Author's Profile Photo

Kaung Hein Soe - Strategic

24/07/2025

စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲ

2 mins read
Business
Career & Job Market
Self Improvement
စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲ's photo

ကျွန်တော့်ရဲ့ Page မှာ လာပြီးတော့မေးကြတယ်ပေါ့။"ဆရာ... ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ ဘယ်ကကျွန်တော်တို့ စရမလဲ”ဒီမေးခွန်းအတွက် ကျွန်တော်က ဒီလို ဖြေပေးချင်တာဖြစ်ပါတယ်။

ကျွန်တော်တို့ ကိုဗစ် ၁၉ ဖြစ်တဲ့အချိန်မှာ ရန်ကုန်မှာရှိတဲ့လူတွေကခရီးထွက်ဖို့ အခွင့်မရှိတော့ဘူးပေါ့နော်။ ခရီးသွားလာခွင့်တွေ ကျွန်တော်တို့ ပိတ်လိုက်တယ်၊ တော်တော်များများက အိမ်ထဲမှာပဲ ခြောက်လ၊ခုနှစ်လ၊ ရှစ်လ၊ ကိုးလပေါ့ နေလာရတဲ့အချိန်မှာ စိတ်တွေပင်ပန်းလာကြတယ်။ မွန်းကျပ်လာကြတယ်။

အဲလိုအနေအထားမျိုးမှာ လူတွေသည် ရန်ကုန်မြို့ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ Resort လေးတွေကို အပြည့်အကျပ် သွားလာကြတယ်။

ဒီကာလအတွင်းမှာ စီးပွားရေးပုံစံအသစ်တစ်မျိုးလည်း ပေါ်လာတာကိုတွေ့ရပါတယ်။ ဒါဘာလဲဆိုတော့ Camping Business ဖြစ်ပါတယ်။ Camping Business ဆိုတာက တောတောင်သဘာဝစတိုင်လ်သဘာဝအနေအထားပေါ့ဗျာ။ အဲလိုအနေအထားမှာ တဲလေးထိုးပြီးတော့ကျွန်တော်တို့ သူငယ်ချင်းတွေ အတူတူချက်ပြုတ်စားသောက်မယ်၊ စကားပြောမယ်၊ ညအိပ်မယ်ဆိုတဲ့ Business အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အဓိက ကျွန်တော်တို့ Camping ဆိုတဲ့ Business တစ်ခုပေါ်လာခြင်းဟာ မြို့ထဲမှာပိတ်မိနေတဲ့ မွန်းကျပ်နေတဲ့ လူတွေရဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ပေါ်ပေါက်လာတဲ့ Business ဖြစ်ပါတယ်။

ပုံမှန်အနေအထားဆိုရင်တော့ဗျာ ကျွန်တော်တို့က သဘာဝအနေအထား တောတောင်ထဲမှာ တဲလေးထိုးပြီးတော့ နေတယ်ဆိုတာသည် အပန်းဖြေတဲ့ Business ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကြိုက်တဲ့လူ အနည်းငယ်ပဲရှိမယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုကာလမှာတော့ ဒါသည် အပန်းဖြေခြင်းတစ်ခုအနေနဲ့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းတစ်ခု လုပ်တယ်ဆိုတာသည်တစ်နည်းအားဖြင့်တော့ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ကြိုးစားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဖြေရှင်းပေးမယ့် ပြဿနာသည် ပိုပြီး ကြီးကျယ်တဲ့အလျောက် ကျွန်တော်တို့ဖြေရှင်းပေးမယ့် Solution က ပိုပြီးတော့ ထိရောက်တဲ့အလျောက် ကျွန်တော်တို့ရဲ့ Business က အောင်မြင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာဆိုရင် ပေါ်ပေါက်ခဲ့တဲ့ Camping သည် Entertainment တစ်ခုအနေနဲ ့ ခရီးသွားလုပ်ငန်းတစ်ခုအနေနဲ့ ပုံစံပြောင်းလာတယ်။ လွန်ခဲ့တဲ့လက ကျွန်တော်စုံစမ်းတဲ့အချိန်တုန်းကတောင်မှ ဖေဖော်ဝါရီလအထိ ဘိုကင်တွေ ပြည့်နေတာကိုတွေ့ရတယ်။ အဲဒီတော့ ဆိုလိုတဲ့သဘောကတော့ ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ချင်တယ်ဆိုရင် မိတ်ဆွေဟာ မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ လူတွေ ဘယ်လိုမျိုးပြဿနာတွေရှိနေသလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံနေသလဲ။ ဒါကိုဖြေရှင်းပေးဖို့ ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ Business တစ်ခုကို ကောင်းကောင်း အောင်မြင်စွာ စနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင်ခင်ဗျားအနေနဲ့ ပတ်ဝန်းကျင်ကလူတွေကို ကျွန်တော်တို့ ဘယ်ပြဿနာအမျိုးအစားတွေကို ဖြေရှင်းပေးနိုင်သလဲ။ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်သလဲ။ သူတို့ရဲ့ အချိန်ကို ဘယ်လောက် သက်သာအောင် လုပ်ပေးနိုင်သလဲ။ သူတို့ရဲ့ငွေကို ဘယ်လောက်သက်သာအောင် လုပ်ပေးနိုင်သလဲ၊သူတို့ရဲ့ ဘယ်အခက်အခဲ တစ်နည်းအားဖြင့် စိတ်ခံစားချက်တွေ ဘယ်လို မိန်းပွိုင့်တွေကို Cover လုပ်ပေး နိုင်သလဲဆိုတာကို ကျွန်တော်တို့ အရင်တွေးပါ။

တစ်နည်းအားဖြင့်တော့ဗျာ ပြောရရင်တော့ ပြဿနာရှာပါ။ စီးပွားရေးလုပ်ချင်တယ်ဆိုရင် ပြဿနာရှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေဘယ်လိုအခြေအနေ ရှိနေသလဲ၊ ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်နေသလဲ၊
အဲဒီ ပြဿနာကို ရှာတွေ့နိုင်ပြီးတော့ ဒီ ပြဿနာကို ကျွန်တော်တို့ကကောင်းကောင်း ဖြေရှင်းပေးနိုင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုကိုကျွန်တော်တို့က ကောင်းမွန်စွာ စတင်လို့ရနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲနေတဲ့ အနေအထားတွေကိုသုံးသပ်ပါ။ လူတွေမှာ ဘယ်လို ပြဿနာ အသစ်အသစ်တွေ ဖြစ်ပေါ်လာသလဲဆိုတာကိုစဉ်းစားပါ။ ဒါဆိုရင် ကျွန်တော်တို့ စီးပွားရေးတစ်ခု စလို့ရပါပြီ။

Keep Reading

ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခုအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်