SarPhat Author
အခက်အခဲအကြပ်အတည်းကာလမှာ လုပ်ငန်းတစ်ခုကနေ တစ်ခုကို ပြောင်းဖို့ စီစဉ်ရတဲ့အခါ ''တတ်သည့်ပညာမနေသာ"ဆိုသလို ကိုယ်တတ်ထားတဲ့ကွန်ပျူတာနည်းပညာကိုပဲ အသုံးချဖို့ စဉ်းစားရပါတယ်။ လုပ်ငန်းတစ်ခုကို အောင်မြင်ချင်ရင် အဲဒီလုပ်ငန်းကို ကျွမ်းကျင်ဖို့ လိုပါတယ်။ ကျွမ်းကျင်ဖို့ဆိုတာလဲ လုပ်ငန်းနဲ့ပတ်သက်တဲ့နည်းပညာကို ကျွမ်းကျင်အောင် သင်ယူထားရပါတယ်။ လုပ်ငန်းခွင်မှာ ကျွမ်းကျင်မှုဟာ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ကျွမ်းကျင်တဲ့လုပ်ငန်းကိုပဲ အသက်မွေးဝမ်းကြောင်းအဖြစ် အသုံးချဖို့လိုပါတယ်။
ကွန်ပျူတာအသင့်ရှိနေတာနဲ့ စာစီစာရိုက်လုပ်ငန်းကို စပြီး လုပ်လို့ရပါတယ်။ လုပ်ငန်း တစ်ခုကို သေးသေးလေးက စရပါတယ်။ ပြီးမှ ဖြည်းဖြည်းချင်း လိုအပ်တဲ့ ပစ္စည်းမှန်သမျှ စုံအောင် ဝယ်ရပါတယ်။ စာစီစာရိုက်လုပ်ငန်း စလုပ်ပြီဆိုတာနဲ့နယ်ပယ်(ဘောင်)က တဖြည်းဖြည်း ကျယ်လာပါတယ်။ လိုအပ်တဲ့ပစ္စည်းကလဲ များလာပါတယ်။ ရွာမှာဖွင့်မယ့် ဆိုင်သေးသေးလေးမှာ ဆိုရင်
၁။ စာစီစာရိုက်ဖို့ ကွန်ပျူတာ(၁)လုံး(သို့မဟုတ်)၂လုံး (Computer For Typing)
၂။ စာရွက်ထုတ်ဖို့ဖြူမဲပရင်တာ(သို့မဟုတ်)(Black And White Printer For Printing)
၃။ ဓာတ်ပုံထုတ်ဖို့နဲ့ အရောင်နဲ့စာတွေထုတ်ဖို့ ကာလာပရင်တာ (Color Printer For Color Printing)
၄။ မိတ္တူဆွဲဖို့ မိတ္တူစက် (Copier)
၅။ ကတ်လောင်းစက် (Laminator)
၆။ ဖြတ်ဓါး (Cutter)
၇။ စတာပလာများ(Staplers)
၈။ မီးစက် (သို့မဟုတ်) ဘတ္ထရီအိုး (Engine or Battery)
ဒီပစ္စည်းလေးတွေ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီပစ္စည်းတွေ မရှိရင် အဆင်မပြေဘူးလို့ ဆိုရပါ မယ်။ ဘာလို့လဲ ဆိုတော့ ကွန်ပျူတာ စာစီရင်း ကွန်ပျူတာတစ်ခုခုဖြစ်သွားတာမျိုးဆိုရင်စာစီဖို့ အခက်အခဲဖြစ် သွားပါမယ်။ ဒါကြောင့် ကွန်ပျူတာ(၁)လုံး စပါယ်ရာ(Spare)ဆောင်ထားဖို့ လိုတာပါ။ စာစီတဲ့သူက ဆော့ကော်ပီ(Soft Copy) လိုချင်တာမျိုးဆို ကိစ္စမရှိပေမယ့် ဟာ့ကော်ပီ(Hard Copy)လိုချင်ရင် ပရင့်ထုတ်ဖို့ ပရင်တာလိုလာပါပြီ။ စာကိုတော့ အများအားဖြင့် ဖြူမဲထုတ်ကြတာပါ။ ဒါပေမယ့် စာကိုအရောင်နဲ့လိုချင်ရင်တော့ ကာလာပရင်တာ(Color Printer) နဲ့ ထုတ်မှ ရမှာမို့ ကာလာပရင်တာ လိုအပ်တာပါ။ ကာလာပရင်တာ ရှိထားရင် လိပ်စာကတ်တို့၊ ပတ်စပို့ပုံတို့ အဆင်ပြေပြေလုပ် လို့ ရပါပြီ။
