Author's Profile Photo

Kaung Hein Soe - Strategic

30/07/2025

အရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း

6 mins read
Business
Career & Job Market
Self Improvement
အရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း 
's photo

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်က စီးပွားရေးလုပ်ငန်းတွေအတွက် သိထားရမယ့် အချက်ကလေးတစ်ချက်ကို ကျွန်တော်က ထပ်ပြီးတော့ မျှဝေပေးချင်ပါတယ်။ ဒါဘာလဲဆိုတော့ ကိုယ့်လုပ်ငန်းထဲကို အရင်းအနှီးထပ်မထည့်ဘဲနဲ့ အမြတ်ပိုရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ရမလဲဆိုတဲ့ အကြောင်းအရာ လေးဖြစ်ပါတယ်။
ဆက်ပြီးတော့ လေ့လာကြည့်ပါဦးဗျ။

ကိုယ့်လုပ်ငန်းကို အရင်းအနှီးထပ်မထည့်ဘဲနဲ့ အမြတ်ပိုရအောင်လုပ်လို့ရနိုင်မယ့် ပထမဦးဆုံးနည်းလမ်းတစ်ခုကတော့ Stock Turnover ကို အကြိမ်အရေအတွက် များများဖြစ်အောင်လည်ခြင်းဆိုတဲ့ နည်းလမ်းဖြစ်ပါတယ်။ Stock Turnover က ဘာလဲဆိုတော့ ကျွန်တော်တို့ဝယ်ထားလိုက်တဲ့ Stock တွေ တစ်ခုမကျန် အကုန်လုံးရောင်းထွက်သွားခြင်းကို Stock Turnover တစ်ကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ Business တစ်ခုက Stock Turnover တစ်ကြိမ်ဖြစ်လို့ သိန်း ၁ဝဝ အမြတ်အစွန်းရတယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒီကာလအတွင်းမှာ Stock Turnover နှစ်ကြိမ် ဖြစ်အောင် လည်နိုင်ရင် သိန်း ၂ဝဝ ပိုတိုးပြီးတော့ အမြတ်ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဥပမာလေးနဲ့ပြောကြည့်ရအောင်။

ကျွန်တော်က ငွေ ၁ဝ သိန်းနဲ့ ပစ္စည်းတွေ အခု ၁ဝဝ ဝယ်ပြီးတော့ တစ်လလုံးရောင်းမယ်ဆိုပါတော့။ ဒါဆို ကျွန်တော် တစ်သိန်းအမြတ်ရမယ် ဆိုပါတော့။ ကျွန်တော်က ငွေဆယ်သိန်းနဲ့ ပစ္စည်းအခု ၁ဝဝ ကို ဝယ်မယ်၊ တစ်လလုံးရောင်းမယ်၊ ဒါဆိုကျွန်တော်က Stock Turnover တစ်ကြိမ် တစ်လမှာဖြစ်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်က အမြတ် တစ်သိန်းရမယ်ပေါ့။ အဲဒီတော့ ကျွန်တော်က Stock Turn-over ကို တစ်လအတွင်းမှာ နှစ်ကြိမ်ဖြစ်အောင် လည်လိုက်မယ်။ အဲဒီတော့ ပစ္စည်းတွေကို ဆယ်သိန်းဖိုး အခု ၁ဝဝ ဝယ်လိုက်မယ်။

တစ်လအချိန် မယူဘူး၊ နှစ်ပတ်နဲ့ ကျွန်တော်က ရအောင်ရောင်းမယ်။ ပြီးသွားရင် ထွက်လာတဲ့ငွေရင်းကို ထပ်ပြီးတော့ ပစ္စည်းအခု ၁ဝဝ ထပ်ဝယ်မယ်။ နောက်ထပ် နှစ်ပတ်အတွင်းမှာ ထပ်ပြီးတော့ ကုန်သွားအောင်ထပ်ရောင်းမယ်။ဒါဆို တစ်လအတွင်းမှာ Stock Turnover နှစ်ကြိမ်ဖြစ်သွားတဲ့ ကျွန်တော့်ရဲ့ အမြတ်ကလည်း ဆယ်သိန်းရင်းပြီး တစ်သိန်းရထားရာကနေ ၁ဝ သိန်းပဲ ရင်းပြီးတော့ အမြတ်ကို နှစ်သိန်းထပ်ပြီးတော့ ရသွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ အရင်းအနှီးထပ်မစိုက်ဘဲနဲ့ အမြတ်ကို ဆတိုး တိုးချင်ရင် အမြတ်ထပ်တိုးချင်ရင် Stock Turnover အရေအတွက်များများလည်အောင် ပြုလုပ်စေတာဖြစ်ပါတယ်။ ဒါက ပထမနည်းလမ်းတစ်ခုပါ။

ငွေရင်းထပ်မထည့်ဘဲနဲ့ ကျွန်တော်တို့ အမြတ်ပိုရအောင် နောက်ထပ် လုပ်လို့ရမယ့်နည်းလမ်းက အော်ဒါကောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အော်ဒါ ကောက်တဲ့နည်းလမ်းပေါ့နော်။ ဥပမာ ဆက်စပ်ပစ္စည်းတွေကို ကျွန်တော်တို့က အော်ဒါကောက်ပြီးရောင်းမယ်။ သို့မဟုတ် ကြားခံနဲ့ ကျွန်တော် တို့က တစ်ဆင့် ရောင်းမယ်။ ဒီနည်းလမ်းမျိုးနဲ့ အမြတ်ပိုတိုးလို့ရအောင် လုပ်လို့ရပါတယ်။

