SarPhat Author
အခန်း(၆)
အဲဒီနေ့ မနက်မှာ မေမေရဲ့ဆုံးဖြတ်ချက်တွေက
အဆုံးထိ ဆက်လျှောက်ဖို့ ခိုင်မာပြတ်သားနေပါပြီ။
အရင်ကုန်သွားတဲ့ နေ့တွေကလည်း မေမေဟာ စိတ်ပျက် အားငယ်မှုတွေနဲ့ ခါတိုင်းနှင့်မတူ သိသိသာသာ ကွဲပြားနေပါတယ်။
မေ့မေရဲ့ မျက်ဝန်းတွေထဲမှာ ခိုင်မာပြတ်သားတဲ့ ရဲရဲတောက် ဆုံးဖြတ်ချက်တွေနဲ့အတူ မတ်တပ်ထရပ် လိုက်တာလို့ ကျွန်မနားလည်လိုက်ပါတယ်။ ကျွန်မတို့စိတ်ကူးနဲ့ တောင် မတွေးရဲ့တဲ့ ဘယ်အရာမဆို မေမေကတော့ ထလုပ်တော့မယ်ဆိုတာကို ကျွန်မသိလိုက်ပါတယ်။ မေမေရဲ့ခြေလှမ်းတွေက နံရံအပေါ်မှာ ချိတ်ဆွဲထားတဲ့ ကျွန်မတို့ရဲ့ကောင်းဆောင်ကြီး
ကင်အီလ်ဆောင်းနှင့် ကင်ကျုံအီလ်တို့နှစ်ဦးရဲ့ဓာတ်ပုံတွေ ရှိရာဆီသို့ ဦးတည် လှမ်းသွားပြီး ခြေဖျားကိုထောက်၊ လက်ကိုမြောက်ကာ အဲဒီဓါတ်ပုံတွေကို ဖြုတ်ယူလိုက်ပါတော့တယ်။ သစ်သားမှန်ဘောင်ထဲက ကျွန်မတို့ခေါင်းဆောင်ကြီးတွေရဲ့ ကာလာစုံ ဓာတ်ပုံတွေက ကျွန်မတို့ကလေးဘဝကပင် ခုအချိန်ထိ နေ့၊ညမပြတ် ကျွန်မတို့ကို စောင့်ကြည့်လို့နေလာခဲ့တာပါ။
မြောက်ကိုးရီးယားနိုင်ငံမှာတော့ ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ဓါတ်ပုံတွေကို အိမ်တိုင်းမှာသာမက လမ်းတွေ၊အဆောက်ဦးတွေ၊ဘူတာရုံတွေစသည့် နေရာစုံ နယ်ပယ်ဒေသ အသီးသီးမှာပါ မဖြစ်မနေ ချိတ်ဆွဲထားကြရပါတယ်။
ကြာလာတော့ ကင်အီလ်ဆွန်း တီထွင်ခဲ့တဲ့ ကိုးကွယ်ရာ ဘာသာတရား တစ်ခုလိုမျိုး အဲဒီ သူတို့ရဲ့ဓာတ်ပုံတွေကိုဘုရားပုံတော်နဲ့ မခြား ကိုးကွယ်ရမည့် မြင့်မြတ်တဲ့အရာတွေလို့ မြောက်ကိုးရီးယားပြည်သူတွေက ထင်မှတ်လာခဲ့ကြပါတယ်။ မေမေကတော့ အဲဒါတွေကို အရေးတစ်ယူ သိပ်ပြီးဂရုမစိုက်တော့ပါဘူး။
မှန်ဘောင်အတွင်းက အလေးအမြတ်ထားရမယ်ဆိုတဲ့ ကျွန်မတို့ ခေါင်းဆောင်ကြီးတို့ရဲ့ ဓာတ်ပုံနှစ်ပုံကို မေမေကတော့ အသေအချာ ဖယ်ထုပ်လိုက်ပြီး မှန်ဘောင်တွေကို ဖြုတ်ယူလိုက်ပါတယ်။ သစ်သား မှန်ဘောင်တွေကတော့ ကျွန်မတို့နောက်ဆုံး ရောင်းလို့ရနိူင်တဲ့ ပစ္စည်းတွေပါပဲ။ မေမေကတော့ မှန်ဘောင်သွင်း ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံတွေကို ဖျက်စီးမှုနဲ့ သေဒဏ်ကျခံရနိုင်တဲ့ ရာဇဝတ်ကြီးတစ်ခုကို ကျူးလွန်လိုက်ပါပြီ။
အဲဒီသစ်သားဘောင်တွေ ဘယ်က ရလာသလည်းဆိုတာကို ဘယ်သူမှ ဖော်ထုတ်လို့မရအောင် အသေအချာ ပီပြင်အောင် လက်စဖျောက်ကြရပါတယ်။ ကျွန်မတို့အိမ်းနီးချင်းတွေက မှန်ဘောင်ဖြုတ်ထားတဲ့ ဓာတ်ပုံတွေကို တွေ့သွားပြန်ရင်လည်း ခေါင်းဆောင်ကြီးတွေရဲ့ဓါတ်ပုံကို စော်ကားမှုနဲ့ အစိုးရကို တိုင်ကြားတာတွေ လုပ်လာနိုင်ပါတယ်။
