Author's Profile Photo

Monologue By Mon

23/04/2024

အိပ်မက်တွေ မပြည့်ဝသေးရင် ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်

1 min read
Personal Development
အိပ်မက်တွေ မပြည့်ဝသေးရင် ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်'s photo

အိပ်မက်တွေ ရှိတယ်မလား ?
ဒါဆိုရင် ဖြစ်လာတာ မဖြစ်လာတာတွေးပူနေမယ့်အစား ကြိုးစားကြည့်ဖို့ ပဲတိုက်တွန်းချင်ပါတယ်။
စိတ်ညစ်နေလား ?
စိတ်ညစ်နေပြီလို့ သိလိုက်တာနဲ့ ချက်ချင်း ကိုယ်လုပ်စရာရှိတာကို ထလုပ်လိုက်။
ဒီကာလမှာ အချင်းချင်းအားပေးနှစ်သိမ့်ဖို့တောင် ခက်ခဲတယ်မလား ?
ဒါကြောင့် ပူပန်မှုတွေ ၊ စိုးရိမ်စိတ်တွေ နဲ့ ငါမဖြစ်နိုင် ၊ မလုပ်နိုင်ပါဘူးလေ လို့ ကိုယ့်ကိုယ်ကို ကန့်သက်မှုတွေကို ငါအခုလုပ်ကိုလုပ်မှဖြစ်မယ်လို့ တွန်းအားတစ်ခုအနေနဲ့ ပြောင်းပြီး အရွေ့တစ်ခု ဖြစ်အောင်အရှိန်တင်ပြီး ကြိုးစားကြည့်စေချင်ပါတယ်။
ပြီးတော့ ဒီကာလမှာ ဖြစ်တက်တာလေးတစ်ခုကိုလည်း ပြောပြပေးချင်ပါတယ်။
ဒါကတော့ ဆုံးဖြတ်ချက်ကို မစဥ်းစားပဲ ချမိတက်တာလေးတွေပါ။ အခြေအနေ အချိန်အခါအရ အချိန်ယူစဥ်းစားဖို့မပြောပါဘူး။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် အရာကို အလေးအနက် စဥ်းစားပြီး ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာတွေ ပါတဲ့ ဆုံးဖြတ်ချက်ကို ချစေချင်တာပါ။ အနည်းဆုံးတော့ မမျှော်လင့်တာတွေ ဖြစ်လာရင် ဘာလုပ်မလဲဆိုတာကြိုတွေးထားတော့ ပိုပြီးထိရောက်တာပေါ့။
နောက်တစ်ခုက ကိုယ့်ကိုယ်ကို လမ်းပျောက်တယ်လို့ မတွေးပဲ " ငါဖောက်ရင် လမ်းဖြစ်ကိုဖြစ်ရမယ် " လို့တွေးပြီး ကြိုးစားစေချင်တယ်။
ဘာလို့လဲဆိုတော့ စိတ်အားတက်ကြွမှုက ကိုယ့်ကို တပန်းသာစေလို့ပါပဲ။
စိတ်ညစ်နေတဲ့အချိန်မှာ ဘာကိုမှ ရေရေ ရာရာ အာရုံစိုက်နိုင်မှာ မဟုတ်ပေမယ့် စိတ်အဆင်ပြေနေတဲ့အချိန်တော့ ဘာကိုမဆို အာရုံစိုက်မှု အားပိုကောင်းပါတယ်။
ဒါကြောင့် မျှော်လင့်ချက် နဲ့ စိတ်ဓာတ်ကို မသေအောင် ထားပါ။
ပြီးတော့ လုပ်စရာရှိတာကို အရှိန်လေးထည့်ပြီး တစ်စိုက်မက်မက်လုပ်ပါ။
ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတဲ့ Plan တွေ ဆွဲထားပါ။
တက်နိုင်သမျှ အချိန်တိုတိုနဲ့ ထိရောက်မယ့် Plan မျိုးချပြီး လုပ်ပါ။
နေ့တိုင်း ကိုယ့်ကိုယ်ကို အားပေးပါ။
သူများကို ကြည့်ပြီး စိတ်ဓာတ်ကျတက်တဲ့သူဆိုရင် သူများကို မကြည့်မိအောင်နေပါ။
သူနဲ့ငါ မတူဘူး။ ငါလည်း ငါ့အချိန်ရောက်လာရင် ငါဖြစ်ချင်တာတွေ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်လေးမွေးပါ။
အချိန်တွေက တန်ဖိုးရှိပါတယ်။
အကျိုးရှိအောင် အသုံးချနိုင်ကြပါစေရှင်။
-ဒီစာကိုရေးတဲ့ ကျမကိုယ်တိုင်လည်း ခပ်ယဲ့ယဲ့ နဲ့ အားတင်းပြီး ကြိုးစားနေတဲ့သူပါ။ကြိုးစားနေတဲ့ ၊ အားလျော့လိုက်ချင်ပြီဆိုတဲ့ ကြိုးစားခဲ့ ကြိုးစားနေကြတဲ့ သူတွေကို အဆုံးထိ လျောက်ဖို့ အားပေးတာပါရှင်။

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း