ရိန်ဇော်
သင်ယူလေ့လာမှုဆိုတာ ဘာလဲ?
စာကျက်တာလား။ကျောင်းတက်တာလား။ဆရာတွေဆီမှာ သွားသင်တာလား။Dataတွေကို မှတ်သားတာလား။ဒါတွေအကုန်လုံး အသုံး၀င်ပါသလား။ဒါတွေအားလုံးဟာ ယေဘုယျ သတ်မှတ်ချက်တွေပဲ ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အများစုဟာ dataတွေကို ဖတ်တာမှတ်တာနဲ့ အချိန်တွေ အများကြီး ကုန်နေပါတယ်။Dataတွေက လုံး၀ မကုန်နိုင်ပါ။ဒါဆို ဘာလုပ်မလဲ။Dataတွေနဲ့ပဲ အချိန်ကုန်မခံသင့်ဘူး ထင်ပါတယ်။လက်တွေ့မှန်မှန်ကန်ကန် အသုံးတည့််ဖို့ပဲ သင်ပါ။ဒါကပဲ သင်ယူလေ့လာခြင်းရဲ့ အနှစ်သာရ။သင်ယူလေ့လာခြင်းရဲ့အလှတရား ဖြစ်ပါလိမ့်မယ်။ ။
ရိန်ဇော်
#reinzaw
Keep Reading