ကျွန်မတို့မိသားစု အသက်ဘေး လုံခြုံဖို့အတွက် အဲဒီဓာတ်ပုံတွေကို မေမေက မီးရှို့ ဖျက်စီးပစ်လိုက်ပါတယ်။ မေမေဟာ ဖျက်ထားတဲ့ သစ်သား မှန်ဘောင်တွေကို စျေးထဲမှာ ရောင်းချပြီး ရလာတဲ့ငွေနဲ့ ကျွန်မတို့ရဲ့ထမင်းတစ်နပ်စာကို ဝယ်ယူလာနိုင်ခဲ့ပါတယ်။
သုံးရက်အတောအတွင်း ပထမဆုံးအကြိမ် အစားအ သောက်တွေ ကျွန်မတို့ရဲ့ပါးစပ်ထဲ့ကို ထည့်နိုင်ခဲ့ကြပါပြီ။
မေမေကတော့ အနည်းငယ် အားပြန်ပြည့် သွားသလိုပါပဲ။ ပုဂံစင်တွေ၊ လက်ကျန် ပရိဘောဂပစ္စည်းတွေ၊ကျွန်မရဲ့သေတမ်းစာရေးခဲ့တဲ့ ကော်ဖီစားပွဲအပါဝင် ကျွန်မတို့မှာ ရှိသမျှလက်ကျန်ပစ္စည်းတွေကို ထုပ်ရောင်းဖို့ မေမေက ဆုံးဖြတ်ထားပြီးပါပြီ။
ဒါပေမည့် ပုဂံစင်တွေက ဂျင်မာဒန် မှောင်ခိုစျေးမှာ သုံးစားမရအောင် ဟောင်းနွမ်းနေတာကြောင့် ရောင်းမထွက်ခဲ့ပါ။ အဲဒီပုဂံစင်တွေကို ပုဆိန်နှင့်ခုတ်ပြီး ထင်းအဖြစ် ပြောင်းပစ်လိုက်တာက ကျွန်မတို့အတွက် ဖြေရှင်းလို့ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်ပဲ ကျန်တော့တာပါ။
ဒါပေမဲ့လည်း အဲ့ဒီလိုမလောက်မင ဖြေရှင်းလို့ရတာလေးနဲ့ နောက်ထပ် ဘာတွေ ဆက်ဖြစ်လာအုံ့မယ်…၊ ဘယ်လို့ အသက် ဆက်ရမယ် ဆိုတာကို မသိသေးပါဘူး။ ခုလိုပြင်းထန်လှတဲ့ ဆောင်းရာသီမှာတောင် မေမေအတွက် နားခွင့်မရနိုင်တဲ့အပြင် နေမကောင်းပါ ထပ်ပြီး ဖြစ်လာခဲ့ရပါတယ်။ မေမေဟာ ကျွန်မတို့ကို ဆက်ပြီးရှာမကျွေးနိုင်တော့လို့ မေမေရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ ကျွန်မကိုပို့ထားခဲ့ရပါတယ်။
ကျွန်မလည်း အိမ်ကို ဘယ်အချိန် ပြန်လာရမယ်၊ မပြန်ရဘူးဆိုတာကိုတောင် မသိဘဲ အိမ်က ထွက်လာခဲ့ရတာပါ။ အစ်မဂုမ်ဆမ်လည်းပဲ ရထားပေါ်တက်ကာ အဒေါ်တစ်ယောက်ဆီမှာ သွားနေဖို့ ချောင်းဂျင်မြို့ကို သွားခဲ့ရပါတယ်။ မေမေ့ ကျမ္မာရေး ပြန်ကောင်းလာဖို့အတွက်က အချ်ိန်အတော်ကြာ အနားယူဖို့ လို့အပ်နေတာပါ။ ရာသီဥတုကလည်း အပြင်မှာဆိုရင် ၅ဒီဂရီ ဖာရင်ဟိုက်လောက်တောင် ရှိမနေတာကြောင့် အိမ်းနီးချင်းတွေကလည်း မေမေ ကျမ္မမာရေး ပိုပြီးဆိုးရွားလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။
