Author's Profile Photo

Kaung Hein Soe - Strategic

28/07/2025

လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား

4 mins read
Business
Career & Job Market
Self Improvement
လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား
's photo

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အချိန်မှာ ကျွန်တော်တို့သည် ကိုယ့်ရဲ့ ပြိုင်ဘက်လို့ခေါ်တဲ့ Competitorsတွေပေါ့ဗျာ။ဒီ Competitorsပြိုင်ဘက်တွေကို သိရှိနေဖို့လိုတယ်။သူတို့ ဘာတွေလုပ်နေသလဲ၊ဘယ်လိုခြေလှမ်း လှမ်းနေသလဲဆိုတာကို သိဖို့လိုတယ်လို့ ကျွန်တော်တို့ စီးပွားရေးအကြံပေးတွေက အမြဲတမ်းပြောလေ့ရှိပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ မေးစရာမေးခွန်းတစ်ခုရှိတာက လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေဖြစ်ပြီလား။ဒါကို ကျွန်တော်တို့ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ဆက်ဖတ်ကြည့်ပေးပါဦးဗျ။

ကျွန်တော်နေတဲ့ရပ်ကွက်ထဲကိုပတ်ပြီးတော့ လမ်းလေးတွေကို ဝင်ထွက်ပြီး‌တော့ကြည့်တဲ့အခါ လုပ်ငန်းတူ စီးပွားရေးလုပ်ငန်းတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ သစ်သီးသည်လေးတွေ အများကြီးတွေ့ခဲ့တယ်။လက်ဖက်ရည်ဆိုင်တွေ အများကြီးတွေ့ခဲ့တယ်။ကုန်ခြောက်ဆိုင်လေးတွေ၊မီးဖိုချောင်သုံးရောင်းတဲ့ဆိုင်လေးတွေ၊ပလတ်စတစ်ဆိုင်တွေ ဒါတွေကို ဆိုင်ပေါင်းများစွာ အများကြီး ရပ်ကွက်တစ်ခုတည်းမှာရှိနေတာကို သွားပြီးတွေ့ရမှာ ဖြစ်ပါတယ်။

ခုနက မေးခွန်းကို ကျွန်တော်တို့ပြောရမယ်ဆိုရင် အကယ်၍သာ ဒီလုပ်ငန်းတူ စီးပွားရေးလုပ်တဲ့လုပ်ငန်းတိုင်းသည်ဟာ ပြိုင်ဘက်တွေဆိုရင် တစ်ဦးနဲ့တစ်ဦး ကျွန်တော်တို့ ယှဉ်ပြိုင်တိုက်ခိုက်နေရတော့မှာပေါ့။ဆိုလိုတာက ကျွန်တော်တို့သည် ပြိုင်ဘက်လို့ သတ်မှတ်လိုက်ပြီဆိုရင် သူသည် ဘာတွေလုပ်နေလဲ၊ဘာခြေလှမ်းတွေ လှမ်းနေလဲ၊သူလုပ်လိုက်တဲ့ အပြုအမူတစ်ခု Strategyတစ်ခုကို ကျွန်တော်တို့ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေကို အများအပြား စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

လုပ်ငန်းတူတိုင်းကိုသာ Competitorအဖြစ်သတ်မှတ်ပြီးတော့ ကျွန်တော်တို့သည် သူလုပ်သမျှအားလုံးကို လိုက်ပြီးတုံ့ပြန်နေရမယ်၊ကိုယ့်ဘက်က သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်နေရမယ်၊သူယှဉ်ပြိုင်တိုက်ခိုက်တာကိုလည်း ကိုယ်က ခံနေရမယ်ဆိုရင် ကျွန်တော်တို့မှာ Resourceတွေ အလဟဿ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

ဆိုပါတော့…ကျွန်တော့်မှာ ရန်သူတစ်ဦးနဲ့ တိုက်တာနဲ့ ရန်သူလေးငါးဦးတိုက်တာ ဘယ်ဟာ ပိုပြီးတော့ရှုံးနိုင်မလဲ၊ဘယ်ဟာ ပိုပြီးတော့ ကုန်ကျစရိတ် ပိုများနိုင်မလဲ။အစရှိတဲ့ တွက်ချက်မှုတွေ ကျွန်တော်တို့ ရှိပါတယ်။

