Author's Profile Photo

SarPhat Author

20/05/2024

လွတ်မြောက်ရာဆီသို့

10 mins read
Personal Development
Education
General Knowledge
လွတ်မြောက်ရာဆီသို့'s photo

အခန်း(၅)
၁၉၉၇ ဒီဇင်ဘာလ
ကျွန်မရဲ့ ခန္တာကိုယ်ဟာ တုတ်ချောင်းတစ်ချောင်းနဲ့ မခြားနားတော့ပါ။ ပိန်ပေမည့်လည်း ရွေ့ရ၊ ပြုရ၊ မလွယ်ကူလှတာကြောင့် တစ်တန်လောက် လေးသလိုခံစားနေမိပါတယ်။ ဒါ့အပြင် မာကြော၊အေးခဲနေတဲ့ မြေကြီးထဲမှာ နစ်ဝင်နေပြီး ရုံးထွက်လို့ မရသလိုမျိုး၊ ညအမှောင်ထုကြီးကလည်း ကျွန်မကို တစ်စတစ်စနဲ့ ဝါးမြိုလာခဲ့ပြီ။

ကျွန်မအဖို့ ရှေ့ဆက်ဖို့ အားအင်တွေကလည်း ကုန်ခန်းလို့နေပါပြီ။ မေမေတို့ကလည်း ကျွန်မကို ပစ်ထားခဲ့ကြပြီ။
လေကားထစ်ပေါ်က ခြေသံတွေက ကျွန်မနားထဲမှာ ပဲ့တင်ထပ်နေပေမည့်လည်း ခန္တာကိုယ်က လုံးဝ လှုပ်မရတော့ပါ။ ၁၉၉၇ ခုနှစ်ကျွန်မအသက် ၁၁ နှစ်ပြည့်ချိန်… အေးစက်လှတဲ့ ဒီဇင်ဘာ ဆောင်းညတစ်ညမှာ အပျိုလုပ်ခွင့်တောင် မရလိုက်ပဲနှင့် ကျွန်မသေရတော့မယ် ဆိုတာကို သိနေခဲ့ပါတယ်။ ရုပ်တစ်ရက်ဆိုသလို အသံတိုးတိုးလေးတစ်ခု ကျွန်မရဲ့နားထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။

ကျွန်မ.. အိမ်မက်ဆိုးတစ်ခုခုကို မက်နေတာများလား…ဇဝေဇဝါနဲ့ မျက်လုံး မပွင့်တစ်ပွင့်နဲ့ ဖွင်ကြည့် လိုက်တဲ့ အချိန်မှာ မှောင်မဲနေတဲ့ အရိပ်တစ်ခု ကျွန်မရှေ့ကို ထိုးကျလာပါတယ်။ အဲဒီအရိပ်က ကြီးသတဲ့ကြီးလာပါတယ်။ ကြောက်ကြောက်နဲ့ ကျွန်မ အိပ်ရာက ရုပ်တစ်ရက် ထလိုက်အချိန်မှာ မြင်နေရတဲ့အရိပ်ဟာ ကျွန်မနှင့်ရင်းနှီး ကျွမ်းဝင်နေကျ အရိပ်ဆိုတာကို သိလိုက်ပါတယ်။

အမှန်တကယ်ပါပဲ အဲဒီအရိပ်တွေက အမ်မ ဂုမ်ဆမ် နှင့်မေမေတို့ရဲ့အရိပ်ဆိုတာကို သိနားလည်လိုက်ပါတယ်။ ကျွန်မရဲ့ ပိန်လှီးနေတဲ့ ခန္တာကိုယ်လေးမှာလည်း ဆတ်ခနဲ တုန်ရီသွားပြီး မချိလှတဲ့ ကျွန်မရဲ့ သောကဝေဒနာတွေ လည်း စတင် လွင့်စင် သွားပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်မ ဝမ်းသာရမလား… ဝမ်းနည်းရမှာလား..ဆိုတာတောင် မသိတော့ပါဘူး။

ကျွန်မရဲ့ သေတမ်းစာကို ရေးလို့ပြီးတာ တစ်နာရီ ဝန်းကျင်လောက်ပဲ ရှိသေးပါတယ်… ခုတော့ ကျွန်မရဲ့ မိသားစုကို ပြန်တွေ့နေရပြီ။ ဒါဟာ အံဖွယ်တစ်ခုပါပဲ။ ကျွန်မသေတမ်းစာကို ရေးနေစဉ်မှာ မေမေနှင့် အစ်မ ဂုမ်ဆမ်တို့ဟာ အိမ်အပြန်လမ်းမှာပဲ ရှိနေကြတာပါ။

သေတမ်းစာကို ရေးမိအတွက် နည်းနည်းလေး ရှက်သလိုလို..ရွံ့သလိုလို ဖြစ်နေ မိပါတယ်။ ပိုဆိုးတာက မေမေ့အပေါ်မှာ ခံရခက်တဲ့ စကားလုံးတွေ ထည့်သုံးပြီးရေးမိတဲ့ အတွက်ကြောင်လည်း ကိုယ့်ကိုကိုယ် သရဲဘောကြောင်နေမိတယ်။ စားပွဲပေါ်မှာတင်ထားတဲ့ ကျွန်မရေးထားတဲ့စာကို မေမေက တွေ့သွားခဲ့ပါတယ်။