အိမ်နီးချင်းတွေ ပြောပြတာက ကျွန်မရဲ့ဖေဖေဟာ တစ္ဆေဘဝနဲ့ မေမေ့ကို လာစောင့်ရှောက် ပေးနေတယ်လို့ ဆိုကြပါတယ်။ မြောက်ကိုးရီးယားမှာ သရဲ၊တစ္ဆေတွေကို အမြဲ သတိထားနေရပါတယ်။ တစ္ဆေ၊သရဲတွေ ပေါလွန်းလို့ ငယ်ငယ်တုန်းက တစ္ဆေ သရဲဆိုရင် အမြဲကြောက်
ရပါတယ်။
၁၉၉၇-၁၉၉၈ ခုနှစ် ဆောင်းရာသီအကုန်ပိုင်း ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ကျွန်မ ဘဝရဲ့အပြောင်းအလဲတွေ ရုပ်ခြည်ပြောင်းလဲ လာခဲ့ပါတယ်။ ကျွန်မတို့တွေ အစာအစာများနဲ့ ပတ်သက်လို့ ပိုပိုပြီးဆိုးရွားလို့ လာခဲ့ပါတယ်။
မေမေကလည်း နိုင်ငံထဲ့က ထွက်ပြေးမှ ဖြစ်တော့မယ် ဆိုတဲ့ မတွေးသင့် မတွေးထိုက် တာတွေကို စတင်တွေးလာခဲ့ပါတယ်။ မြောက်ကိုးရီးယားမှ လွတ်မြောက်နိုင်မည့် အစီအစဥ်တွေကို စတင်လုပ်ဆောင်လာပြီး ကျွန်မတို့ရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ဘယ်ဆီ ဘယ်ဝယ်မှန်းတောင် မသိရသေးတဲ့ ခရီးတစ်ခုကို စတင်ဖို့ ဦးတည်ချက်ထားပြီး လုပ်ဆောင် လာနေပါတယ်။
မေမေ နေပြန်ကောင်းလာခါစအချိန် ဖေဖော်ဝါရီလဆန်း
လောက်မှာ မေမေနှင့်တစ်ဖန်ပြန် တွေ့ဖို့ ကျွန်မ အိမ်ကိုပြန်လာခဲ့ပါတယ်။ မေမေ့ နှင့် ဆုံကြတဲ့အချိန်မှာတော့ တရုပ်ပြည်ကို ထွက်ပြေးတော့မယ် ဆိုတဲ့ မေမေ့ရဲ့ ထိပ်လန့်ဖွယ် ဆုံးဖြတ်ချက်က ချထားပြီးနေပြီ ဆိုတာကို ချက်ချင်းပဲ ကျွန်မသိလိုက်ပါတယ်။
*****
ကျွန်မတို့ရဲ့ အင်ဒုတ်ခ်မြိုလေးကနေ တရုပ်-မြောက်ကိုးရီးယားနယ်စပ်ကို ကားနဲ့ တစ်နာရီခန့်သွားရင် ရောက်ပါတယ်။ ဒါပေမဲ့ ဒီလို အန္တာရာယ်မျိုးကို ဘယ်တုန်းကမှလည်း စိတ်ကူး မယဥ်ခဲ့ဖူးပါဘူး။ လက်နက်ကိုင်ထားကြ တဲ့ အစောင့်တွေ အပြည့် ကင်းလှည့်နေကြတဲ့ အဲဒီ နယ် စပ်ကို တရားမဝင် ဖြတ်ကျော်ရင် မြင်တာနဲ့ ပစ်သတ်ဖို့ အစိုးရက ညွန်ကြားထားပြီးသားပါ။
အဲဒီလို အန္တာရယ်တွေကို ကျော်လွားပြီး တရုပ်နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်ဖို့ တစ်ချို့ကျွန်မတို့ရဲ့မိတ်ဆွေတွေကလည်း တိုးတိုး တိတ်တိတ် အကြံ ပေးဖူးပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာ ဆက်နေရင်လည်း ကျွန်မတို့အတွက် အသက်ရှင်သန်ဖို့ အခွင့်အလမ်း ရှိမှာ မဟုတ်ဘူး လို့လည်း သတိပေးကြပါတယ်။
တရုပ်နိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်ပြီး အဆင်ပြေနေကြတဲ့ မိသားစုတွေ တော်တော်များများ ရှိနေကြတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြကြပါတယ်။ အစ ပထမမှာတော့ သူတို့တွေ ပြောပြတာကို မေမေက မယုံကြည်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ မေမေငယ်စဥ် အခါကပင် ကျွန်မတို့နိုင်ငံက တစ်ရုပ်နိုင်ငံထက် ပိုပြီးချမ်သာတယ်လို့ ယုံကြည်ထားတာပါ။