အထက်ကမေးခွန်းကို ကျွန်တော် ပြောရမယ်ဆိုရင်တော့ လုပ်ငန်းတူတိုင်း ကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်ပါဘူး၊ဟုတ်ပြီနော်။ အဲ့ဒီမေးခွန်းကို ကျွန်တော်က Noလို့ ပြောရမှာဖြစ်ပါတယ်။ လုပ်ငန်းတူတိုင်း ပြိုင်ဘက်မဟုတ်ဘူး။ 
ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပြိုင်ဘက် ဟုတ်မဟုတ် ဘယ်လိုအချက်တွေနဲ့ သုံးသပ်ဆုံးဖြတ်ရမလဲဆိုရင် ကျွန်တော်တို့ လုပ်ငန်းစီးပွားရေးလုပ်ငန်းနဲ့ Positioningတူနေတဲ့ လုပ်ငန်းအမျိုးအစား လုပ်ငန်းတူကိုမှ ကျွန်တော်တို့က ပြိုင်ဘက်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဟုတ်ပြီ…ဒါဆိုရင် Positoningတူတဲ့ နေရာယူထားမှု၊စီးပွားရေးဆိုင်ရာ နေရာယူထားမှုတစ်ခုကို ကျွန်တော်တို့က ဘယ်လိုသုံးသပ်မလဲ၊ဘယ်လိုပြိုင်ဘက်အဖြစ် သတ်မှတ်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်လေးတွေကို ကျွန်တော် ဆက်ပြီးပြောပြပေးပါမယ်။ ဆက်ပြီး ဖတ်ကြည့်ပေးပါဦးဗျ။

ပြိုင်ဘက်ဆိုတာကို ကျွန်တော်တို့က ကောင်းကောင်း ကွဲကွဲပြားပြားနားလည်ဖို့လိုတယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်မဟုတ်ဘဲနဲ့ ကျွန်တော်တို့က သွားပြီးတော့ ယှဉ်ပြိုင်နေမယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ Resourceတွေသည် ကုန်မှာပဲ။အဲ့ဒီတော့ ထားပါတော့…အိုလံပစ်အားကစားပြိုင်ပွဲကြီးတစ်ခုလုပ်တယ်ဆိုပါတော့ဗျာ။အိုလံပစ်မှာ ကျွန်တော်တို့က အားကစားမျိုးစုံပါတယ်။ဥပမာ ရေကူး၊ကြက်တောင်ရိုက်တို့၊တခြား ဘောလုံး၊ဘောလီဘော အစရှိတဲ့ အားကစားနည်းတွေအမျိုးအစား၊အပြေးပြိုင်ပွဲတွေ ပါမယ်ပေါ့။အဲ့ဒီတော့ ကိုယ်က အပြေးပြိုင်မယ့်သူဆိုရင် အားကစားပွဲကြီးမှာ ယှဉ်ပြိုင်တဲ့ အားကစားသမားချင်းတော့ အတူတူပဲ။ဒါပေမဲ့ ရေကူးတဲ့လူသည် ‌ရေကူးအားကစားလုပ်တဲ့ သူသည် ကျွန်တော် အပြေးပြိုင်မယ့်သူရဲ့ ပြိုင်ဘက်မဟုတ်ဘူး။အားကစားသမားချင်းတော့ တူတယ်နော်။

တစ်နည်းအားဖြင့် လုပ်ငန်းချင်းတော့တူတယ်။ဒါပေမဲ့ သူက ရေကူးမှာ အားကစားလုပ်မှာ။ကိုယ်က အပြေးပြိုင်မှာ။
အပြေးပြိုင်မယ့်အထဲမှာမှ ကျွန်တော်တို့သည် ထပ်ပြီးတော့ အမျိုးအစားတွေ အများကြီးကွာသွားဦးမယ်။ဥပမာ လက်ဆင့်ကမ်းပြေးပွဲလား၊တာတိုပြေးပွဲလား၊တာလတ်ပြေးပွဲလား၊ုွမျိုး ကျွန်တော်တို့က အမျိုးအစားကွာသေးတယ်။အပြေးပြိုင်တာချင်း ထပ်ပြီး တူတယ်ဆိုရင်တောင်မှ သူက တာတိုပြေးတဲ့သူ၊ကိုယ်က မာရသွန်ပြေးတဲ့သူဆိုရင် သူနဲ့ ကိုယ်နဲ့သည် ပြိုင်ဘက်မဟုတ်ပြန်ဘူး။သူဘာတွေလေ့ကျင့်နေသလဲ၊သူ ဘာအစားအသောက်တွေ အားရှိအောင်စားနေသလဲ။သူ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သလဲဆိုတာကို ကိုယ်က လိုက်တုပြီးတော့ လုပ်စရာမလိုဘူး။ဘာလို့လဲဆိုတော့ သူကတာတိုပြေးမှာ၊ကိုယ်က တာဝေးပြေးမှာ။