ဥပမာ ကျွန်တော်က ဖုန်းဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်ဆိုပါတော့ဗျာ။ ကျွန်တော့်ဖုန်းဆိုင်မှာ ကျွန်တော်က ဖုန်းအများကြီးမရှိဘူး။ နည်းနည်းပဲ ရှိမယ်။ ဒါပေမဲ့ လာဝယ်တဲ့ Customer က ကျွန်တော့်ဆိုင်မှာမရှိတဲ့ ဖုန်းအမျိုးအစားကို သူကဝယ်ယူချင်တယ်။ အဲလိုအချိန်မှာ ကျွန်တော်က ကျွန်တော်နဲ့ရင်းနှီးတဲ့ တခြားဖုန်းဆိုင်ကို ကျွန်တော်က ချိတ်ထားမယ်ပေါ့နော်။ အဲဒီဖုန်းဆိုင်တွေဆီကဖုန်းကိုယူပြီးတော့ ရောင်း ပေးလိုက်မယ်။ ရောင်းပေးလိုက်တဲ့အတွက် Customer လည်း ကျေနပ် သွားတယ်။ ကျွန်တော်ကလည်း ရောင်းအားတစ်ခု ရသွားတယ်။ ဒီ Relationship မှာ ရောင်းရတဲ့အထဲကနေပြီးတော့ ကျွန်တော်က ကော်မရှင်လိုမျိုး တစ်ခုခု အော်ဒါ ကောက်ပေးတဲ့ အော်ဒါကြေးလိုမျိုး ကျွန်တော်က တစ်ခုခုရယူလိုက်မယ်။ ဒါဆို ကျွန်တော်က အရင်းအနှီး ထပ်မထည့်ဘဲနဲ့ အမြတ်အစွန်းရနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ဒီနည်းစနစ်က ငွေအရင်းမထည့်ဘဲနဲ့ လုပ်ငန်းတစ်ခု စတင်နေကြတဲ့သူတွေ အများအပြား ရှိပါတယ်။ အော်ဒါကောက်ပေးတယ်၊ အထည်ဆိုင်တွေ အများကြီးနဲ့ချိတ်ထားတယ်။ ဘယ်လိုအထည်မျိုးလိုချင်လဲ။ ဒါမျိုးပေါ့။ ကျွန်တော်က ဓာတ်ပုံလေးတွေရိုက်ထားတယ်။ Customer တွေလိုက်ရှာတယ်။ ဝယ်သူရှိတဲ့အချိန်မှာ ဈေးနှုန်းကို ညှိနှိုင်း ပေးပြီးတော့ အထည်ကို ရောင်းပေးတယ်။ ဒီလိုနဲ့ သူ ကြားထဲကနေ ကော်မရှင်ရတယ်။ ဒီလိုနည်းလမ်းဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က လုပ်ငန်းတစ်ခု စနေတယ်။ ကိုယ့်မှာ လုပ်ငန်းတစ်ခုရှိနေတယ်ဆိုရင် ဒီလုပ်ငန်းရဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းမှာ မတင်နိုင်တဲ့ပစ္စည်းတွေကို တင်ထားတဲ့ တခြားဆိုင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အော်ဒါကောက်ပေးပြီးတော့ ရောင်းပေးမယ်ဆိုရင်လည်း ကျွန်တော်တို့က အမြတ် ပိုရနိုင်ပါသေးတယ်။

နောက်ထပ် အရင်းအနှီး လုပ်ငန်းထဲကို ထပ်မထည့်ဘဲနဲ့ Profit ရအောင် ထပ်လုပ်လို့ရတဲ့နည်း လမ်းက ရှင်းပါတယ်… ဒါ ကျွန်တော်တို့က Credit Term နှင့် ယူပြီးတော့ ကျွန်တော်တို့ ဒါ Wholesale ဒါ ကျွန်တော်တို့ Supplier ဆီကနေ ပစ္စည်းတွေကို Credit ယူပြီးတော့ ကျွန်တော်တို့က ပြန်ရောင်းတာဖြစ်ပါတယ်။

ဆိုလိုတာက ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့က သိန်း ၁ဝဝ ဖိုး ပစ္စည်းတွေဝယ်မယ် ကျွန်တော့် Supplier ဆီက။ ကျွန်တော် ပြန်ရောင်းမယ်။ ဒါဆို ကျွန်တော်တို့က သိန်း ၁ဝဝ ဖိုးစာ အမြတ်ရမယ်။ အဲဒီတော့ လုပ်ရင်းကိုင်ရင်းနဲ့ ကျွန်တော်တို့ Relationship ဖြစ်လာတဲ့အခါမှာ Credit တစ်ခု ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က ဘာလုပ် လို့ရလဲဆိုတော့ သိန်း ၁ဝဝ ဖိုးပဲ လက်ငင်း ဝယ်မယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို ၂ဝဝ ဖိုးပေးပါ။ ၂ဝဝ ဖိုးကို ကျွန်တော် ရောင်းချမယ်။ လကုန်ရင် ကျွန်တော် ငွေပေးချေမယ်ဆိုတဲ့ Credit Term ပေါ့၊ အကြွေး ဝယ်ယူမှုပုံစံအမျိုးမျိုး ပေါ်လစီအမျိုးမျိုးကို ကျွန်တော်တို့က ညှိနှိုင်းလို့ ရလာနိုင်ပါတယ်။

အဲဒီတော့ ကိုယ့်မှာ လုပ်ငန်းတစ်ခုရှိတယ်၊ ဒီလုပ်ငန်းတစ်ခုကို ကိုယ်က မှန်မှန်ကန်ကန် Run လာပြီဆိုရင် ဒီပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က Supplier ဆီကနေ အကြ

ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခုအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်

Unlock to read this premium article with 100 points.