မေမေ ပျိုရွယ်တဲ့ အချိန်းခါတုန်းက ဝမ်းရေးဖြေရှင်းဖို့ ကျွန်မတို့ မြောက်ကိုးရီးယားနိုင်ငံထဲကို ဝင်လာဖို့ စိတ်ကူးယဥ်ခဲ့ကြတဲ့
တရုပ်တွေ ရှိဖူးခဲ့ကြတာပါ။ ခုအချိန်မှာတော့ အပြောင်းအလဲတွေက ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ။
ဒါ့အပြင် မြောက်ကိုးရီးယား အစိုးရရဲ့ မမှန်ဝါဒ တိုက်ကြွေးတာကို ခံနေရတာထက် ပိုပြီးဆိုးရွားတာက တစ်ခြား ပြင်ပကမ္ဘာမှ သတင်း အချက်အလက်တွေကိုလည်း သိခွင့်မရကြပါဘူး။ အရင်းရှင်ကမ္ဘာက ပရမ်းပတာနိုင်ငံတွေမှာ နေရတာထက် ကျွန်မတို့ မြောက်ကိုးရီးယားနိုင်ငံက ပိုပြီး သာတယ်လို့ အမြဲတမ်းလိုလို မရနေ ဝါဒဖြန့်နေကြတာပါ။ မြောက်ကိုးရီးယား ပြည်သူတွေဟာ အစိုးရက တစ်လျှေက်လုံး အလိမ်အညာတွေနဲ့ ဖိနှိတ်မှုတွေ အောက်မှာ ကြီးပြင်းလာခဲ့ကြရပြီး လိမ်လို့ လိမ်မှိုင်းတောင် မသိခဲ့ကြရ ရှာပါဘူး။
အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒါတွေဟာ သုံးစားမရတဲ့ ”ဂျင်းဝါဒ” ဆိုတာကို မေမေကလည်း လက်ခံယုံကြည်လာခဲ့ပါတယ်။ နောက်ပြီး ကျွန်မတို့မှာ လက်ကျန်ဆုံးရှုံးစရာဆိုလို့ သိပ်များများစားစားလည်း မရှိတော့ပါဘူး။ မေမေရဲ့ ခေါင်းထဲကို တစ်ကြိမ်လောက်အတွေးခေါ်တစ်ခု ဝင်လာပြီဆိုရင် ပြန်ထွက်ရိုး ထုံးစံမရှိပါ။
မေမေက စကားတစ်လုံးမှမပြောတော့ပါ။ တစ်ယောက် တည်း ပြင်ဆင်စရာရှိတာကို ပြင်နေပါတယ်။ ကျွန်မတို့တွေလည်း နိုင်ငံတော်ကို သစ္စာ ဖောက်သူတွေ.. ဘက်ပြောင်းခိုလုံသူတွေ.. ဖြစ်ကြရတော့မယ်။ဒါပေမဲ့ ကျွန်မတို့ စိုးရိမ်တာတွေက နိုင်ငံရေးနဲ့ အဝေးကြီးပါ။
ဒါဟာ ကျွန်မတို့ရဲ့ အသက် ရှင်သန်လိုတဲ့ စိတ်ပါ။ အစိုးရကို တော်လှန် ဆန့်ကျင်ချင်တဲ့ အတွေးအခေါ်ကြောင့် ဖြစ် လာရတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပန်းတိုင်က အစားအစာ ရှာဖွယ်ဖို့နှင့် အသက် ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ တစ်ခုတည်းရယ်ပါ။ အာဏာရှင် ကင်ကျုံအီးလ်ကို ဝေဖန်ဖို့ ဆန္ဒလည်းမရှိပါဘူး။ ကျွန်မတို့ရဲ့ဝမ်း ရေးကို အဆင်ပြေစေရုံ လောက်ပါပဲ။
