပြတ်ပါတော့မယ်။ တစ်ယောက်စာပဲ ရပါတော့မယ်။ လူသုံးယောက်သာ ထပ်လက်ခံပါတော့မယ်။ ဒါမျိုးစကားတွေကြားတဲ့အချိန်မှာ လူတွေက စိတ်လှုပ်ရှားမှု ပုံမှန်ထက်ပိုဖြစ်ပြီးတော့ ဒီ Productကို ဝယ်ယူဖို့ Chance တွေ ပိုများလာလေ့ရှိပါတယ်။
လူတွေရဲ့ သဘာဝတစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒီသဘာဝကို ကျွန်တော်တို့အားလုံးကြုံဖူးတယ်။ ဘယ်လိုမျိုး ကြုံဖူးလဲဆိုတော့ ဥပမာ သူငယ်ချင်းသုံးယောက်နဲ့ စုပြီးတော့ ကျွန်တော်တို့ တစ်ခုခု သွားစားကြမယ်ဆိုပါတော့။

စားသောက်ဆိုင်ရောက်တော့ ကျွန်တော်တို့က ကြက်သားလုံးလေးတွေ မှာမယ်ပေါ့ဗျာ။ ကြက်သားလုံးပွဲက ရောက်လာတယ်။ သူငယ်ချင်းတွေ စားကြတယ်။ တစ်ယောက်တစ်လုံး တစ်ယောက်တစ်လုံးစားကြတယ်ပေါ့။ စားရင်းနဲ့ နောက်ဆုံးပန်းကန်ထဲမှာ ကြက်သားကြော် အလုံးလေးဟာ တစ်လုံးပဲကျန်တော့တယ်။ သူငယ်ချင်းက လေးယောက်ဖြစ်နေတယ်။ အဲလို အခြေအနေမျိုးမှာ ဘယ်လိုခံစားရလေ့ရှိလဲ။ အဲဒီမှာ နောက်ဆုံးတစ်လုံးကိုစားလိုက်ရတဲ့သူက အရမ်းပီတိဖြစ်တယ်။ တချို့ဆို ကျိန်စာတွေဘာတွေတောင် တိုက်ကြတာရှိတယ်နော်။

နောက်ဆုံးကျန်တဲ့ အစားကိုစားရင်တော့ အပျိုကြီးဖြစ်ပါစေ၊ လူပျိုကြီးဖြစ်ပါစေ။ ဒါမျိုးပေါ့ ။
လူတွေက စိတ်ထဲမှာ ဘာဖြစ်လဲဆိုတော့ ရှားပါးလာပြီဆို လို့ရှိရင် ပုံမှန်ထက်ပိုတဲ့ Emotion တွေ ဖြစ်လာကြလေ့ရှိပါတယ်။

တချို့စီးပွားရေး လုပ်ငန်းတွေမှာဆိုရင် Strategy တစ်ခုအနေနဲ့Product အမျိုးအစားခွဲပြီး ထုတ်လေ့ရှိကြတယ်။ ဘယ်လို Productအမျိုးအစားလဲဆိုရင် ဥပမာ Limited Edition ပေါ့။ Limited Edition Product အမျိုးအစား။ ဒါမျိုး ကျွန်တော်တို့ ကြားဖူးလိမ့်မယ်။ဥပမာ မော်တော်ကားဆိုရင်လည်း Lmited Edition အမျိုးအစား၊ ကမ္ဘာပေါ်မှာ အစီး ၅ဝ ပဲရှိတယ်။ ဒါမျိုး ပေါ့နော်။ ဥပမာ သိုးမွေးဆွယ်တာတွေဆိုလည်း ဒီလိုပဲ။ ကမ္ဘာပေါ်မှာ အထည် ၅၀ ပဲရှိတယ်။

တချို့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတာရှိတယ်။တယ်လီဖုန်းထုတ်လုပ်တယ်၊ ဖုန်းတစ်ခုလုံးဟာ ရွှေနဲ့ စိန်တွေနဲ့ လုပ်ထားတယ်။ Limited Edition ပေါ့။ တစ်ကမ္ဘာလုံးမှာ သုံးလုံးပဲ ရှိတယ်။ဒါမျိုးလေးတွေပေါ့။ နောက်ပြီးတော့ Limited Edition ဖြစ်တဲ့အတွက်ဒီပစ္စည်းကို လူတိုင်းက မရနိုင်ဘူး။ ကိုယ်မရတော့ဘူး၊ ကိုယ်ကျန်ခဲ့တော့မယ်။ ဒီလို Emotion တွေ ဖြစ်ပေါ်တတ်လေ့ရှိတယ်။

အဲဒီ Effect ကိုတော့ ကျွန်တော်တို့က ဘာလို့ခေါ်လဲဆိုတော့Scarcity လို့ခေါ်ပါတယ်။ Scarcity ဆိုတာ ရှားပါးမှုလို့ မြန်မာလိုပြောလို့ရတာပေါ့ဗျာ။ ပစ္စည်းတစ်ခုခုက ရှားပါးသွားပြီ၊ မရှိနိုင်တော့ဘူး။နောက်မရနိုင်တော့ဘူး၊ အရေအတွက် နည်းနည်းပဲရှိတယ်။ လူတွေအများကြီးထဲမှာမှ လူနည်းနည်းလေးပဲ ရနိုင်မယ်။ အစရှိတဲ့ Scarcity Effect တွေကိုဝင်အောင် ကျွန်တော်တို့က လုပ်လိုက်နိုင်မယ်ဆိုရင် ကျွန်တော်တို့Product သည် ချက်ချင်း ရောင်းထွက်သွားနိုင်တယ်။ ပိုပြီးတော့ ရောင်းအားတွေ ပိုများလာနိုင်တယ်ဆိုတာကို ကျွန်တော်က မျှဝေပေးချင်တာဖြစ်ပါတယ်။

Keep Reading

ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခုအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်