Author's Profile Photo

SarPhat Author

19/05/2024

Sarphat နဲ့ကျွန်တော်

1 min read
Personal Development
Book Review
18 Again
Sarphat နဲ့ကျွန်တော်'s photo

လွန်ခဲ့တဲ့လေးငါးနှစ်က စာနယ်ဇင်းတွေ ပေါပေါများများရှိသေးတယ်။ အဲဒီရှိတဲ့ စာနယ်ဇင်း တွေကလဲ ကျွန်တော်တို့ငယ်ငယ်ကလောက် ပေါပေါများများမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် ခုချိန်နဲ့စာရင် စာမျက်နှာထက်မှာ ပါဝင်ရဖို့ နေရာရှိသေးတယ်လို့ဆိုရမှာပဲ။ စာမျက်နှာ ထက်မှာ ဖော်ပြခံရတဲ့အရသာက စာရေးနေသူတစ်ယောက်အတွက် အားဖြစ်သလို ပီတိလဲ ဖြစ်ရပါ တယ်။ စာရေးသူအတွက် တွေးဖို့၊ရေးဖို့၊ ဖတ်ဖို့အတွက် အာရုံတွေပဲ ရှိနေပါတယ်။ ခုတော့ စာရေးဖို့ အာရုံမရတော့တာနဲ့ မရေးဖြစ်တာတောင် တော်တော်ကြာနေပါပြီ။ ထွက်တဲ့မဂ္ဂဇင်းဆိုရင်လဲ လက် တစ်ဖက်တောင် ပြည့်သလားမသိတော့။ မရေးဖြစ်တော့ မပို့ဖြစ်တော့ဘူးပေါ့။
ဒါပေမဲ့ မှတ်မှတ်ရရ။ ဧပြီလဆန်းပိုင်းက လိုင်းပေါ်မှာ စာပေပလက်ဖောင်းတစ်ခုဖြစ်တဲ့ Sarphat App ကို တွေ့လိုက်ပါတယ်။ စိတ်ဝင်တစားရှိတာနဲ့ အဲဒီပေ့ချ်ထဲ ဝင်ကြည့်လိုက်ပါတယ်။ ရည်ရွယ်ချက်ကောင်းရှိတဲ့ App တစ်ခုလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် စာရေးသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိနေလို့ပါ။ စာရေးနေသူတွေအတွက် စာရေး စာဖတ်လိုစိတ် ပြင်းပြစေ တာရယ်၊ ချီးမြှင့်ငွေပါတာရယ်၊ ဆုတံဆိပ်ပါတာရယ်ပါပဲ။ စာရေးသူတွေ တင်ထားတဲ့ အကြောင်း အရာ ၁၀ပုဒ်ကို ရွေးထုတ်ပြီး တော့ပ်၃ပုဒ်ကို ချီးမြှင့်ငွေပေးအပ်ပါတယ်။ စာရေးသူတွေအတွက် အဆင်ပြေလှပါတယ်။ တကယ်တော့ စာရေးသူတွေဟာ ချီးမြှင့်ငွေကို သိပ်ပြီး မက်မက်မောမောတော့ မရှိလှပါဘူး။ဒါကတော့ တစ်ဦးချင်းစီ ကွဲပြားနိုင်ပါတယ်။ ကျွန်တော့်အမြင်အရကတော့ ကျွန်တော်တို့ တွေ စာနယ်ဇင်းတွေအတန်အသင့် ပေါပေါများများရှိနေတုန်းကတောင် ကိုယ့်စာမူပါမပါပဲ အာရုံ စိုက်ကြပါတယ်။ စာမူခကို သိပ်ပြီးမမျှော်လင့်ခဲ့ကြပါဘူး။ ပြီးတော့ တချို့တိုက်တွေကနေ စာမူပါတာ ကိုပဲသိပြီး စာမူခမထုတ်ဖြစ်ပါဘူး။ ဝါသနာအရ စာမူလေး ပါလာရင်ပဲ ကြည်နူးပီတိနဲ့ အား ဖြစ်ကြ ရပါတယ်။ ဆိုလိုချင်တာကတော့ ချီးမြှင့်ငွေထက် စာရေးသူဟာ စာရေး၊စာဖတ်လုပ်ဖို့ နေရာရှိ ရင်ပဲ အားဖြစ်နေပြီဆိုတာပါပဲ။
ဒါကြောင့် Sarphat Appကို ကျွန်တော် စိတ်ဝင်းစားသွားတာနဲ့ ပြောထားတဲ့ လမ်းညွှန်မှု တွေအတိုင်း လုပ်ပြီး တင်ကြည့်ပါတယ်။ သဘောကျမိပါတယ်။ တခြားပလက်ဖောင်းတွေလို မဟုတ်တာက တင်ထားတဲ့စာပေ(စာရေးသူရင်မှစာတွေ)ကို မှတ်ချက်(Comment)ပေးလို့မရပါဘူး။ ကြိုက်ရင် အသည်းပေးပေါ့။ ပြန်ဖတ်ဖို့ သိမ်းထား အက်ထားပေါ့။ဒါပဲ။ တစ်ခါတလေ စာရေးသူ တွေဟာ (Bad Comment)တွေကြောင့် ဉပမာ-တစ်ရာဖိုး သုံးပုဒ်တို့ ၊ စာဖြစ်ပြီးရော ရေးထားတာ၊ ငါလဲ ရေးတတ်သားပဲ တို့လို စာသားတွေကို မမြင်ရတော့ စိတ်အနှောက် အယှက်မဖြစ်တော့တာပါပဲ။ ဝေဖန်ပြီး လိုအပ်တာကို ထောက်ပြတာ သဘောကျကြပါတယ်။ ဒါပေမဲ့ သူများဖန်တီးထားတဲ့ အနုပညာကို အဲဒီလိုစာသားတွေနဲ့ ပြောလာရင် အနှောက်အယှက်ဖြစ်ရတာကို ပြောတာပါ။ စာဖတ်(Sarphat app)မှာ အဲဒါအားသာချက်ပဲ။
ပြီးတော့ ကြိုက်ရင် ဖတ်လို့ရတဲ့ စာရေးသူအားလုံးအတွက် စာမျက်နှာချည်းချည်း သက်သက် ပါပဲ။ စာရေးသူအတွက်ရော စာဖတ်သူအတွက်ပါ စိတ်အနှောက်အယှက်ကင်းကင်းနဲ့ ဖတ်လို့ရတယ်။
ဒါကြောင့် ကျွန်တော် စာတွေ ပြန်ရေးဖြစ်လာတယ်။ Sarphat မှာ တင်ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပလက်ဖောင်းကြောင့် စာရေးချင်စိတ်ဖြစ်လာတယ်။ အရင်ကဆို ဝါသနာအရ ရေးတယ်။ မဂ္ဂဇင်းတွေ ဆီ ပို့တယ်။ အယ်ဒီတာ့စားပွဲကို ဖြတ်ပြီး စာအုပ်ထဲမှာ ပါလာရင် အကြည်ဓာတ်လေး တွေရပြီး ပျော်ရတယ်။ ခုတော့ ရေးတယ်။ စာဖတ်ထဲမှာ တင်မယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် စာရေးသူအတွက် ချပြခွင့်ရတဲ့ ပလက်ဖောင်းလေးတစ်ခုဖြစ်တဲ့ Sarphat ကို အသုံးပြုနေပါတယ်။ အနည်းဆုံးတော့ စာဖတ်ရဲ့ အယ်ဒီတာဆရာဆရာမတွေ ဖတ်ကြမှာပဲလေ။ ကျေနပ်ပါတယ်။



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်