အန္တရာယ်ကြီးမားလှတဲ့ လွတ်မြောက်ရေး ခရီးရှည်အဆုံး…နောက်ပိုင်းမှာ မှသာ မြောက်ကိုးရီးယားမှာ နေခဲ့ရတဲ့ ဘဝတွေရဲ့အဖြစ်သနှစ်ကို မျက်စိလည်ပွင့်.. နားလည်ပွင့် သိမြင်လာခဲ့ရပါတယ်။ ဒါ့အပြင် ရက်စက် ဖိနှိတ်လှတဲ့ အုပ်ချုပ်ရေးစနှစ်ကိုလည်း စတင်သိနားလည် လာခဲ့ရပါတယ်။ ယနေ့အချိန်မှာတော့ ကျွန်မက တောင်ကိုးရီးယားနိုင်ငံမှာ ဘေးကင်းကင်းနဲ့ နေထိုင် နေရသူမို့လို့ မြောက်ကိုးရီးယား အစိုးရရဲ့ရာဇဝတ်မှုတွေကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ထုတ်ပြောနိုင်တာပါ။
*****
၁၈ နှစ်တာ ကာလကို ဖြတ်ကျော်လာခဲ့ပြီးပြီ။ ကျွန်မတို့ဘဝတွေ ဝရမ်းပြေးတွေလို စတင်ပြီး ပြေးခဲ့ရတဲ့ နေ့တွေက မနေ့ တစ်နေ့ ကလို့ပဲလားလို ထင်မှတ်နေမိပါတယ်။ ကျွန်မတို့ ထွက်ပြေးခဲ့ရတဲ့ ခရီးရှည်ဟာ ကိုးနှစ်လောက်တော့ကြာမြင့်ခဲ့မှာပါ။ ထိုစဥ်က စွန့်စားခဲ့ရတဲ့ အကြောင်းတွေကို နည်းနည်းလေးတောင်မှ မေ့ပျောက်လို့မရနိုင်ပါဘူး။
ညရဲ့အမှောင်ထုကြီးက အင်ဒုက်ခ်မြို့ကို ကြီးစိုးနေပါတယ်။ နွေဦးကာလဟာ ကောင်စွာ ဝင်ရောက်နေပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ညအချိန်ရောက်ရင် အအေးဒဏ်ကြောင့် တုန်ရီ နေရတုန်းပါပဲ။ အစ်မ ဂုမ်ဆမ်ရယ်..မေမေရယ်..ကျွန်မရယ်.. သုံးယောက် အပြင်ကိုတိတ်တိတ်ကလေး ထွက်ခွာခဲ့ကြပါတယ်။
မေမေက ကျွန်မတို့အခန်းတံခါးကို ပိတ်လိုက်ပါတယ်။ ဒီတစ်ကြိမ် ကျွန်မတို့ အိမ်ခန်းတံခါးပိတ်တာဟာ ထာဝရပိတ်ခြင်းပါပဲ။ အမှတ်တစ်ရပစ္စည်းတွေကို ထည့်ထားတဲ့ ကျောပိုးအိပ်လေးက ကျွန်မရဲ့ ဘဝမှာ တန်ဖိုးအရှိဆုံးပါပဲ။ အဲဒီအိပ်ကို ကျွန်မနဲ့အတူ တစ်ပါတည်း ယူဆောင်လာခဲ့ပါတယ်။
ဓာတ်ပုံတွေကို ကျောပိုးအိပ်ထဲ့မှာ ထည့်ယူလာခဲ့ပါတာပါ။အထူးသဖြင့် ပြုံယမ်းမြို့က ကင်အီလ်ဆောင်း ရုပ်ထုရှေ့မှာ အမွေးပွ ဦးထုပ်ကို ဆောင်းပြီး ရိုက်ထားတဲ့ ဖေဖေရဲ့ဓာတ်ပုံတစ်ပုံကိုလည်း ထည့်ယူလာခဲ့ပါတယ်။ အဲဒီဓာတ်ပုံက ဖေဖေရဲ့ဓာတ်ပုံတွေထဲ့က ကျွန်မအကြိုက်ဆုံး ဓာတ်ပုံတစ်ပုံပါပဲ။
အနီးအနားတစ်ဝိုက်က လမ်းမပေါ်မှာ ဖြတ်လျောက်သွားလာနေကြတဲ့ လမ်းသွား..လမ်းလာတွေက ကျွန်မတို့ကိုမြင်ဖို့ နေနေသာသာ သတိတောင်ထားပုံမပေါ်ပါဘူး။ ကျွန်မတို့ မထွက်လာခင် တစ်ရက်ကပင် မေမေက မေမေရဲ့မိတ်ဆွေတစ်ယောက်ဆီမှာ လွှတစ်ချောင်းနှင့် ပုဆိန်တစ်လက်ကို အဆင်သင့် ငှားထားပြီးပါပြီ။ အဲဒီ လွှ နှင့်ပုဆိန်ဟာ ကျွန်မတို့အတွက် ဟန်ဆောင် ထင်းခုတ်အနေနဲ့ လိုရမယ်ရ ဆောင်ထားရမည့် လက်နက်တွေပါပဲ။
