မြ (စံကားဝါမြေ)
ဒီ❝ရင်ထဲထိတဲ့အဖေ❞ဆောင်းပါးလေးကတော့ မြဘဝအကြောင်း အဖြစ်မှန်လေးကို ရေးသားထားခြင်းပဲ ဖြစ်ပါတယ်ရှင်။ မြကိုယ်တိုင် ခံစားရတာ အလွန်အင်မတန်မှကို ရင်ထဲထိလွန်းလို့ မရေးမဖြစ် ရေးသားလိုက်ရခြင်းပဲ ဖြစ်ပါတယ်ရှင်။
မြရဲ့ ဖေဖေအရင်းက ငယ်ငယ်လေးကတည်းက မြမွေးပြီး (၃)လအကြာမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲ့တာဆိုတော့ မြမေမေရဲ့ အစ်ကိုတို့လင်မယားနှစ်ယောက်ကနေ မြကို ကျောင်းတက်တဲ့အခါတွေကျ ဖေဖေမရှိဘူးဆိုရင် အားငယ်နေလိမ့်မယ်၊ ကလေးက စိတ်ထိခိုက်နေလိမ့်မယ်ဆိုပြီးတော့ မြကို မွေးစားခဲ့ကြတယ်ပေါ့။ မွေးစားတယ်ဆိုပေမယ့်လည်း မြက မြမေမေအရင်းအိမ်မှာပဲ နေခဲ့တာပေါ့နော်။ အဲ့လိုမွေးစားတာကိုလည်း မြ (၅)နှစ်လောက်အရွယ် ဘေးပတ်ဝန်းကျင်ကလူတွေပြောမှ သိခဲ့ရတာပေါ့နော်။ ဒါပေမယ့်လည်း မြက အဆင်ပြေပါတယ်။ မေမေအရင်းရော၊ မွေးစားဖေဖေနဲ့ မေမေရောကို အရမ်းချစ်ပါတယ်။ အဲ့လိုမပြောခဲ့တဲ့အတွက်ကြောင့် စိတ်စိုး၊ စိတ်ကောက်ဖြစ်တာမျိုးတွေလည်း မရှိခဲ့ပါဘူးပေါ့နော်။ မြကတော့ ငယ်ငယ်လေးကတည်းက မြလိုချင်တယ်ဆိုရင်တောင်မှ တောင်းယူခဲ့တဲ့အကျင့် မရှိခဲ့ဘူးပေါ့နော်။ လိုချင်တာရှိတယ် ဒါပေမယ့် စာအုပ်လေးထဲမှာပဲ လိုချင်တဲ့ပစ္စည်းလေးတွေကို ရေးမှတ်ထားလေ့ရှိတယ်။ တကယ်လို့ လိုချင်တာတစ်ခုခု ရလာခဲ့ပြီဆိုရင်တော့ စာအုပ်လေးထဲမှာ အမှန်ခြစ်လေးပြပြီး မှတ်ထားလိုက်တာပေါ့။ ဒါလေးကတော့ မြအကြောင်း အနည်းငယ်ပေါ့ရှင်။
နောက်ထပ် အဓိက ပြောချင်တာက မွေးစားဖေဖေဟာဆိုရင် သူ့သား/သမီးတွေအတွက် လိုအပ်ချက်မရှိအောင် အစစအရာရာ ဂရုစိုက်ပြီး ပိုက်ဆံတွေရှာဖွေပြီး ဝယ်ပေးတယ်။
Unlock to read this premium article with 10 points.