ကျွန်တော်တို့က ဘာပြန်လုပ်ရမလဲဆိုတော့ တာဝေးအပြေးသမားအချင်းချင်းပဲ ပြန်ယှဉ်ပြိုင်ဖို့လိုတယ်။တစ်နည်းအားဖြင့်တော့ ဆုတံဆိပ်ကတစ်ခုတည်းဖြစ်နေတယ်။အဲ့ဒီ တစ်ခုတည်းကို ကျွန်တော်တို့က အပြိုင်အဆိုင် ကြိုးစားပမ်းစားရယူရမယ်ဆိုတဲ့ အားကစားပွဲ အမျိုးအစားတူတစ်ခုတည်းက အားကစားသမားတွေသည်သာ ကိုယ်ရဲ့ ပြိုင်ဘက်ဖြစ်တယ်။ကိုယ်က အပြေးပြိုင်မယ်၊မာရသွန်ပြေးမယ်၊တာဝေးပြေးမယ်။ဒါဆိုရင် ကိုယ့်လိုပဲ ပထမဆုတံဆိပ်ကို ရယူလိုတဲံသူတွေသည်သာ ပြိုင်ဘက်တွေဖြစ်တယ်။

အဲ့ဒီတော့မှသာ ကျွန်တော်တို့က ပြိုင်ဘက်အားကစားသမားဟာ ဘယ်လိုလေ့ကျင့်နေလဲ၊ဘယ်လောက် ခံနိုင်ရည်ရှိလဲ၊ဘာအစားအစာတွေစားသလဲ၊ဘယ်လိုမျိုး လေ့ကျင့်ခန်းတွေယူသလဲဆိုတာကို ကျွန်တော်တို့က သိပြီးရင် ကျွန်တော်တို့ သူ့ကိုယှဉ်ပြိုင်နိုင်ဖို့ ကျွန်တော်တို့က လိုက်ပါလေ့ကျင့်ရမှာ ဖြစ်တယ်။

အဲ့ဒီတော့ လုပ်ငန်းတူတိုင်းလည်း မဟုတ်ဘူး။ ပစ္စည်းအမျိုးအစားတူတိုင်းလည်း မဟုတ်ဘူး။ဆိုလိုတာက ကျွန်တော်တို့သည် Marketတေါမှာ တစ်ခုတည်းကို ရည်ရွယ်ပြီး တော့ ကိုယ်ကတစ်ခုခုလုပ်လိုက်တာနဲ့ သူ့ဆီမှာ တစ်ခုခုဆုံးရှုံးသွားမယ်။Market ရှယ်ယာ ရာခိုင်နှုန်းတစ်ခုခု ဆုံးရှုံးသွားမယ်။သူက တစ်ခုခု Promotionလေးတစ်ခု Discountလေးတစ်ခု ချလိုက်ရင်လည်း တိုက်ရိုက်ကြီး ကိုယ့်ဆီမှာ လာပြီးတော့ Effectဖြစ်မယ်။ကျွန်တော်တို့ရဲ့ ရောင်းအားကျမယ်ဆိုတာမျိုးမှ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။

