Author's Profile Photo

Monologue By Mon

16/04/2024

မင်းအတွက်ရေးတဲ့စာ

1 min read
Personal Development
မင်းအတွက်ရေးတဲ့စာ
's photo

မင်းက သူများအပေါ်မှာ မနာလိုတာ မလိုတမာတာ စတဲ့ အနှုတ်ဘက်ပြတဲ့ စိတ်တွေလုံးဝမရှိဘူး
ဒါပေမယ့် အဲ့လိုစိတ်တွေရှိတဲ့သူ ဒါမှမဟုတ် Negative Thinking များတဲ့သူ မျိုးနဲ့ မင်းဆုံတွေ့နေရတယ်။
သူနဲ့ကြုံလိုက်တိုင်း ကိုယ်ကလည်း လူဆိုတော့ ကိုယ်တိုင်က အဆိုးမြင်တက်တဲ့သဘောမရှိပေမယ့် စိတ်အဆင်မပြေမှုတွေ ကြုံရတယ်။
တစ်ဖက်က မင်းအပေါ် မတရားလုပ်ရင်လုပ်မယ် ဒါပေမယ့် ပြုံးပြုံးပဲ။
မင်းကသာ ခံလည်းခံရသေး ၊ လောင်လည်းလောင်ရသေး ဆိုတဲ့ အနေအထားတွေကြုံလာရမယ်။
ကြာတော့ သူကမင်းအတွက် စိတ်အနှောက်အယှက် တစ်ခုဖြစ်လာမယ်။
မင်းရဲ့ အကြည်ဓာတ်လေးကို ထိပါးလာမယ်။
အရင်ဆုံး ပြောပြချင်တာ အဲ့လိုလူမျိုးနဲ့ ဘဝမှာ တွေ့လာရင် သူဘာသာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ထား အကျင့်စရိုက်က ကိုယ့်ရဲ့ ပြယှဒ်မို့ ကိုယ်ဘဝကို ကိုယ့်ပုံစံအတိုင်း ကောင်းကောင်းမွန်မွန်ပဲနေထိုင်လိုက်ပါ။
မကောင်းတဲ့သူကို ကောင်းကွက်တွေရှာတွေးပေးနေတာထက် ဒီလူဟာဘယ်လိုလူလို့ အရှိအတိုင်းမြင်ပြီး မင်းလက်ခံတက်ဖို့လိုပါတယ်။ ( ကိုယ်ကသူ့ကိုနင်ကတော့ဘယ်လိုမျိုးမကောင်းပါဘူးလို့ အပြစ်တင်ဝေဖန်တာမှမဟုတ်ပဲ။ သူ့ပုံစံအတိုင်းကိုယ့်စိတ်မှာ လက်ခံပေးလိုက်တာပါ။ ဒါမှ ကိုယ်ရှောင်သင့်တဲ့သူလား ၊ ဆောင်သင့်တဲ့လူလား သိမှာဖြစ်ပြီး မှန်ကန်တဲ့ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေကို ဘဝတစ်လျောက် စစ်ထုတ်ရာမှာလည်း အထောက်အကူဖြစ်မှာပါ။ )
အဲ့လိုလူမျိုးတွေနဲ့တွေ့တဲ့အခါ မှန်လိုနေထိုင်တာထက် ပန်းချီကားတစ်ချပ်လိုနေထိုင်တာက မင်းရဲ့ အကြည်ဓာတ်လေးကို အကောင်းဆုံးကာကွယ်နည်းပါပဲ။
ပန်းချီကားဆိုတာက တစ်ဖက်က မဲ့ပြပြ ပြုံးပြပြ သူက သူ့ပုံစံအတိုင်း တင့်တင့်တယ်တယ်ပါပဲ။
လောကမှာ ကံ ကံ၏အကျိုးဆိုတာ တကယ်ရှိတာမို့ သူမကောင်းရင် တစ်ချိန်ချိန် သူပြန်ပေးဆပ်ရမှာပါပဲ။
အဲ့လိုပြောလို့လည်း သူဘယ်တော့ ပေးဆပ်ရမလဲဆိုပြီး ကိုယ်က စောင့်ကြည့်နေစရာမလိုပါဘူး။
ဒီလိုစိတ်ဝင်ပြန်ရင်လည်း စိတ်ရဲ့နောက်ကျိမှုကို ဖြစ်စေပါတယ်။
ပန်းချီကားလေးတစ်ချပ်လိုနေထိုင်မယ်။
ကိုယ်လုပ်စရာရှိတာလုပ်မယ်။
ကိုယ့်ရဲ့ယဥ်ကျေးဖော်ရွေတဲ့ပုံစံလေးနဲ့ပဲနေမယ်။
အဲ့လိုလူကိုခေါင်းထဲမှာ ဘယ်လိုအချိန်မှာမှထည့်မထားဘူး။
မင်းရဲ့ ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ပျော်ရွှင်မှု အေးချမ်းမှုကို လာထိရလောက်တဲ့ထိ အဲ့လိုလူတွေက မထိုက်တန်ပါဘူးကွယ်။
တစ်ခုတော့ရှိတယ်။ အရမ်းကြီး စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့သူမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ သူနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ သတိလေးထားပြီးတော့ ပြောဆိုဆက်ဆံတာ မမှားပါဘူး။
သူနိမ့်ကျသလို ကိုယ်နိမ့်ကျစရာမလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ နေပေါ့။
ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်မှ ကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်နဲ့ တောက်ပနေတဲ့ ကိုယ်ရည်ကိုယ်သွေးကို အထိအခိုက်မခံသင့်ပါဘူး။
လောကကြီးမှာ နေတက်ရင် အဆင်ပြေပါတယ်။
မင်းဘယ်လိုလူဆိုတာ အချိန်က ပြောပြသွားပါလိမ့်မယ်။
ဒါကြောင့်မင်းဘယ်လိုလူဆိုတာ အကဲဖြတ်နေတဲ့လူတွေ ၊ တီးတိုးပြောဆိုနေတဲ့လူတွေကို မင်းအနေနဲ့ ဘဝကို ကောင်းမွန်စွာနေထိုင်ရှင်သန်ရှင်သန်ပြီး ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ့်စိတ်တိုင်းကျရှင်သန်ခြင်းဖြင့် ကျော်ဖြတ်ခဲ့လို့ရပါတယ်။
တစ်ချို့အရာတွေဟာ ရှင်းပြဖို့မပြောနဲ့ ထည့်တွေးစရာတောင်မလိုဘူးဆိုတာ ငါကိုယ်တိုင်တောင် သိပ်မကြာခင်ကမှ နားလည်လာတာပါ။
ဒီစာက တစ်‌ဦးတစ်ယောက်အတွက် တစ်ခုခု အကျိုးရှိတယ်ဆိုရင်တော့ ပျော်ပါတယ်ကွယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်