Chuko
Social Phobia(လူကြောက်တတ်တဲ့ရောဂါ)
လူကြောက်တတ်တဲ့ရောဂါ ဆိုတာ လူ၇ဦးမှာ ၁ ဦးလောက်ခံစားနေရတဲ့ရောဂါပါ။ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ တချို့ တချို့သော သူတွေပြောတာကိုလည်း ကြားဖူးကြမှာပါ။ "ငါကတော့ လူကြောက်တတ်တယ်" "ငါလူများတဲ့နေရာတွေကိုမသွားရဲဘူး"။ လူကြောက်ရောဂါဟာ အများအားဖြင့် ဆယ်ကျော်သက်အရွယ် ၊ကလေးအရွယ်တွေမှာ အဖြစ်များပါတယ်။ တချိူ့ သက်လတ်ပိုင်းတွေ သက်ကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။
လူကြောက်ရောဂါဟာ ဘာလို့ဖြစ်ရတာလဲ။ မျိုးရိုးဗီကြောင့် ဒါမှမဟုတ် ရှင်သန်နေထိုင်ရတဲ့ပတ်ဝန်းကျင်ကြောင့် ဒါမှမဟုတ် ကိုယ့်ရဲ့အတွင်းစိတ်နဲ့အတွေးတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ လူကြောက်ရောဂါအများစုက လူတွေနဲ့ပြောဆိုဆက်ဆံရမှာကြောက်ခြင်း၊ စကားစပြောရမှာဝန်လေးခြင်း၊လူအများရှေ့သွားရမှာ မဝံမရဲဖြစ်ခြင်း၊ လူအများကြားမှာ နေရတာ သက်တောင့်သက်သာမဖြစ်ခြင်း၊ရှက်ခြင်းတွေဖြစ်တတ်ပါတယ်။ ဒါက သာမန်လူကြောက်တတ်တာပါ။ ဒီထက်ပိုဆိုးရင် မူးဝေလာခြင်း၊ အော့အန်ချင်သလိုဖြစ်ခြင်း ၊လက်တွေတုန်လာခြင်း၊ချွေးစေးထွက်ခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားများတောင့်တင်းခြင်း၊အသက်ရှူမရဖြစ်ခြင်း စသည်တို့ခံစားရတတ်ပါတယ်။
လူကြောက်တတ်တဲ့သူအများစုကintrovertတွေပါ။တစ်ယောက်တည်း တသီးတသန့်နေထိုင်တတ်ကြပါတယ်။သူငယ်ချင်းတစ်ယောက်လောက်ပဲရှိနေရင်ကိုအဆင်ပြေတတ်ကြပါတယ်။ဒါပေမယ့် လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ စီးပွားရေးလုပ်နေသူတွေအနေနဲ့တော့ ဒီလူကြောက်တတ်တာက ပြဿနာပါပဲ။
ဒီတော့ လူကြောက်တတ်တာကို ဘယ်လိုရင်ဆိုင်ကြမလဲ။
နည်းလမ်းတွေကတော့
၁)စာအုပ်တစ်အုပ်ထဲမှာ ချရေးထားပါ။
ကိုယ်ခံစားရတာတွေကို ချရေးပါ။တခြားတစ်ယောက်ကိုရင်ဖွင့်ပြောမပြနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုရင်ဖွင့်ပါ။
၂)အတွေးတွေကိုထိန်းချုပ်ပါ။
အများကြီးမတွေးပါနဲ့။ဒီစကားပြောလိုက်လို့ ဒီလူနဲ့တွေ့လို့ အဆင်ပြေပါ့မလားဆိုပြီး အဆိုးဘက်ရောက်တဲ့အတွေးတွေအများကြီးတွေးမနေပါနဲ့။
၃)အတွေးတွေကိုစကားလုံးအဖြစ်ပြောင်းလိုက်ပါ။
စိတ်ကူးထဲမှာဒီလူကို ဒီစကားပြောမယ်လို့တွေးထားရင် ပြောချလိုက်ပါ။ဘယ်နေ့ ဘယ်အချိန် ဘယ်တော့မှပြောမယ်ဆိုပြီး ကြောက်ရွံ့မှုကို မရွှေ့ဆိုင်းပါနဲ့။
၄)မိတ်ဆွေအပေါင်းအသင်းအသစ်တွေရှာဖွေပါ။
အပေါင်းအသင်းများရင် လူမှုဆက်ဆံရေးမှာလည်းတိုးတတ်လာပါလိမ့်မယ်။မိတ်ဆွေဖွဲ့ပါ။
၅)အပြင်ထွက်ပါ။
လူကြောက်တတ်တဲ့သူတွေက အပြင်ထွက်ရမှာလည်းကြောက်ကြပါတယ်။ အဲ့တော့သူငယ်ချင်းတွေက အပြင်ထွက်ဖို့ခေါ်ရင် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီးမငြင်းပါနဲ့။ လိုက်သွားပါ။ အပြင်များများထွက်ပါ။
၆)မိသားစု သူငယ်ချင်းမိတ်ဆွေနဲ့စကားများများပြောပါ။
သူငယ်ချင်းတွေ မိသားစုဝင်တွေကို စကားများများပြောဆိုပါ။ ဥပမာ ပြောစရာရှိရင် စာမပို့ပါနဲ့။ ဖုန်းနဲ့ဆက်ပြီးပဲဖြစ်ဖြစ်ဆက်သွယ်ပြောဆိုပါ။ ဒါကလူတွေနဲ့စကားပြောဆိုရဲဖို့ အထောက်အကူပြုပါတယ်။
ပြီးတော့စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ချပါ။
ဒီနည်းလမ်းတွေတော့ မိမိဘာသာ ကြိုးစားပြီး လေ့ကျင့်လို့ရတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ လူကြောက်တတ်တဲ့ရောဂါ အရမ်းဆိုးလာပြီဆိုရင်စိတ်ကျရောဂါ ၊ကြောက်စိတ်လွန်ကဲခြင်းတွေအထိဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် လူတွေနဲ့ မတွေ့ချင်ဘဲ ပုံမှန်လူမှုဆက်ဆံရေးတွေကိုတောင်ရှောင်နေမိပြီဆိုရင်တော့ ကျွမ်းကျင်ရာ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။
(ကိုးကား-www.drmyanmar.com,growupwithsoesan)
#Chuko
Keep Reading