ကျွန်မရေးထားတဲ့ စာကို မေမေက တိတ်တိတ်လေးဖတ်နေတာကို ကြည့်ရင်း ကျွန်မမှာ အသက်ကို မနည်းထိမ်းပြီး ရှုနေရပါတယ်။ မေမေ့ရဲ့မျက်နာပေါ်မှာတော့ ဘာစိတ်ခံစားချက်မှ ထွက်ပေါ်လာတာ မတွေ့ရပါဘူး။ ပြီးတော့ မေမေ စာဖတ်နေတဲ့ အခိုက်အတန့်မှာ ဘာတွေတွေးနေတာလည်း ဆိုတာကိုလည်း ကျွန်မ မခန့်မှန်တတ်ပါ။ ကျွန်မရဲ့စာကို မေမေ ဖတ်နေတာကို ကြည့်ရင်း ကျွန်မရဲ့ ပျော်ရွင်မှုတွေလည်း အရောင်လွင့် သလိုတစ်ဖြည်းဖြည်းနဲ့ လွင့်စင်ခဲ့ရပါတယ်။

မေမေနှင့် အစ်မဂုမ်ဆမ်တို့ လက်ဗလာသက်သက်နဲ့ ပြန်လာခဲ့ရတာကို ကျွန်မသိလိုက်တဲ့ အခါမှာတော့ ကျွန်မရဲ့တဒဂ် ပျော်ရွင်မှုတွေဟာ လုံးဝ တက်တက်စင်အောင် ကွယ်ပျောက် သွားခဲ့ရပါတယ်။

မေမေတို့ရဲ့ ရာဂျေဆိုင်ဘိုင်းမြို့ ခရီးစဉ်က အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဘယ်အစားအသောက်မှလည်း ယူမလာနိုင်ခဲ့ကြသလို့ ကျွန်မလည်း ခုအချိန်မှာ ငတ်နေရပါပြီ။ ကုန်ခဲ့တဲ့ နှစ်ရက်ကပင် မုံလာရွက်ခြောက်တွေ ကုန်သွားခဲ့လို့ ဘာအရသာမှမရှိတဲ့ ရေနှင့် မျောချနေရတာပါ။

အဲဒီချိန်မှစပြီး အစားအစာဆိုလို့ ဘာတစ်ခုမှ ပါးစပ်ထဲကို မထည့်ထားခဲ့ရတာ ခုအချိန်ထိပါပဲ။ သေလောက်အောင်စိတ်ပျက်ခဲ့ရပေမည့် စိတ်ပျက်တာကိုလည်း မထုတ်ဖော်ရဲ့ခဲ့ပါဘူး။

ဘာတစ်ခုမှ အထောက်အကူမပြုပဲ စားပွဲပေါ်က ကျွန်မရဲ့စာ။
ဘာတစ်ခုမှ အကျိုးမဖြစ်ထွန်းခဲတဲ့ မေမေ့ရဲ့ခရီးရှည်။ အဲဒါတွေ အပြီးမှာတော့… မေမေဟာ မောပန်းပြီး စိတ်တွေက ကယောက်ကယက် ဖြစ်နေပုံ ရပါတယ်။ စားစရာဘာတစ်ခုမှမရှိတော့တဲ့.. ဗလာကျင်းနေတဲ့ အခန်းထဲကို ဒေါင့်စေ့အောင် လှည့်ပတ်ရှာကြည့်ရင်း မေမေဟာ ရေတစ်ဖန်ခွက်ကို ယူသောက်လိုက်ပါတယ်။

“သမီးတို့ရေ မေမေတို့အတွက် ခုအချိန်မှာ လုပ်စရာဆို
လို့ သေဖိုကလွဲပြီး အခြားဘာမှ မရှိတော့ဘူး….ဒီတော့ ငါတို့ အားလုံး အတူတူသေကြတာပေါ့အေ..” လို့ အားပျော့ နွမ်းလျတဲ့ အမေ့ဆီမှထွက်လာတဲ့စကာသံ။

ဘာစကားတစ်ခွန်းမှ မပြောတော့ပဲ မေမေဟာ မီးဖိုချောင် နံရံနဲ့ ဘေးချင်ကပ်ထားတဲ့ ဖာတစ်ရာ အိပ်ရာပေါ်မှာ လဲချလိုက်ပါတော့တယ်။ ကျွန်မတို့ ညီအစ်မလည်း မေမေ့ နောက်ကျောကို မှီပြီး ခွေခွေလေးအိပ်စက်ခဲ့ကြပါတယ်။ ကျွန်မ အိပ်မောကျသွားတဲ့ အချိန်မှာတော့ အမှောင်ထုကြီးက ကြီးစိုးလို့နေပါပြီ။ ကျွန်မတို့တွေဟာ အစာရေစာငတ်ပြီး အကူအညီ မဲ့နေပေမည့် အတတ်နိုင်ဆုံဆုံတော့ ကျွန်မ တစ်ယောက်တည်း သေမှာတော့မဟုတ်ပါဘူး။

မနက် မိုးလင်းအချိန် ရောက်တော့ လမ်းပေါ်က ဆူညံသံတွေကြောင့် ကျွန်မတို့ အိပ်ရာမှ နိုးလာခဲ့ကြပါတယ်။ ဒါပေမဲ့ ကြွက်သားတွေ တောင်းတင်းပြီး ဘာမှ လုပ်ရှုားလို့ မရလောက်အောင်ပါပဲ။ မေမေကတော့ ရုပ်ထုတစ်ခုလို မလှုပ်မတုတ်နဲ့ ဘာစကားတစ်ခွန်းမှလည်း မပြောတော့ပါဘူး။ ​မေမေရဲ့ပက်ခုံးပေါ် ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးက ခံနိုင်ရည်ရှိဖို့ အရမ်းကိုယ် လေးလံလွန်းလှပါတယ်။