လုပ်ငန်းတူအမျိုးအစားတွေတော့ အများကြီးရှိနိုင်တယ်။ဒါပေမဲ့ Competitor ကိုယ့်ရဲ့ Businessတကယ့်ပြိုင်ဘက်ကတော့ တစ်ဦးနှစ်ဦး ဒီလောက်ပဲရှိနိုင်ပါတယ်။နောက် ဥပမာပြောရရင် ကိုကာကိုလာရဲ့ ပြိုင်ဘက်သည် ပက်စီပေါ့ဗျာ။ပက်စီရဲ့ အဓိက ပြိုင်ဘက်သည် ကိုကာကိုလာပေါ့၊ဒါမျိုးဖြစ်ပါတယ်။မော်တော်ကားအမျိုးအစားတွေအများကြီးရှိတယ်။ တိုယိုတာ၊ဟွန်ဒါ၊မာစီးဒီး အစရှိတဲ့ ကားအမျိုးအစားတွေ လုပ်ငန်းတူပေမဲ့ တစ်ခုနဲ့တစ်ခုသည် အားလုံးသည် ပြိုင်ဘက်မဟုတ်ဘူး။ဒါကို ကျွန်တော်တို့ သဘောပေါက်ဖို့ လိုပါတယ်။ဒါမှသာ ကျွန်တော်တို့သည် ဘယ်နေရာမှာ ပို Focusလုပ်ရမလဲ၊ဘယ်သူ့ရဲ့ Strategyကို ပြန်တုံ့ပြန်ရမလဲဆိုတာကို ကောင်းကောင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ 

ထပ်ပြီးတော့ ဥပမာပေးရရင်ဗျာ ကျွန်တော်တို့ လုပ်ငန်းအမျိုးအစားတူပေမဲ့ ကိုယ်နဲ့ Competitorမဟုတ်ဘူးဆိုတဲ့ အခြေအနေတွေ အများကြီးရှိတယ်။ကျွန်တော်တို့ဟော့ပေါ့ဆိုင်ဖွင့်မယ်။ဟော့ပေါ့ဆိုင်ဖွင့်မယ်ဆိုရင်တောင်မှ ဟော့ပေါ့ရောင်းတာနဲ့တင်ပဲ ဟောပေါ့ဆိုင်အားလုံးက ကိုယ့်ရဲ့ ပြိုင်ဘက်တွေဖြစ်သွားတာမဟုတ်ဘူး။ဟော့ပေါ့မှာ ကျွန်တော်တို့က အမျိုးအစားအများကြီး ထပ်ခွဲလို့ရတယ်။ဥပမာ ထားပါတော့ဗျာ…ကျွန်တော်က ယူနန်ဟော့ပေါ့ဆိုင်ဖွင့်မယ်၊ဒါဆို ဟိုဘက်မှာ တခြား ရိုးရိုးဟော့ပေါ့ဖွင့်နေတဲ့သူရှိမယ်။ ကိုယ်ပိုင်အရသာနဲ့ ဟော့ပေါ့လုပ်နေတဲ့သူတွေရှိမယ်။ဒါဆိုရင် ကိုယ့်ရဲ့ဟော့ပေါ့က အကင်နဲ့တွဲပြီးတော့ စားလို့ရတဲ့ဟာမျိုးရှိမယ်။တခြားလူတွေကတော့ အက်ငနဲ့ ဟုတ်ချင်မှဟုတ်မယ်။ဟော့ပေါ့သီးသန့်ဖြစ်ရင်ဖြစ်မယ်။ 

‌ဟော့ပေါ့ချင်းအတူတူကိုတောင်မှ ကိုယ်က Setတစ်ခုချင်းစီနဲ့စားရတဲ့ အမျိုးအစားဖြစ်ရင်လည်းဖြစ်မယ်၊တခြားဟော့ပေါ့တွေကတော့ ဘူဖေးအမျိုးအစားဖြစ်ရင်လည် းဖြစ်မယ်။ကျွန်တော်တို့သည် ခုနကပြောသလိုပေါ့။ဟော့ပေါ့တစ်ခုတည်းရောင်းတယ်၊ ဆိုင်ဖွင့်တယ်ဆိုရင်တောင်မှ ဟော့ပေါ့ရောင်းတဲ့ဆိုင်တိုင်းသည် ကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ဒါကို ကျွန်တော်တို့က သိဖို့လိုပါတယ်။

ဘယ် Criteria(စံသတ်မှတ်ချက်)အချက်လေးတွေနဲ့ ကိုယ့်ရဲ့ Competitorဟုတ်မဟုတ်ကို ကျွန်တော်တို့ ဆုံးဖြတ်ရမလဲဆိုတာလေးကို ကျွန်တော် ထပ်ပြီးတော့ ရှင်းပြချင်တယ်ပေါ့ဗျာ။



Keep Reading

ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခုအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်