မိတ္တူစက်ဘာကြောင့်လိုသလဲဆိုတာကတော့ ပြောရရင် အများကြီးပါ။ ဖြူမဲပရင်တာနဲ့ ထုတ် ပစ်လို့ရပေမယ့် ရေရှည်မှာပရင်တာက အဆင်မပြေသလို အချိန်ကုန်တာပေါ့။ ကာလာပရင်တာနဲ့ မိတ္တူဆွဲလို့ရပေမယ့် လီဂယ်စာရွက်တို့ ၊အိမ်ထောင်စုစာရွက်တို့အတွက်ကျ ဈေးအသင့်အတင့်နဲ့ ကာလာပရင်တာက ဆွဲလို့မရပါဘူး။(ရအောင်လုပ်တဲ့နည်းကတော့ ကိုယ်ဆွဲမယ့်စာရွက်ကို စကန်(Scan)ဖတ်ပြီး ပရင့်ထုတ်ရတာပါ။) ဒါကြောင့် မိတ္တူစက်အကြီး လိုပါတယ်။ မှန်ပေါ်တင်ကူးလို့ ရတဲ့ မိတ္တူစက်လိုအပ်ပါတယ်။ မှန်ပေါ်တင်ပြီးကူးလို့မရဘဲ စာရွက်ထိုးရတဲ့စက်အသေးစားတွေလဲ ရှိပါတယ်။ အဲဒီစက်လေးတွေရဲ့အားနည်းချက်ကတော့ စာရွက်ထိုးရလို့ စာရွက်ညှပ်ပြီး ဆုတ်ပြဲပျက်စီးတတ်ပါတယ်။ စာရွက်ပျက်စီးသွားတဲ့အခါ လျော်ရတာတွေလဲ ရှိပါတယ်။ ဉပမာ- အိမ်ထောင်စုစာရွက်မူရင်း လိုဟာမျိုးပေါ့။
ကတ်လောင်းစက်ကတော့ လိပ်စာကတ်တို့၊ စာရွက်တို့ မပျက်စီးအောင်၊ တာရှည်ခံအောင် ထိန်းသိမ်းဖို့ အတွက် ကတ်လောင်းကြပါတယ်။ပြီးတော့ မှတ်ပုံတင်တို့ ဘာတို့ ကတ်လောင်းချင်ရင် အသုံးပြုရတာပါ။ ကတ်လောင်းစက်ကိုလဲ ကောင်းကောင်းမွန်မွန်သုံးတတ်ဖို့ လိုပါတယ်။ တစ်ခါတလေ အပူချိန်များသွားရင်လဲ မှတ်ပုံတင်တို့ မီးကျွမ်းပြီး ပျက်စီးသွားတဲ့အတွက် ပြန်လုပ် ပေး(လျော်ပေး)ရတာမျိုးတွေ ရှိပါတယ်။ ဖြတ်ဓါး၊စတာပလာနဲ့ မီးစက်တို့ကတော့ မရှိမဖြစ် လိုပါတယ်။ ဘာအတွက် သုံးသလဲဆိုတာကိုတော့ သိပြီးသားဖြစ်လို့ မရေးပြတော့ပါဘူး။
ကဲ ဒါဆိုရင် နယ်မှာ စာစီစာရိုက်ဆိုင်လေးဖွင့်လို့ ရပြီနော်။ စာစီစာရိုက်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်လိုသူတွေအတွက် ဗဟုသုတရအောင် ကျွန်တော့်ရဲ့ အတွေ့အကြုံကို ပြောပြလိုက်တာပါခင်ဗျ။ စာစီစာရိုက် အသက်မွေးဝမ်းကြောင်း လုပ်ငန်း(၂)ကို စောင့်မျှော်ဖတ်ရှုပေး ပါဦးနော်။
Keep Reading