ကျွန်မတို့ နိုင်ငံကို ရိုက်ခတ်နေတဲ့ အကျပ်အတည်းဆိုးကြီး ကလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီး ဆိုးရွားလာနေပါတယ်။အဲဒီ အငတ်ကပ်ဘေးကြီးကနေ ကျွန်မတို့တွေ ကျော်လွားနိုင်ဖို့ မေမေသည်သာ ကျွန်မတို့ရဲ့နောက်ဆုံးမျော်လင့်ချက် ဆိုတာကိုလည်း မေမေက သိနေပါတယ်။

၁၉၉၅ ခုနှစ် ကပင်စပြီး ကျွန်မရဲ့မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေဟာ တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက့်ဆင့် သေနေကြရပါပြီ။ သေရမည့် စရင်းမှာလည် ကျွန်မတို့ သားအမိ သုံးယောက်က နောက်ဆုံးစရင်းဝင်တွေပါပဲပေါ့။ နှစ်နှစ် ဆိုတဲ့ ကာအလအတွင်းမှာပဲ ကျွန်မရဲ့အဘိုးနှင့် ဘွားဘွားတို့ ရှေ့ဆင့်နောက် ဆင့်နဲ့ ဆုံးပါးခဲ့ပါပြီ။

ကုန်ခဲ့တဲ့ တစ်လလောက်ကပဲ သေရမည့်စရင်းမှာ ဖေဖေအလှည့် ကျရောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ မေမေက မျက်လုံးတွေကို မှိတ်ထားပေမဲ့ မေမေ့ရဲ့စိတ်အစဥ်မှာတော့ ခုလို အတောမသတ်နိုင်တဲ့ အိမ်မက်ဆိုးကြီးကို ထပ်ကာတစ်လဲလဲ ပြန်ရိုက်ပြီး ကြည့်နေရတဲ့ ရုပ်ရှင်ကား တစ်ကားလိုပဲ ရှိနေမှာ သေချာပါတယ်။

****

အရင်တုန်းက ကျွန်မအရမ်းကြိုက်ခဲ့တဲ့ ခေါက်ဆွဲအေးတွေလည်း မစားရတာကြာခဲ့ပါပြီ။ ၁၉၉၄ ခုနှစ်ဦးပိုင်း အချိန်လောက်ထိတော့ ကျွန်မတို့မှာ စားနိုင်သောက် နိုင်လောက်တဲ့ အကြောင်းရင်းတွေ အမြဲ အလုံအလောက်ရှိခဲ့ပါတယ်။ ကျွန်မ အစတုန်းက ပြောခဲ့သလိုပါပဲ မေမေအလုပ်လုပ်နေတဲ့ ဆေးရုံဝင်းထဲမှာရှိတဲ့ စားသောက်ဆိုင် တွေမှာ ရောင်းမကုန်လို့ ပိုလျံနေတာ
ကို ကျွန်မတို့အတွက် ယူလာပေးလေ့ရှိပါတယ်။

ကျွန်မတို့တွေ မေမေယူလာပေးတဲ့ ဂင်ချီတွေ၊ဂေါ်ဘီချဉ်စပ်တွေကို ပုံမှန်လိုလို ထမင်းနဲ့ စားကြရတော့ မေမေ့ကိုအရမ်း ကျေးဇူး တင်ကြရပါတယ်။ ဂင်ချီဆိုတာက စားကြည့်ရင် လျှာမှာ စူးချချ ချဉ်စပ်စပ် အရသာရှိတဲ့ ကိုးရီးယားရိုးရာ အထူး စားစရာ တစ်မျိုပါ။ ဒါပေမဲ့ အရာသာက အရမ်းကောင်းပါတယ်။

စာရှုသူတို့အနေနဲ့ ကင်ချီကို တစ်ကြိမ်လောက် စားကြည့်ဖူးတာနဲ့ ကင်ချီမပါရင် ထမင်စားလို့တောင် ရမှာမဟုတ်ပါဘူး။ ကျွန်မအသက် ၉ နှစ်ထဲဝင်ခါစကတည်းကပင် ကျွန်မတို့မှာ နေ့တိုင်းလိုလို ထမင်ချက်ဖို့ ဆန်မရှိ ဖြစ်နေတတ်ပါတယ်။

ဆေးရုံထဲက စားသောက်ဆိုင်တွေကလည်း တစ်ဖြည်းဖြည်း နဲ့အစားအသောက်တွေ ရှားပါးလာနေပါတယ်။ ထမင်းကိုယ်စား မေမေက ကျွန်မလုံးဝမကြိုက်တဲ့ ပျော့စိစိ ဆန်ပြုတ်တွေကိုပဲ ကျိုချက်ပြီးကျွေးပါတော့တယ်။ ဆန်ပြုတ်ပုဂံကို ကျွန်မရှေ့ချပေးတဲ့အခါတိုင်း

”အဲဒါကြီးကို မစားချင်ဘူး” ဆိုပြီး

ကျွန်မ ညီးတွားခဲ့ရပါတယ်။ နောက်ဆုံး တော့လည်း အဲဒီဆန်ပြုတ်ကိုမစားရင် စားစရာ နောက်ထပ် မရှိဘူးဆိုတာကို သိတော့ အဲဒီဆန်ပြုတ်ကိုပဲ ဇွတ်အတင်း မျိုချရတော့တာပါပဲ။ အစားအသောက်တွေ စတင် ပြတ်လတ်လာရတဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ အိမ်ခန်းအနီးမှာ ရှိတဲ့အစိုးရ ကုန်လှောင်ရုံမှာ ဘာပစ္စည်းတစ်ခုမှ မကျန်တော့ဘာဘူး။ အဲဒီ ကုန်လှောင်ရုံ သေးသေးလေး ကတော့ သံမဏိတန်းတွေနဲ့အတူ ပြတင်ပေါက်နှစ်ပေါက် ပါတဲ့ ကုန်လောင်ရုံး အသေးစား တစ်ခုပါ။