မေမေကတော့ အဲဒီလွှနဲ့ပုဆိန်ကို မပျောက်မချရအောင် ထိမ်းသိမ်း စောင့်ရှောက်ထားပေးပါ့မယ် ဆိုတဲ့ ကတိမျိုး မေမေ့ရဲ့မိတ်ဆွေကို မပြောရက်ခဲ့ပါ။ ကောင်းမှာလား၊ဆိုးမှာလား အဖြူ..အမဲ..မသဲကွဲတဲ့ ကျွန်မတို့ ခရီးရှည်ကာလမှာ ကျွန်မတို့ရဲ့ ဝမ်းရေးကို အထောက်ကူပေးနိုင်ဖို့က အဲဒီ လက်နက်နှစ်ခုကသာ အဓိကကျတာပါ။
မေမေက ကျွန်မတို့ ညီအစ်မကို ပြောပြထားပါတယ်။ ဝမ်းရေးအတွက် အစားအသောက်တွေလိုအပ်လာရင် ကျွန်မတို့အားလုံး ထင်းခုတ်ပြီးရောင်းချကြရမယ်လို့ ဆိုပါတယ်။ မေမေကတော့ လက်တွေ့ဆန်ပြီး ခိုင်မာပြတ်သားတဲ့ စရိုတ်ရှိသူပါ။
တကျည်ကျည် သွားနေတဲ့ လော်ရီကား နောက်ခန်းမှာ လိုက်ပါ စီးနင်းရင်း တရုပ်နယ်စပ်က ရွာကလေးကို ကျွန်မတို့ ရောက်တဲ့အခါ ညအမှောင်က ပိန်းပိတ်အောင်မှောင်မဲနေပါတယ်။ မဲမဲမှောင်မှောင် လွမ်းခြုံနေတဲ့အမှောင်ထုကြီးထဲမှာ ရွာနဲ့ ခတ်ဝေးဝေးမှနေပြီး ခြုံပုတ်တွေ၊ခြုံတောတွေ နောက်မှာ ပုန်းရင်း လယ်ကွင်းတွေကို ဖြတ်ကြရပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မမျက်လုံးတွေဟာ အမှောင်ထုထဲ့မှာ နေသားကျလာပါတယ်။ ပြီးတော့
”တူမင်းမြစ်” ဆိုတာကိုလည်း ခွဲခြားလာနိုင်ပါတယ်။
မြစ်ရဲ့ တစ်ဖက် အခြမ်းမှာတော့ တရုပ်နိုင်ငံ ရှိနေပါတယ်။
တရုတ်-မြောက်ကိုရီးယားနယ်စပ် တစ်နေရာ
လွတ်မြောက်ခြင်း — အမြဲပုံမှန် ထမင်းတွေ အများကြီး စားရဖို့အတွက် ကျွန်မရဲ့မျော်လင့်ချက်တွေက တစ်ဖက်ကမ်းက ကျွန်တို့ကို မျော်နေတော့မှာပါ။ ဒီည ကျွန်မတို့တရုပ်ပြည်ကို ရောက် ဖြစ်ခဲ့ရင်ပေါ့။ အတွေးများနဲ့ ရင်ခုံနေမိတယ်။
မြစ်ကြောင်းတစ်လျှောက်က တစ်ချို့နေရာတွေကို ကုန်ခဲ့တဲ့တစ်ပတ် နှစ်ပတ်ကျော်လောက်ကပင် ကြိုတင်ပြီး ရင်းနှီနေအောင် သွားလာထားကြပါတယ်။ မတ်လ အစပိုင်းလောက်မှာအတွေ့အကြုံရှိတဲ့ မှောင်ခိုသမားတွေဆီမှာ အကြံအညံတွေထံမှရယူပြီး နယ်စပ်ကို ပထမတစ်ကြိမ် ဖြတ်ကျော်ဖို့ ရည်ရွယ် ထားခဲ့ကြတာပါ။
ကျွန်မတို့မြစ်နားကို ရောက်တဲ့ အချိန်မှာတော့ ရှေ့ဆက်ဖို့ အရမ်းနောက် ကျသွားပြီ ဆိုတာသိလိုက်ရပါတယ်။ မြစ်ကြောင်းတစ်လျှေက်မှာ ရေခဲတုန်းလေးတွေက ပေါလောပိုနေကြပါတယ်။
ရေခဲတွေ စတင်အရည်ပျော်နေပြီဖြစ်တာကြောင့် ဆောင်းရာသီ ကုန်တဲ့အထိ စောင့်ကြမှာကို ကျွန်မတို့သိလိုက်ကြပါတယ်။
အဲဒီအချိန်ထိ စောင့်မယ်ဆိုင်ရင် ကျွန်မတို့အတွက်က အတော်ကြာတဲ့ အချိန်ကလတစ်ခုပါ။ ပထတစ်ကြိမ်မှာ စိတ်ပျက်အားလျှော့ရင်းနဲ့ ညအမှောင်ကြီးထဲမှာ အင်ဒုခ်မြိုသို့ ပြန်လာရုံကလွဲလို့ အခြားနည်းလမ်း မရှိတော့ပါဘူး။
