SarPhat Author
?အင်္ဂလိပ်ဝေါဟာရလည်း စုဆောင်းကာ သဒ္ဒါနှင့်ဝါကျပုံစံများ အသုံးအနှုန်းများကို မှတ်သားရန် အကောင်းဆုံးနည်းမှာ စာဖတ်ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်လိုရေးသားထားသည့် စာအုပ်များကို ဖတ်ရှုပါက မသိမကျွမ်းသော ဝေါဟာရများကို မျဉ်းသားမှတ်သားပါ။ စာဖတ်နေစဉ် မိမိမသိသော ဝေါဟာရများကို တွေ့ပါက ချက်ချင်းအင်္ဂလိပ်အဘိဓာန်တွင် သွားမရှာပါနှင့်။
မိမိမသိသောစကားလုံး ရှေ့နောက်မှာရှိသော ဝေါဟာရများကိုပါ တစ်နည်းအားဖြင့် ပုဒ်စု(Phrase)များ၊ ဝါကျခွဲ(Clause)များအလိုက်ဖတ်ကြည့်ပြီး စကားအဆက်အစပ်(context)ကိုကြည့်ပြီး အဓိပ္ပာယ်ဖော်ကြည့်ပါ။ အဓိပ္ပာယ်ဖော်ကြည့်၍မရပါမှ အဘိဓာန်ကိုကြည့်ပါ။ စာဖတ်သက်ရင့်လာသည့်အခါ မိမိမသိသောဝေါဟာရများတွေ့တိုင်း အဘိဓာန်မှာ သွားရှာစရာမလိုတော့ဘဲ စကားအဆက်အစပ်ကြည့်ကာ အဓိပ္ပာယ်ကောက်တတ်လာပါလိမ့်မည်။
စာဖတ်နည်းနာများကို ယေဘုယျအားဖြင့်ပြောရလျှင် အဓိပ္ပာယ်တူဝေါဟာရများ၊ ပုဒ်စုများနှင့် အဓိပ္ပာယ်ဆန့်ကျင်ဖက်ဝေါဟာရများ၊ ပုဒ်စုများဟုခွဲခြားနိုင်ပါသည်။ Noun နှစ်ခု သို့မဟုတ် Phrase နှစ် ခုကို means/ is called/ is known as/ is referred as/ is defined as စသည့် ပုဒ်စုများ၊ ကြိယာများနှင့် ချိတ်ဆက်ထားပါက ထိုသို့ချိတ်ဆက်ထားသော အချက်အလက်နှစ်ခု သို့မဟုတ် Phrase နှစ်ခုမှာ အဓိပ္ပာယ်တူပါသည်။ အဓိပ္ပာယ်တူကြေင်းကို Adjective များ၊ Adverb များ၊ Preposition များဖြင့်လည်း ဖော်ပြနုင်ပါသည်။ သာဓကအားဖြင့် similar (to), similarly, equal (to),, equally, the same as, Like စသည်တို့သည် ရှေ့အချက်အလက်နှင့် နောက်အချက်အလက်ဆင်တူကြောင်း ဖော်ပြပါသည်။ But, Yet, However, on the other hand, although စသည့် conjunction များနှင့် transition words များက ရှေ့အချက်အလက်နှင့် နောက်အချက်အလက်မှာ ဆန့်ကျင်ကြောင်းဖော်ပြပေးသည်။ ထိုအချက်ပြစကား လုံးများနှင့် ဝါကျများ၊ စာကြောင်းများကို သတိပြုဖတ်ရှုပါက အဓိပ္ပာယ်ကို မှန်းဆနိုင်ပါလိမ့်မည်။
တစ်ဖန်အကြံပြုလိုသည်မှာ အင်္ဂလိပ်စာဖတ်ခါစတွင် အင်္ဂလိပ်ဝေါဟာရများ တတ်နိုင်သမျှ များများစုဆောင်းနိုင်ရန် အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်သင့်သည်မှာ မှန်သော်ငြား မိမိဖတ်သော အင်္ဂလိပ်စာ များကို သုတ (Non-Fiction) နှင့် ရသ (Fiction) မျှတအောင် ဖတ်ရှုသင့်ပါသည်။ သုတစာပေက အကြား အမြင်ဗဟုသုတကိုပေး၍ ရသစာပေက စိတ်ဓာတ်နှင့်စိတ်ခံစားမှုဖွံဖြိုးရေးအတွက် အထောက်အကူဖြစ် စေပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လုပ်ငန်းတစ်ခုခုနှင့် သက်ဆိုင်သောဗဟုသုတ အသိပညာများကို လည်းရရှိအောင်နှင့် စိတ်ခံစားမှု၊ ရင့်ကျက်မှုရရှိအောင် သုတနှင့်ရသစာပေများကို မျှမျှတတ ဖတ်ရှုလေ့လာသင့်ပါသည်။ အင်္ဂလိပ်စာအုပ်အရေအတွက် မည်မျှဖတ်ရှုသင့်သနည်းဟုမေးသော် ဆရာမောင်သာနိုးက အင်္ဂလိပ်စာအုပ် အနည်းဆုံး အုပ် ၁၀၀ ဖတ်ရှုသင့်သည်ဟုဆိုပါသည်။
Keep Reading