ကုန်လှောင်ရုံ ဆိုတာထက် အကျဥ်းထောင်တစ်ခုနဲ့ ပိုပြီးတူပါတယ်။ မြို့ထဲမှာရှိတဲ့ ရိပ်ခါတွေ အားလုံးကို အဲဒီကုန်လှောင်ရုံလေးမှာ သွားပြီး သိုလှောင်ထားကြရပါတယ်။ ဘာလိုလည်းဆိုတော့ ကျွန်မတို့ မြောက်ကိုးရီးယားနိုင်ငံမှာ တရားသေ မဖြစ်မနေ လက်ခံနေကြရတဲ့ ဆိုရှယ်လစ် အစိုင်အလာအရ အရာခတ်သိမ်း အားလုံးကို အစိုးရကပဲ ပိုင်ပါတယ်။

ပြည်သူတွေက မပိုင်ပါဘူး။ ကျောင်းဝတ်စုံတွေမှအစ ဆီနှင့် ဆန်တို့ အထိ၊ အခြေခံ စားသောက်ကုန် အားလုံးနီးပါးကို အဲဒီ ကုန်လှောင်ရုံလေးမှာ လိုချင်တာ အားလုံးကို ရှာလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဘာမှ မရှိတဲ့ အချိန်တွေဘဲ များပါတယ်။ နှစ်နှစ်လောက် အကြာမှာ ရိပ်ခါတွေ ပြတ်လပ်သွားတာကြောင့် ကုန်လောင်ရုံကို အမြဲလိုလို ပိတ်ထားရတာပါ။ ရိပ်ခါတွေကို နည်းချင်း ဖြန်ဝေပေးနေတာကနေ တစ်စတစ်စနဲ့ ပိုးပြီး ပုံမှန်မကျ ဖြစ်ဖြစ် လာခဲ့ရပါတယ်။ နောက်ဆုံး ကုန်တွေ လုံးဝ ကုန်သွားတော့မှသာ ရပ်တန့်သွား ပါတော့တယ်။

ရပ်လဒ်တစ်ခု အနေနဲ့ကတော့ ဂျမ်မာဒန် မှောင်ခို စျေးမှာ အဲဒီကုန်တွေကို မှောင်ခိုစျေးနဲ့ အရောင်းအဝယ်လုပ်လို့ ရနိူင်တာကို လူတိုင်းက သိနေကြပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ အဲဒီကိစ္စကို ဘာသိဘာသာ မသိချင်ယောင် ဆောင်နေကြပါတယ်။

တစ်ခါတစ်လေ ကုန်ပစ္စည်းတွေကို လမ်းမပေါ်မှာလည်း ချရောင်းကြပါတယ်။ နောက်ပြီး စျေးနူန်းတွေ ခေါင်ခိုက်နေတဲ့ အစားအသောက်တွေကို ဝယ်ယူနိုင်ဖို့အတွက် အများပြည်သူတွေဟာ သူတို့တွေရဲ့လက်ကျန် ပိုင်ဆိုင်မှုတွေကို ထုခွဲပြီး အိမ်တိုင်းလိုလို အိမ်ရှေ့တွေမှာတင် စျေးပန်းခင်းကာ ရောင်းချ ကြရပါတယ်။

*****

၁၉၉၀ ခု နှစ်လယ်ပိုင်းအချိန်တုန်းက ကျွန်မတို့ မြောက်ကိုးရီးယား နိုင်ငံမှာ အကြီးအကျယ် အငတ်ဘေးဆိုက်ပြီး ဒုက္ခ ပင်လယ် ဝေခဲ့ရပါလားလို့ မြောက်ကိုးရီးယားမှ လွတ်မြောက်လာပြီး နောက်ပိုင်းမှသာ ကျွန်မ သဘော ပေါက် နားလည်လာခဲ့ ရပါတယ်။

ယနေ့အချိန်မှာတော့ အဲဒီကြေကွဲဖွယ် အငတ်ဘေးကြီးမှာ လူတွေ ဘယ်လောက် သေကြေ ပျက်စီး သွားခဲ့ရသလည်း ဆိုတာကို ဘယ်သူကမှ အတိအကျ သိနိုင်တော့မည် မဟုတ်ပါ။

အဲဒီအချိန်တုန်းက မြောက်ကိုးရီးယား ပြည်သူတွေ ဖြစ်ခဲ့ရ၊ကြုံခဲ့ရသမျှကို အစိုးရက ငြင်းပယ်တာကိုလည်း ခံကြရပါတယ်။ အနည်းဆုံး လူပေါင်း ငါးသောင်း လောက်ဟာ အဲဒီကပ်ဘေးကြီးမှာ သေကြေ ပျက်စီးခဲ့ရပါတယ်။ တစ်ချို့ NGO တွေရဲ့စစ်တမ်းရ တကယ့် ကိန်ဂဏန်း အမှန်က တစ်သန်း ထက်တောင် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်မတို့ရဲ့ ပြည်နယ် ဖြစ်တဲ့ ဟန်ယောင်းပြည်နယ် ကတော့ တမျိုးသားလုံးရဲ့အငတ်ဘေးအန္တရာယ်ကြီးမှာ အဆုံးဝါးဆုံး ထိခိုက် သေကြေပျက်စီးခဲ့ရတာကို ဆိုလ်မြို့ကို ရောက်ပြီးတဲ့ အချိန်မှာမှသာ သိလိုက် ရပါတယ်။
အဲဒီ ငတ်မွတ်ခေါင်းပါးမှုကြီး ဖြစ်လာရတာဟာလည်း အလွန်ပင် ရှုပ်ထွေးလွမ်း လှပါတယ်။