ဒါပေမဲ့ မေမေကတော့ လွယ်လွယ် ကူကူနဲ့ ဘယ်တော့မှလက်လျှော့တတ်သူ မဟုတ်ပါဘူး။ နွေရာသီရောက်မှ ပြန်လာမည့်အစာ တူမင်းမြစ်ကို ဖြတ်မယ်ဆိုပြီး မေမေက ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြစ်ကအနက်ကြီးမဟုတ်ဘူးဆိုတာကို ကျွန်မတို့ ကြားဖူးနားဝ ရှိထားတာမို့ ရေခဲပေါ်ဖြတ်လျှောက်ရမှာထက် ရေထဲဆင်းပြီး ဖြတ်လျှောက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ယူဆထားကြပါတယ်။
*****
ဒါကြောင့် ကျွန်မတို့ မြစ်ကို ဒုတိယ တစ်ကြိမ် ကြိုးစားပြီးဖြတ်ကျော်ဖို့ ရှိနေကြပါတယ်။ ကျွန်မတို့ မြစ်ကမ်းနဘေးကို တိတ်ဆိပ်စွာနဲ့ ချဥ်းကပ်သွားကြပါတယ်။ မြစ်နှင့်မီတာ အနည်းငယ် အကွာအဝေးကနေ မြေကြီးပေါ်မှာ ကျွန်မ လဲချလိုက်ပါတယ်။
တရုပ်-မြောက်ကိုးရီးယား နယ်စပ်တစ်လျှောက်မှာ ကင်းလှည့်အစောင့် တွေကလ တောင်ကုန်းတွေကို အတက်အဆင်းနဲ့ အသွားအပြန် ကင်းလှည့် နေကြတာကို အဲဒီဒေသကိုရောက်ဖြစ်ရင် စာဖတ်သူတို့လည်း တွေ့ကြရမှာပါ။
ကျွန်မတို့ နာရီအတော်အကြာ ဘာစကားတစ်ခွန်းမှ မပြောဘဲနဲ့ တိတ်ဆိစွာ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ အစောင့် ကင်းလှည့်သမားတွေ အသွားအပြန် လုပ်နေတာကို အချိန်ဘယ်လောက်ခြားပြီး သွားလာနေကြလည်းဆိုတာကို မေမေက တိတ်တိတ်ကလေးရေတွက်နေပါတယ်။
ညသန်းခေါင်ယံ ဝန်းကျင်လောက်မှာ ကင်းလှည့်သမားတစ်ယောက် ကင်းလှည့်လာပြီး ပြန်အလှည့်မှာ မေမေက လက်ရိတ်ပြတာနဲ့ တစ်ပြိုင်နက် ကျွန်မတို့ သောင်ခုံပေါ်သို့ ဦတည်လိုက်ကြပါတယ်။
မေမေရဲ့နောက်ကနေပြီး ကျွန်မတို့ညီအစ်မနှစ်ဦး ရှေ့ဆင့် နောက်ဆင့် လိုက်သွားကြပါတယ်။ မြစ်ထဲ့ကို အရောက်မှာတော့ ခြေထောက်တွေက အေးခဲနေတဲ့ ရေထဲ့ကိုနစ်မြုတ် သွားပါတယ်။ ကျွန်မတို့တွေ ရေလည်းမကူးတတ်ကြပါ။ မေမေက ကျွန်မတို့ကို တင်းတင်း ကျပ်ကျပ်ဆုပ်ကိုင် ပေးထားပါတယ်။
မထမတော့ ရေတွေက ကျွန်မရဲ့ ဒူးနားအထိ ရောက်လာပါတယ်၊ နောက်အနည်ငယ်ကြာလာတော့ လေပင်းအထိ ရောက်လာပါတော့တယ်။ ကျွန်မ ရေနစ် သေရတော့မှာပါလားဆိုတဲ့ ခံစားချက်တွေက ကျွန်မကို ခြောက်လှန့်လို့ နေပါတယ်။
ကျွန်မတို့ ညီအစ်မကလည်ဘဲ မေမေ့ကို လွတ်ထွက်မသွားအောင် တင်းတင်းကျပ်ကျပ် ဖတ်ထားကြပါတယ်။ မေမေ့ရဲ့စိတ်က ခိုင်မာနေတုန်းပါပဲ။ ကျွန်မတို့ညီအစ်မ နှစ်ဦးအတွက် ရှေ့ကို ဆက်သွားလို့ မရလောက်အောင် ရေရဲ့အနက်က နက်သည်ထက် နက်လာတာကို မေမေက သဘော ပေါက်သွားပုံ ရပါတယ်။ ဒါကြောင့် လာလမ်းအတိုင်း မြစ်ကမ်းဘက်ကို ပြန်လှည့်လိုက်ကြပါတယ်။
