Author's Profile Photo

SarPhat Author

17/04/2024

English Reading တိုးတက်အောင်ဘယ်လိုလုပ်မလဲ

1 min read
Personal Development
Education
General Knowledge

အင်္ဂလိပ်စာဖတ်ခြင်းက အလေ့အကျင့်မရှိဘဲဒီအတိုင်းစဖတ်ရင်ခက်ခဲနိုင်ပါတယ်။ စာဖတ်ရာမှာ ရည်ရွယ်ချက်ရှိရှိဖတ်ရပါ
တယ်။ ကိုယ်ကဒီစာကိုအချက်အလက်တချို့ သိချင်လို့ဖတ်မှာ လား၊ အကြောင်းအရာတစ်ခုခုကိုအသေးစိတ်သိချင်လို့ဖတ်
မှာ လား၊ အသုံးအနှုန်းပဲသိချင်လို့လှန်ကြည့်တာလား ကွဲပြားဖို့လိုပါတယ်။ English reading က writing နဲ့ speaking
skills တွေအတွက်ကုန်ကြမ်းရနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တာကြောင့်စာဖတ်တဲ့အကျင့်ကိုသေသေချာချာ လေ့ကျင့်
သင့်ပါတယ်။ English reading တိုးတက်စေနိုင်တဲ့နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်။

စိတ်ဝင်စားမှု
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုခုကိုဖတ်ရင်မှတ်မိလွယ်ပါတယ်။ ဒီကမှကိုယ်သိဖို့ရည်ရွယ်ထားတဲ့
အကြောင်းအရာကိုသိသွား မယ်ဆိုရင်စာဖတ်ရကျိုး နပ်ပါတယ်။ ဒါကြောင့်အလေ့အကျင့်ကိုပျိုး ထောင်ရာမှာ ကိုယ်
စိတ်ဝင်စားတဲ့ခေါင်းစဉ်တွေကိုအဓိကထား ရှာ ဖတ်ဖို့ပါပဲ။

အချိန်ပေးမှု
စာဖတ်တာ အချိန်ချိပေးရပါတယ်။ အထူးသဖြင့်စလေ့လာခါစ သူတွေအတွက်အချိန်ချိကပိုလိုအပ်ပါတယ်။ ဒါကြောင့်စာဖတ်ဖို့
အချိန်ချိတစ်ခုသတ်မှတ်ပေးထားစေချင်ပါတယ်။ စာဖတ်ဖို့ပတ်ဝန်းကျင်ကိုလည်း ကိုယ့်စိတ်နဲ့ အဆင်ပြေမယ့်နေရာမျိုး ရွေး
သင့်ပါတယ်။

ဘယ်လိုဖတ်မလဲ
ဒါ အရမ်းအရေးကြီးပါတယ်။ စာဖတ်ရာမှာ တော့skimming and scanning ဆိုပြီးနှစ်မျိုး ရှိပါတယ်။
Skimming ဆိုတာ အသေးစိတ်အတိအကျ မဖတ်ပဲဒါဘာကိုဆိုလိုတာလဲဆိုပြီးအရေးကြီးတဲ့အချက်အလက်ကိုပဲရွေး
ပြီးစိတ်ကိုဖွင့်ဖတ်တာမျိုး ပါ။ ဒါဟာသတင်းစာ၊ ဂျာနယ်စတဲ့ဗဟုသုတပိုင်းတွေမှာ များသောအားဖြင့်ဖတ်လေ့ရှိကြပါတယ်။
ဒါလေးနဲ့ စတင်အစပျိုး ဖတ်သင့်ပါတယ်။ ပြီးတော့မှScanning ဆိုတဲ့နည်းနဲ့ ဖတ်ပါမယ်။ ဒါကတော့စာပိုဒ်တွေထဲကမှ
ကိုယ်လိုချင်တာကိုရှာ ဖွေဖတ်တဲ့နည်းပါ။ ဒီနည်းနဲ့ဆိုရင်ကိုယ်လိုချင်တဲ့အချက်အလက်အတိအကျ၊ အကြောင်းအရာ
နောက်ခံစတာတွေကိုသိနိုင်ပါမယ်။
နောက်တစ်ခုက အကုန်လုံးထဲကမှမသိတာရှိရင်ခဏကျော်သွား ပါ။ ဖတ်နေရင်း မသိတဲ့စကားလုံးရဲ့ အရှေ့နဲ့ အနောက်ကို
ချိတ် ချိ ဆက်ပြီးဘာအဓိပ္ပာယ်ဖြစ်နိုင်တယ်ဆိုတာမျိုး ကိုစဉ်းစားပေးခြင်းအားဖြင့်စဉ်းစားတွေးခေါ်မှုပါ တက်စေပါတယ်။

စာဖတ်နေစဉ်နဲ့ စာဖတ်အပြီး
စာဖတ်နေစဉ်မှာ ရော စာဖတ်အပြီးမှာ ကိုယ့်ကိုယ်ကိုမေးခွန်းပြန်မေးသင့်ပါတယ်။ ဒီအပိုဒ်က ဘာကိုပြောတာလဲ၊ ဒါက ဒီ
လိုလား စတဲ့မေးခွန်းနဲ့ ဦးနှော က်ကိုပြန်နွေးဖို့ပါပဲ။ ဒါမှဖတ်မိသမျှ မှတ်မိနေမှာ ပါ။

Graded Readers
စာဖတ်ဖို့ဘာသာစကား အခက်အခဲရှိရင်မိမိEnglish level အလိုက်လွယ်အောင်ရေးပေးထားတဲ့graded reader
စာအုပ်လေးတွေရှိပါတယ်။ graded reader စာအုပ်လေးတွေကိုBritish Council စာကြည့်တိုက်မှာ ငှား ဖတ်နိုင်သလို
တချို့ စာအုပ်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ The SPACE Language Academy က ကျောင်းသားများကတော့ကျောင်း
မှာ ငှား လို့ရပါတယ်။ အဲ့ဒီလိုစာအုပ်လေးတွေကိုဖတ်ရင်း အခက်အခဲနည်းနည်းနဲ့ စာဖတ်တဲ့အလေ့အကျင့်ရလာမှာ ပါ။
စာဖတ်လို့အကုန်နားမလည်ဘူးဆိုရင်စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ကစာဖတ်အလေ့အကျင့်ပျိုး ထောင်နေတာမို့လို့အချိန်ချိပေး
လေ့ကျင့်ရင်တဖြည်းဖြည်းနဲ့ စာဖတ်မြန်ပြီးဆိုလိုရင်းတွေကိုသေချာသဘောပေါက်လာမှာ အမှန်ပါပဲ။
#crd

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်