၁၉၉၁ နှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲရခြင်းဟာ စက်ရုံတွေ၊ လျပ်စက်ပြတ်တောက်မှုတွေ၊ လုပ်ငန်းတွေ ရပ်ဆိုင်လိုက်ရတာတွေ၊ လယ်ယာမြေတွေမှာ မြေသြဇာ မသုံးစွဲနိုင်ကြတော့ တာတွေ.. နောက်ပြီး အစားအသောက် ရိပ်ခါတွေ လျော့နည်း လာရတာတွေဟာ မြောက်ကိုးရီးယားရဲ့စီးပွားရေးကို မတည်မငြိမ် ဖြစ်စေခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်တွင် ကျွန်မတို့ ပြည်နယ်ရဲ့ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတဲ့ စိုက်ပျိုးရေးကို နောက်ဆုံး အပြီးတိုင် ချေမှုန်းခံလိုက်ရပါတယ်။ လက်ကျန် ရိပ်ခါတွေကိုလည်း ပြည်သူတွေ ဒုက္ခပင်လယ် ဝေရနေချိန်မှာ စစ်တပ်နှင့် အထက်တန်းလွာ လူတန်းစားတွေ အတွက် တိုးတိုး တိတ်တိတ် သီးသန့် သိုမှိထားလိုက်ကြပါတယ်။ အဲဒီအငတ်ဘေးကြီးမှာ ကလေးငယ်တွေက အရင် ဦးဆုံး အသက်ကိုစတေးခံကြရတာပါ။

ပြီးတော့မှ သက်ကြီရွယ်အိုတွေ..နောက်ဆုံး အမျိုးသမီးတွေ စသည်အားဖြင့် တဆင့်ပြီး တစ်ဆင့် သေကြရပါတယ်။ ရိပ်ခါထုပ်လုပ်မှုအရည်အသွေးတွေ ဟာလည်း ကျွန်မကို မွေးဖွားချိန် ၁၉၈၀ ခုနှစ်အလယ် လောက်ကပင်စပြီး တစ်စစနဲ့ အခြေအနေတွေက ဆိုးရွားလာနေတာ ရပ်တန့်မှု မရှိခဲ့ပါဘူး။

ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှ စပြီး အင်တိုက် အားတိုက် ကျဆင်းလာခဲ့ရာ ရိပ်ခါ ဖြန့်ဖြူးမှုတွေ ကလည်း ပုံမှန်လိုလို ပြတ်တောက်တာ ခံကြရပါတယ်။ ကျွန်မတို့ မြိုက တရားဝင် အသိမှတ်ပြုခံထားရတဲ့ ရိပ်ခါမှူးပြောတာကတော့ နှောင့်နှေး ကြံကြာမှုတွေကြောင့် လို့ဆိုပါတယ်။ သို့ပေမဲ့လည်း တစ်ခါတစ်လေမှာ ခြောက်လ နီးပါးထိတောင် ဘာပစ္စည်း တစ်ခုမှ မရပဲ ကြာတတ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ ချောင်းဂျိိုမ် မြို့မှာနေတဲ့ ကျွန်မရဲ့အဖွားကို အငတ်ဘေး တိုက်ပွဲကြီးမှာ ပထမဆုံး ဆုံးရှုံးလိုက်ရပါတယ်။ နောက်တစ်နှစ်မှာ ကျွန်မရဲ့အဖိုး (စစ်မှုထမ်းဟောင်း)လည်းပဲ အစားအသောက်ချို့ငှဲ့ရခြင်းကြောင့် သေဆုံးခဲ့ရပါတယ်။ ဘိုးဘိုးက နဂို ကကတည်းကပင် ကျမ်းမာရေးက ချူချာနေတာပါ။

အစိုးရရဲ့ရိပ်ခါပြတ်လပ်တဲ့အချိန်မှာ ဘိုးဘိုးက လူ့ လောကမှာ မရှိတော့ပါဘူး။ မေမေလည်းပဲ ဘိုးဘိုးနှင့် ဘွားဘွားတို့ရဲ့အလောင်းကို သင်းဂြိုလ်ပြီးလို တစ်လနှစ်လကြာမှ ရောက်လာတဲ့ စာမှတစ်ဆင့် ဘိုးဘိုးနှင့် ဘွားဘွား ဆုံးပါးသွားကြပြီ ဆိုတာကို သိခဲ့ရပါတယ်။ စာတိုက်ရဲ့ဝန်ဆောင်မှု ညံ့ဖြင်းတာကြောင့် ဘိုးဘိုးကို မေမေဟာ နောက်ဆုံးအချိန် နှတ်ဆက်ခွင့်တောင် မရလိုက်ရှာပါဘူး။

၁၉၉၇ ခုနှစ် အင်မတန် ဆိုးရွားလှတဲ့ ဒီဇင်ဘာ ညတစ်ညမှာ မီးဖိုချောင်ခန်းက ကြမ်းပြင်ပေါ် မှာ မေမေ မျက်လုံးတွေကို မိတ်ထားရင်း လဲလျှောင်း နေပါတယ်။ မေမေရဲ့ ခေါင်းထဲမှာတော့ အတိတ်က အကြောင်းတွေရော၊ ရှေ့ ဆက်ရမည့် ဘဝရဲ့ခရီးကြမ်းတို့ကို တွေးမိနေမှာတော့ အသေချာပါပဲ။