မြစ်ကမ်းပါးကို ပြန်ရောက်တော့မှ သက်ပြင်းတွေကို ချနိုင်တော့တာပါ။ မေမေကတော့ ခေါင်းမာတတ်သူပီပီ တစ်ယောက်တည်း မြစ်ထဲကို ပြန်သွားပြီး ကျွန်မတို့အတွက် သွားလို့ရနိုင်မည့် လမ်းကြောင်းကို ဆက်ရှာနေပါတယ်။ ပြန်လာတဲ့အထိ စောင့်နေပေးဖို့လည်း ကျွန်မာတို့ကို မှာကြားထားခဲ့ပါတယ်။
မေမေရဲ့အရိပ်က ဝေးသွားသည်နဲ့အမျှ တစ်ဖြည်းဖြည်းနဲ့ပိုပိုပြီး မှိန်လာပါတယ်။ အမှောင်ထုထဲမှာ မေမေရဲ့မသဲကွဲတဲ့ အရိပ်ကိုကြည့်ရင်း ကျွန်မတိုမှာ ခိုက်ခိုက်တုန်အောင် ချမ်းလွမ်းလို့ အပေါ်နဲ့အောက် သွားတွေ ခေါက်နေ ပါတော့တယ်။ တကယ်လို့ မေမေသာ ရေမြုတ်သွားရင် နောက်တစ်ဖန် မေမေနဲ့ တွေ့ရအုံမှာလား ဆိုတဲ့အတွေးနဲ့ စိုးကြောက် နေမ်ိပါတယ်။
တကယ်လို့ မေမေဟိုဖက်ကမ်းကို အမှန်တကယ် ရောက်သွားခဲ့ရင် ကျွန်မတို့ညီအစ်မ နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်လာမှလည်း။ မေမေ့ရဲ့ပုံရိပ်က အမှောင်ထုထဲ့ကြီးထဲမှာ ပျောက်ကွယ်သွားချိန်မှာတော့ ကျွန်မ နလုံခုံးနုန်းတွေ တစ်ဒိန်းဒိန်းနဲ့ မြန်ဆန်နေပါတယ်။
မိနစ်ပိုင်လောက် အချိန်ခဏလေးကို နာရီပေါင်းများစွာမက ခံစားနေမိတယ်။ ထိုအခိုက်အတန့်ကလေးမှာပဲ ရုပ်တစ်ရက်ဆိုသလို မေမေဟာ ဘွားခနဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ခန္တာကိုယ်တစ်ခုလုံးလည်း ရေတွေ စိုရွှဲနေပြီး သိပ်ပြီး သွက်သွက် လက်လက် လမ်းမလျှေက်နိုင်တော့ပါ။
တရုပ်ပြည်ဖက်ကအခြမ်းကို ရောက်ရှိဖို့ နှစ်မီတာလောက်ပဲ ကျန်တော့တယ်လို့ နှုံချည့်ချည့်နဲ့ မေမေက ကျွန်မတို့ကို ပြောပြ ရှာပါတယ်။ ပြီးတော့ ရေထဲ့မှာလည်း ခြေလျှော် လဲကျခဲ့ရသေးတယ်လို့ ဆိုပါတယ်။ မေမေ့ စကားကို ကြားတော့ ကျွန်မတိုညီအစ်မမှာ အကူညီမဲ့သလို့ ရင်ထဲ့မှာ ဟာတာတာနဲ့ ခံစားနေမိပါတယ်။
ညနက်သန်းခေါင် အမှောင်ထုကြီးထဲမှာ မိန်းကလေးငယ်နှစ်ယောက်က ရွှဲရွှဲစိုနေတဲ့ မိခင်ကို စောင့်လျှေက်ဖို့ ကြိုးနေကြချိန်မှာ
” ငါတို့ နယ်စပ် အစောင့်တွေဆီကို သွားရအောင်”
အားပျော့ လက်လျှော့ရင်းနဲ့ မေမေက ပြောလိုက်ပါတယ်။
#In A Thousand Miles to freedom by Eunsun Kim with Sebastien Falletti
English version translated by David Tian
#ဘာသာပြန်—Kyi San Khin
Keep Reading