သင်္ကေတ
ဒီဆောင်းပါးမှာ စာဖတ်သူလေးတွေကို မြတ်စွာဘုရားတိုင်းဟောကြားခဲ့တဲ့ စကားသုံးခွန်းကို လက်ဆောင်ပေးပါမယ်။
ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့ ဖေဖေက ဘုရားရှိခိုးနည်းတွေ သင်ပေးပါတယ်၊
သင်ပေးရင်း ဒီစကားသုံးခွန်းကို အရင် ပါဠိလိုဆိုရပြီး ပြီးမှ မြန်မာလို အဓိပ္ပာယ်နဲ့ ပြန်ပြောပြတယ်။အဲ့တာကတော့
ဆောင်ပုဒ်အနေဖြင့်- မကောင်းမှုရှောင် ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား။
မိမိက ပါဠိလို ဦးနှောက်ထဲ မမှတ်မိနေရင် ဘာသာပြန်မြန်မာလိုဖြင့် ဦးနှောက်ထဲစွဲမှတ်ပြီး အစဉ်အမြဲနှလုံးသွင်း နေသင့်သည်။
ကျွန်မ အင်္ဂလိပ်လိုပါ တစ်ခါတည်းပြောပြပါမယ်။
ကျွန်မတို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့်လူတိုင်းသာမက တခြားဘာသာဝင်လူများသည်လည်း ဒီအချက်သုံးချက်ကို သိထားသင့်၍ လိုက်နာကျင့်သုံးသင့်ပေသည်။
လူတိုင်းလူတိုင်းသည် ဒီအချက်သုံးချက်ကို သိထားသင့်သည်။
ဒါမှ ကျွန်မတို့ နေ့စဉ်လူ့ဘဝကို ဖြတ်သန်းရာမှာ အဆင်ပြေချောမွေ့မှာဖြစ်သည်။
ကျွန်မတို့ မကောင်းမှု ပြုလုပ်တော့မည်ဆိုရင် ကျွန်မတို့စိတ်ကနေ အမြန်ဆုံးဖယ်ရှားပြီး ကောင်းမှု ပြုလုပ်တော့မည်ဆိုရင် စိတ်ကို အမြန်ဆုံးလုပ်နိုင်အောင်တိုက်တွန်းသင့်သည်။ကျွန်မတို့၏ စိတ်ကိုလည်း အမြဲစင်ကြယ်နေအောင် ထားသင့်သည်။
ဒီအချက်သုံးချက်ကို နှလုံးသွင်း၍ လုပ်ဆောင်သောသူများသည် အောင်မြင်မှုကိုရရှိသူများဖြစ်သည်။
ဒီအချက်တွေကို မသိထားကြပေမဲ့ အဲ့နည်းအတိုင်းနေမိသလိုဖြစ်နေကြတဲ့လူတွေလည်းရှိတယ်။
ဥပမာ - ကျွန်မတို့နိုင်ငံမှာ သူ့တစ်ပါးအသက်ကို သတ်လျှင်ငရဲကြီးတယ်၊ မသတ်ရဘူးလို့ ပြောကြနေတာ သိကြပေမဲ့ မလိုက်နာဘဲလုပ်နေကြတဲ့လူတွေရှိတယ်၊ တခြားနိုင်ငံတွေမှာ ဗုဒ္ဓဘာသာမဟုတ်ကြပေမဲ့ ငါးမဖမ်းရဆိုတဲ့ နေရာဆို မဖမ်းကြဘူး၊ အဲ့တာက သူတို့သည် ငရဲကြီးမှာတို့၊သီလကျိုးမှာတို့ကို မသိကြပေမဲ့ မလုပ်တဲ့အတွက် သီလစောင့်ထိန်းပြီးသားဖြစ်နေကြသည်။
ကျွန်မတို့သည် သိကြသော်လည်း လိုက်မလုပ်ကြ၍ခက်နေကြသည်။
ကွာခြားချက် ဒါကို မြင်အောင်ကြည့်တတ်ဖို့လိုသည်။
“Should you find a wise critic to point out your faults, follow him as you would a guide to hidden treasure."
"မင်းရဲ့အမှားတွေကို ထောက်ပြဖို့ ပညာရှိဝေဖန်ရေးသမားကို ရှာတွေ့ရင် မင်းဝှက်ထားတဲ့ရတနာကိုရှာဖွေဖို့ သူ့နောက်ကို လမ်းညွှန်တဲ့အတိုင်း လိုက်လုပ်ပါ။"
ဒါကတော့ ကျွန်မတို့ ဘဝမှာနေထိုင်ဖို့အတွက် နည်းတစ်နည်းကို ဖော်ပြလိုက်ရခြင်းဖြစ်သည်။
ဤစာကိုဖတ်၍ သေချာ၊ရှင်းလင်းသဘောပေါက် သိနားလည်သွားသော် စာရေးသူ ကျေနပ်ပီတိဖြစ်အံ့။
စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်.....
May 11 Saturday
10:30AM(@Ag)
#BuddhaQuotes
Keep Reading