ထူးဆန်းသည်မှာ ကျွန်မတို့ မိသားစုတွေဟာ ကျွန်မတိုရဲ့ ‘အခွင့်ထူးခံ’ အဆင့်အတန်း ဆိုတဲ့ဂုဏ် ပုဒ် အရရော၊ မျက်ကမ်းရိုသေ သစ္စာစောင့်ထိမ်းမှု ဆိုတဲ့ ရလဒ်အရပါ အစိုးရရဲ့စနှစ်အပေါ်မှာ အလွန်အမင်းပေးဆပ် ခဲ့ကြရတဲ့ သူတွေပါ။
အငတ်ဘေးဆိုက်ပြီး ငတ်သေကြရမည့် အဖြစ်မျိုးကို အဲဒီ အချိန်တုန်းက ကျွန်မတို့ရဲ့စိတ်ကူးထဲ့မှာ ဘယ်တုန်းကမှလည်း မတွေးမိခဲ့ပါဘူး။

ကျွန်မတို့ အစားအစာတွေ အတွက်လည်း အစိုးရရဲ့ ရိပ်ခါတွေ အပေါ်မှာ လုံးလုံးလျားလျားကိုယ် မှီခို ခဲ့ကြရတာပါ။ ဒါကြောင့်လည်းပဲ အသက်ရှင်သန် ရပ်တည်နိုင်ဖို့ သမားရိုးကျ နည်းလမ်းနောက်ကို မလိုက်ပဲ အဏာရှင်အစိုးကို ဖားပြီး ကိုယ်ကြိုးရှာ အကြီးတန်းအစိုးရ အရာရှိတွေ၊ လူလတ်တန်းစားတွေက အဲဒီအငတ်ဘေးကြီးမှာ အေးအေးလူးလူး ဖြတ်သန်းနေကြအချိန် ကျွန်မတို့လို သာမန် မြောက်ကိုးရီးယား ပြည်သူတွေကတော့ ပိုပြီးသေပွဲဝင် ပျက်စီးခဲ့ကြရပါတယ်။

အစားအသောက်တွေကို အရောင်းအဝယ် လုပ်ကြရာမှာလည်း မှောင်ခိုစျေးကွက်ကို ငွေအလုံးအရင်းနဲ့ ဖွံ့ဖြိုးအောင် လုပ်တဲ့သူတွေ၊ နောက်ပြီး စစ်တပ်နှင့် အစိုးရအရာရှိ ထိပ်ပိုင်းခေါင်းဆောင်တွေကသာ အစိုးရကဝေငှပေးတဲ့ ရိပ်ခါတွေကိုပဲ ရရှိခဲ့ကြတာပါ။

ကျွန်မတို့ အဘိုးလို အနားယူထားတဲ့ အလယ်အလဒ် အရာရှိတွေ အတွက်တော့ ရိပ်ခါကုန်ဆုံးသွာတဲ့ အချိန်အထိ ဘာတစ်ခုမှ မရပဲ အဆိုးဆုံးကို ခံခဲ့ကြရပါတယ်။ ကျွန်မရဲ့အဘိုးဟာ စီးပွားရေးအမြင်လည်း မရှိခဲ့သလို သူ့ဘဝ ရပ်တည်နိုင်ဖို့ အတွက်ကိုလည်း သမားရိုးကျနည်းလမ်းနဲ့သာ သူဘဝကို နိဂုန်းချုပ် သွားခဲ့ရသူပါ။

၁၉၉၇ ခုနှစ် နွေရာသီအကူးမှာတော့ ဖေဖေဟာ အငတ်ဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့ပေ။ စက်ရုံတွေက ရိပ်ခါထုပ်ပေး တာတွေကို ရပ်တန်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဖေဖေရဲ့ ချို့ငဲ့ နေတဲ့ ခန္တာကိုယ်ဟာ မြင်သာထင်သာပဲ အားအင် ကုန်ခမ်းလို့ လာခဲ့ရပါတယ်။

ဖေဖေရဲ့မျက်နာဟာ ဦးကောင်းခွံထဲ့ကို တဖြည်းဖြည်း
ပိုပိုပြီး ကျုံ့ဝင်လာနေတာကို ခုအချိန်ထိ ကျွန်မမြင်ယောင် နေမိတယ်။ တစ်ညမှာ ဖေဖေဟာ ကျွန်မတို့ အနွေးဓာတ် ရဖို့အတွက် ကျောက်မီးသွေးထုပ် တစ်ထုပ်ကို အိမ်သို့ သယ်ယူလာခဲ့ပါတယ်။ အိမ်ကိုလည်းရောက်တော့ မေမေ့ရဲ့ရှေ့မှာတင် မောဟိုက်ပြီး ပြိုလဲကျသွားပါတော့တယ်။

“လူတွေဟာ သူတို့မသေခင် ထူးဆန်းတဲ့ အရာတွေကို အမှန်တကယ် လုပ်တတ်ကြပါတယ်'' လို့ ကိုးရီးယား ရှေးလူကြီးတွေကလည်း ဒီလိုပဲ ပြောသွားကြပါတယ်။ ဖေဖေရဲ့နောက်ဆုံး ရက်တွေတွေမှာ ပရမ်းပတာ စတင်ပြီး လုပ်လာ ပါတော့တယ်။ မေမေ့ကိုလည်း စိတ်နှောက်အောင် လုပ်လေ့ ရှိလာပါတယ်။

