Monologue By Mon
အရွယ်တစ်ခုကိုရောက်လာတဲ့ အခါမှာ
မရတဲ့ အရာတွေအတွက်လည်း ဖီလင် မဖြစ်နေတော့ဘူး
ရတဲ့ အရာတွေအတွက်လည်း ပေါပေါပဲပဲ လို့ သဘောမထားပဲ စိတ်ထဲကနေ တန်ဖိုးထား အသိမှတ်ပြုတက်လာတယ်
တကယ်တော့ ငါတို့ဟာ လက်ခံကောင်တွေ ဖြစ်လိုက် ၊ မျှဝေကောင်တွေ ဖြစ်လိုက်နဲ့ ဘဝကို မလိုလားအပ်တဲ့ စိတ်အရှုပ်တွေ တက်နိုင်သမျှ မရှိအောင် ၊ ရှင်းအောင်နေကြရတာပါပဲ
လက်ခံကောင်အဖြစ်နေရတဲ့အခါ အကောင်းဆုံး လက်ခံတက်ဖို့နဲ့
မျှဝေကောင် အဖြစ်နေရတဲ့အခါ အကောင်းဆုံး မျှဝေတက်ဖို့ ပဲ လိုပါတယ်။
မျက်လုံးထဲမှာ ပန်းသီးတွေ ထည့်ပြီး ကြည့်တက်ရင် စိတ်ပေါ့ပါတယ်။
ပေါ့ပေါ့ပါးပါး စိတ်နဲ့ ရှင်သန်ကျော်ဖြတ် ။
ရှိရှိသမျှ နှလုံးသားထဲ ပြုံမထည့်ပဲ ပေါ့ပါးစွာ ရုန်းကန်ရှင်သန်ကြရတာပါပဲ ။
Keep Reading