Author's Profile Photo

SarPhat Author

22/04/2024

အမြင်တွေမတူကြတဲ့အခါ

1 min read
Personal Development
Health
18 Again
အမြင်တွေမတူကြတဲ့အခါ's photo

တစ်ခါတစ်လေကျ လူတစ်ဦး,တစ်ယောက်ရဲ့ အမြင်၊ ယူဆချက်တွေကြောင့် ကျွန်တော်တို့ စိတ်ရှုပ်တာတွေ၊ ၀မ်းနည်းတာတွေဖြစ်ဖူးကြမှာပါ။

ငယ်ငယ်က အပြင်သွားမယ်ဆိုကိုယ်၀တ်ချင်တဲ့အကျီလေးကို မိဘတွေထုတ်ပြလိုက်ရင် သူတို့အမြင်မှာ သဘောမကျတဲ့အခါဒါကြီးကမကောင်းပါဘူး၊မလိုက်ဘူး ဆိုပြီးပြောတာခံလိုက်ရရင် ၀တ်ချင်တာမ၀တ်ရလို့ ၀မ်းနည်းသလိုပေါ့။ ဒီလိုနဲ့အသက်တွေကြီးလာတယ်။ လုပ်ငန်းခွင်တွေ၀င်ကြတယ်။ ဘ၀တွေကိုယ်စီဖြစ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ အမြင် တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ခံယူချက်ဟာ ကျွန်တော်တို့ဘ၀တွေ တစ်ခါတစ်လေကျ အရမ်းစိတ်ဒုက္ခပေးလာပါတယ်။ ဥပမာဆိုကြပါစို့ အိမ်ဆေးသုတ်တဲ့အခါ အမဲရောင်ဆိုတာမကောင်းတဲ့အရောင်ဘဲ ဒီအရောင်ကို မသုံးကောင်းဘူး။ လာဘ်ပိတ်တယ်။ ဒီလိုလူတစ်ယောက်ရဲ့ အမြင်ကြောင့် ကိုယ်က အမဲရောင်ကိုကြိုက်နေရင်တောင် သူ့စကားကြောင့် စိတ်ထဲကသိကအောက်ဖြစ်သွားတတ်ပါတယ်။ အမဲရောင်ကြောင့် လာဘ်ပိတ်တယ်ဆိုတာ တိကျတဲ့သက်သေလဲမရှိသလို ဘာအထောက်အထားမှလဲမရှိပါဘူး။ ဒီအတိုင်းလူတစ်ယောက်ရဲ့ အမြင်သက်သက်ပါ။ ဒါပေမယ့် သူတို့ရဲ့အမြင်ကြောင့် စိတ်ထဲကပါ အမဲရောင်ကိုကြောက်တဲ့စိတ်ပါ ၀င်သွားနိုင်ပါတယ်။

ကျွန်တော့်ဘ၀နဲ့ ဥပမာတစ်ခုထပ်ပေးရရင် ကျွန်တော်က bisexual တစ်ယောက်ပါ။ ငယ်စဥ်ထဲက ကိုယ်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိုလည်း နားလည်ခဲ့သလို ကိုယ်တိုင်လဲ sexual orientationနဲ့ပတ်သတ်ပြီး educated ဖြစ်အောင်နေခဲ့တာပါ။ ဘာသာရေး,ယုံကြည်မှုတွေအရလဲ ကျွန်တော်က မကောင်းတဲ့ အရာ negative mindset ဖြစ်မဲ့အရာတွေအကုန်ပယ်ပြီး positiveဆန်တာအားလုံးကိုလက်ခံယုံကြည်ခဲ့ပါတယ်။ အဓိကက မြတ်စွာဘုရား ရဲ့ အလယ်အလတ် လမ်းစဥ်အတိုင်း ကျင့်ကြံနေထိုင်ခဲ့တာပါ။ ကျွန်တော့်အမြင်မှာ လိင်တူချင်းတပ်မက်တာက သဘာ၀ကိုလည်း ဆန့်ကျင်တယ်လို့ လုံး၀မယုံကြည်သလို စိတ်ရောဂါဆိုတဲ့အသုံးအနှုန်းကိုလဲ လုံး၀လက်မခံပါဘူး။ လူတွေက သူတို့နဲ့မတူရင် ဒါအရူးဘဲဆိုတဲ့ အမြင်နဲ့ ဘောင်ခတ်ထားတယ်လို့ဘဲယူဆပါတယ်။ ကျွန်တော့်ကိုလဲ တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က လိင်တူချင်းတပ်မက်တာက စိတ်ရောဂါဖြစ်ကြောင်း၊ကုသလို့ရကြောင်း သူ့အမြင်တွေလာပြောတာခံဖူးပါတယ်။ ကျွန်တော်ဘာမှလဲမတုံ့ပြန်သလို ဘာမှလဲပြန်မဖြေရှင်းလိုက်ပါဘူး။ အဲ့ဒီအခိုက်အတန့်မှာဘဲ လူတွေရဲ့အမြင်နဲ့ပတ်သတ်ပြီး ကျွန်တော်နားလည်လိုက်ပါတယ်။
လူဆိုတာသူတို့အမြင်တွေကို သူတို့အတွေ့အကြုံ၊သူတို့ဖတ်ဖူး၊သူတို့ကြားဖူးနား၀ရှိထားတဲ့အကြောင်းအရာတွေကိုအခြေခံတာဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ဘ၀မှာဘာတွေတွေ့ကြုံခဲ့လဲဆိုတာမသိသလို ကျွန်တော်တို့ကလဲသူတို့ဘ၀မှာဘာတွေကြုံတွေ့ခဲ့ရလဲသိမှာမဟုတ်ပါဘူး။သူတို့အတွေ့အကြုံအရ အရာတစ်ခုဟာသူတို့အတွက်ကောင်းနေရင် ကောင်းတဲ့အမြင်နဲ့ပြောမှာဘဲ၊ သူတို့သဘောမကျတဲ့အခါ ဆိုးတဲ့အမြင်နဲ့ဘဲပြောကြမှာပါ။ ဒီ့အတွက်ကြောင့် လူတစ်ယောက်ရဲ့အမြင် လူတစ်ယောက်ရဲ့ယူဆချက်ဟာ မှားတယ်၊မှန်တယ်မရှိသလို ကျွန်တော်တို့အပေါ်မှာလည်း ဒီအမြင်ကြောင့် စိတ်ညစ်တာ၊ စိတ်အားငယ်ရတာ စတဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုမရှိသင့်ပါဘူး။


အခုဒီစာကိုလည်းကျွန်တော့်ရဲ့အမြင်နဲ့ရေးထားတာဖြစ်ပါတယ်။ ကျွန်တော့် အမြင်ဖြစ်တဲ့အတွက် လက်မခံနိုင်တဲ့အရာတွေကို ပြတ်ပြတ်သားသား လက်မခံနိုင်ကြောင်းငြင်းလို့ လုံး၀သင့်လျော်ပါတယ်။ ။

#CH£N
22.4.2024
1:53 PM

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်