တစ်ခါကဆိုရင် မေမေအလုပ်က ပြန်လာတော့ အိမ်ခန်းထဲမှာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ ကျွန်မတို့ကို ဓာပြတိုက်ခံရပြီ အထင်နဲ့ မေမေဟာ ခြေမကိုင်မိ၊လက်မကိုင်မိအောင် ပျယာခတ်သွားခဲ့ပါတယ်။ အမှန်တကယ် ဖြစ်သွားရတာကတော့ ကျွန်မတို့ အိမ်နီးချင်းတွေကြောင့်ပါပဲ။

ဖေဖေကို ဖျားယောင်းပြောဆိုရင် ဘာမဆို ဖေဖေက ချပေးတယ် ဆိုတာကို အိမ်းနီးချင်းတစ်ချိုက အခိုင်အမာသိထား ကြပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့အိမ်ပိုင်ပစ္စည်းတွေကို ဖေဖေဆီမှာ တောင်ယူပြီး စျေးထဲ့မှာချရောင်းလိုက်ကြပါတယ်။

အဲဒါကို မေမေက သိတော့ ပေါက်ကွဲ ပါတော့တယ်။ ပြီးတော့ မဂ်လာ လက်ဖွဲ့အဖြစ် ရထားတဲ့ လှပတဲ့ ဂွမ်းကပ်အိပ်ရာလို တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ ဂျင်မာဒိုင်စျေးသို့ လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ မေမေဟာ ကံမကောင်းခဲ့ရှာဘူး။ ဖျားယောင်း သူတွေက အဲဒါကို ရောင်းထုပ်လို့ ကုန်သွားခဲ့ပြီးပါပြီ။ မေမေက နောက်ကျသွားခဲ့ရပါတယ်။

နောက်တစ်နေ့ မှာတော့ ဖေဖေဟာ နောက်တစ်ကြိမ် လဲကျပြန်တယ်။ ဒီတကြိမ်မှာတော့ ဖေဖေရဲ့အသက်ပါ ပါသွားခဲ့ရပါတယ်။ ဖေဖေရဲ့ ရုပ်အလောင်းကို မြေမြုပ် သင်းဂြိုလ်ဖို့ ကျွန်မတို့မှာ မည်မည်ရရ ငွေကြေး ကလည်း အလုံအလောက် မရှိကြပါဘူး။

ဒါကြောင့် ကျွန်မတို့ တတ်နိုင်သမျှ သစ်သား ပျဥ်ချပ် တစ်ချပ်ပေါ်မှာ ဖေဖေရဲ့အမည်ကိုရေးထိုး စိုက်ထူပြီး ဖေဖေရဲ့ ရုပ်အလောင်းကို ရွှံ့ဗွက်ပေါ်မှာ တွင်းတူးကာ
မြုတ်နှံခဲ့ရပါတယ်။

တစ်ပတ်လောက် လည်းကြာတော့ အဲဒီ ကမ္ဗည်းထိုးထားတဲ့ ပျဥ်ချပ်ကို အခိုးခံလိုက်ရပါတယ်။ ဖြစ်နိုင်ဆုံးကတော့ အဲဒီကမ္ဗည်းထိုးထားတဲ့ ပျဥ်ချပ်ကို ထင်းအဖြစ်အသုံးချဖို့ ခိုးယူခံရတာ ဖြစ်ဖို့ များပါတယ်။

လူတွေလည်း အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ဆိုရင် ဘာမဆို လုပ်ဖို့ အဆင်သင့်ပါပဲ။ ဖေဖေဆုံးသွားပြီးနောက်ပိုင်းမှာ ကျွန်မတို့ ဘဝတွေဟာလည်း ခြေသလုံးအိမ်တိုင်ဘဝနဲ့ အသက်ရှင် ကျန်ရစ်ပြီး လောကငရဲ့တွင်းကြီး တစ်ခုလို ဖြစ်လာ ပါတော့တယ်။

ဆေးရုံးတွေမှာလည်း လူနာတွေကို ဆေးကုသမှုတွေ
လုပ်ပေးနိုင်ဖို့ဆိုတာ ဝေလာဝေး။ ဘာပစ္စည်းမှလည်း
မရှိကြတော့ပါဘူး။ ဘယ်သူ တစ်ယောက် ကမှလည်း အစိုးရက ထုတ်ပေးတဲ့ရိပ်ခါတွေ မြူတစ်မှုန့်လောက်တောင် မရရှိကြတော့ပါ။

ကျွန်မ အစပိုင်း အခန်းတွေမှာ ပြောခဲ့သလိုပဲ ကျွန်မတို့တွေ လူရုပ်၊ သူရုပ် မပေါက်တော့ တာကြောင့် ကျွန်မတို့ညီအစ်မ ကျောင်းမတက်ခဲ့ကြတာ တော်တော် ကြာခဲ့ပါပြီ။ ဒါ့အပြင် ပညာရေးကို ထည့်ထည့်ဝင်ဝင် အချိန်ပေးလေ့လာဖို့ အချိန်လည်း မရှိသလို နေ့စဥ် ဘဝတွေကို ဝမ်းရေးအတွက် လုံးလုံးလျားလျား အချိန်ပြည့် မြုပ်နှံပြီး နေကြရပါတယ်။

မေမေနဲ့အတူ အစ်မဂုမ်ဆမ်ရယ် ၊ကျွန်မရယ်… သုံးယောက်သား… လူရှေ့သူရှေ့ကို မထွက်ဝံဘဲအခန်းထဲ့မှာ ပိတ်လှောင်ပြီး နေခဲ့ကြရပါတယ်။

ညစဥ် ညတိုင်း လယ်ကွင်းတွေ ဆီကိုသွားပြီး စပါးတွေ၊ပြောင်းဖူးတွေကို အလစ်သုတ် ခိုးယူခဲ့ကြပါတယ်။အလစ်သုတ်လို့ ပြီးရင် မနားရပဲ စစ်တတ်တွေ၊ အစိုးရအရာရှိတွေ နှင့် ဝေရာ တောတွေ ၊ တောင်တွေထဲသို့ ခိုးယူလို့ ရလာတဲ့ စပါးတွေ၊ပြောင်းဖူးတွေကို အခွံနွှာသန့်စင်ဖို့ နောက်ထပ်သွားကြရပြန်တယ်။

သစ်ဥ၊သစ်မြစ်တွေ၊ မှိုတွေကိုလည်း ရှာကြရသလို တစ် ခါတရံမှာလည်း ရှားပါးသတဲ့ ရှာလာနေတဲ့ ထင်းတွေကို ခုတ်ပြီး တစ်စုံတစ်ခု အထောက်အပန်ရနိုင်ဖို့ စျေးမှာသွားရောင်းကြရပါတယ်။

****

မေမေက ပုဆိန်တစ်လက်နဲ့ သစ်ပင်ကို သတိကြီးကြီးထားပြီး ခုတ်လှဲရင် ကျွန်မတို့ ညီအစ်မက အနေတော် သစ်ကိုင်းတွေ ခုတ်ဖြတ်ပြီး ထင်းစည်းအဖြစ်စုပုံ စည်းနှောင် ပေးကြရပါတယ်။ အဲဒီအလုပ်က အလွန်အမင်း ပင်ပန်းတဲ့အလုပ်တစ်ခုပါ။

အထူးသဖြင့် ကျွန်မတို့လို အားနည်းနေတဲ့ ခန္တာကိုယ်တွေက ပိုပြီး ပင်းပန်းရပါတယ်။ ကံကောင်း ထောက်မလို့ပဲ ကျွန်မတို့ လုပ်ရပ်တွေကို လူမိသွားတာမျိုး မကြုံခဲ့ကြရပါဘူး။

၁၉၉၇ ဆိုးရွားလှတဲ့ ဒီဇင်ဘာ ဆောင်း ညတစ်ညမှာ၊ မေမေဟာ မျက်လုံးများကို မိတ်ထားရင်း ယာယီဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ဖာတစ်ရာ အိပ်ရာထဲမှာ မလှုပ်မတုတ် လဲလျှောင်းနေခဲ့ပါတယ်။

မေမေ့ရဲ့ခေါင်းထဲ့မှာ အဲဒီအကြောင်းတွေက ဖန်တလဲလဲ အမှတ်တရအနေနဲ့ ဝင်ရောက်နေမယ်ဆိုတာ သံသဖြစ်ဖွယ် မရှိတော့ပါ။

ရာဂျေ ဆုန်းဘွန် ခရီဟာ ကျွန်မတို့ရဲ့နောက်ဆုံးမျော်လင့်ချက်ခရီး ဖြစ်လာခဲ့ရပါတယ်။ အခန်းထဲမှ ထွက်ခွာလာတုန်းကတော့ အနည်းဆုံးတော့ ကျွန်မတို့တွေရဲ့ အသက်တွေကို ကယ်နိုင်ဖို့ ငွေရနိူင်ဖို့ နည်းတစ်ခုခုရရင်ရ ဒါမှမဟုတ်ရင် အစားအသောက်တွေကို အပြန်ခရီးမှာ ယူလာနိုင်လိမ့်မယ်လို့ မေမေက တွေးထားခဲ့တာပါ။

လက်တွေ့မှာတော့ မေမေရဲ့အားထုပ်မှုတွေဟာ.. ဘာတစ်ခုမှ အရာမထင်ခဲ့ပါ။ မနက်မိုးလင်းလာတော့ မေမေဟာ အိပ်ရာထဲမှာ သစ်တုန်းတစ်ခုလို တုတ်တုတ်မျှ မလုပ်ပဲ ငြိမ်သက်နေပါတယ်။

ဒါပေမည့် မေမေ အဲသလို နေတာဟာ ထူးဆန်းနေပြီးအကြံအစည် တစ်ခုခု ကြံဆနေတယ်လို့ ကျွန်မစိတ်ထဲမှာ ခံစားလာရပါတယ်။ အပြင်မှာတော့ နေက တော်တော်မြင့်နေပါပြီ။

ရုပ်တစ်ရက်ဆိုသလို မေမေဟာအိပ်ရာက ထလိုက်ပါတယ်။တဆက်တည်းမှာပဲ မေမေရဲ့မျက်လုံးတွေထဲမှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို မြင်နေရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တို့တွေ အသက် ဆက်လက်ရှင်သန်ရမယ်။ အဲဒါဟာ မေမေရဲ့
စိတ်ထား နှင့် ခံယူချက်ပင် ဖြစ်ပြီး ချက်ချင်းဆိုသလို အသက်ဝင်လာနေသလိုမျိုး ကျွန်စိတ်ထဲမှာ ခံစားနေမိတယ်။

#In A Thousand Miles to freedom by Eunsun Kim with Sebastien Falletti

English version translated by David Tian

#ဘာသာပြန် Kyi San Khin

အခန်း (၆)..ဆက်ရန်

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်