Author's Profile Photo

SarPhat Author

16/04/2024

သင်ခန်းစာကအမှားတွေထက်ပိုအရေးကြီးပါတယ်

1 min read
Personal Development
Book Review
Entrepreneurship
သင်ခန်းစာကအမှားတွေထက်ပိုအရေးကြီးပါတယ်'s photo

▪️အမှားတွေက ပင်ကိုယ်အားဖြင့်တော့ ဆိုးနေတာမဟုတ်ပါဘူး။ သူတို့ကရန်သူတွေမဟုတ်ပါဘူး။ တကယ်တော့ အသစ်အသစ်သောအရာတွေစမ်းတဲ့အခါ၊ သက်တောင့်သက်သာရှိတဲ့နေရာက ထွက်တဲ့အခါ၊ ကန့်သတ်ချက်တွေဖောက်ထွက်တဲ့အခါ သဘာဝအတိုင်း ထွက်လာတဲ့ ဘေးထွက်ပစ္စည်းပါပဲ။တကယ့်ပြဿနာက တကယ်သင်ပေးနိုင်တဲ့ သင်ခန်းစာမယူဘဲ အမှားသက်သက်ကိုပဲ လိုတာထက်ပို အလေးအနက်ထားတဲ့အခါဖြစ်ပါတယ်။
▪️တစ်ဖက်မှာလည်း တိုးတက်လိုစိတ်(growth mindset) ရှိတဲ့သူတွေက အရည်အချင်းနဲ့ လုပ်နိုင်စွမ်းတွေဟာ တိုးတက်နိုင်တယ်ဆိုတာနားလည်ပါတယ်။သူတို့တွေဟာ အမှားကို တန်ဖိုးရှိတဲ့ ဝေဖန်ချက်အဖြစ်၊ သင်ယူဖို့အခွင့်အလမ်းတွေအဖြစ်၊လိုက်လျောညီထွေဖြစ်ဖို့နဲ့ တိုးတက်ပြောင်းလဲဖို့ အခွင့်အရေးအဖြစ်မြင်ကြပါတယ်။ တိုးတက်လိုစိတ်ကို ဖက်တွယ်ခြင်းဖြင့် အမှားတွေကို အောင်မြင်မှုလမ်းဆီလျှောက်ရာမှာ ခြေနင်းတုံးတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။
▪️အမှားမှအခွင့်အလမ်းအဖြစ်ပြောင်းလဲခြင်း
အမှားတစ်ခုလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဝေဖန်တဲ့အမြင်ကနေ ဆင်ခြင်သုံးသပ်တဲ့အမြင်ပိုပြောင်းဖို့ သိပ်အရေးကြီးပါတယ်။အမှားတွေအတွ က်ဝေဖန်အပြစ်တင်မယ့်အစား “ဒီကနေငါဘာတွေသင်ယူလို့ရသလဲ” လို့ ကိုယ့်ကိုယ်ကိုယ်မေးသင့်ပါတယ်။ အမှားကိုသင်ယူဖို့အခွင့်အလမ်းအဖြစ်ပြောင်းလိုက်တဲ့အခါ အနာဂတ်ဆုံးဖြတ်ချက်တွေကို လမ်းပြပေးမယ့် အဖိုးတန်တဲ့ ထိုးထွင်းသိမြင်မှုတွေကို ထုတ်ယူနိုင်ပါတယ်။
▪️ကြံ့ကြံ့ခံနိုင်မှုကို ပြုစုပျိုးထောင်ခြင်း
အမှားတွေက ရှုံးနိမ့်မှုကို ဦးတည်ပါတယ်။ ဒါပေမယ့် အရှုံးဟာ အများထင်ထားသလို အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ တစ်စိတ်တဒေသပါ။ ခြေလှမ်းမှားတွေကနေသင်ခန်းစာယူဖို့အာရုံစိုက်ခြင်းနဲ့ ကြံ့ကြံ့ခံနိုင်မှုကိုမွေးမြူရပါမယ်။ အဲဒါဟာကြီးမြတ်တဲ့အရာတွေအောင်မြင်ဖို့ ဆန္ဒရှိသူတိုင်းအတွက် ထင်ရှားတဲ့အမူအကျင့်တစ်ခုပါ။
▪️ပိုကောင်းတဲ့အလေ့အကျင့်‌တွေမွေးမြူခြင်း
လုပ်လိုက်တဲ့အမှားတိုင်းက ပိုကောင်းတဲ့အကျင့် တွေတည်ဆောက်ဖို့ အတွက် အခွင့်အရေးပါပဲ။ အမှားတစ်ခုဟာ ကိုယ့်စနစ်ထဲကအပြစ်အနာအဆာတစ်ခု ဒါမှမဟုတ် ကွာဟမှုတစ်ခုကိုဖြစ်စေပါတယ်။ ဒါပေမယ့် အဲဒီနယ်ပယ်ကိုလေ့လာဆန်းစစ်ခြင်းအားဖြင့်
အနာဂတ်မှာပိုပြီး လုံလုံလောက်လောက်နဲ့ အလုပ်တွင်ကျယ်တဲ့ အကျင့်တွေဖြစ်လာဖို့ အကူအညီပေးပါတယ်။
ပန်းတိုင်ဟာ အမှားကို ရှောင်ရှားဖို့ မဟုတ်ဘူးဆိုတာ သတိရပါ။ အဲဒီကနေသင်ယူဖို့ပါ။ ငွေရောင်အနားသတ်လေးကိုပဲရှာဖွေဖို့မဟုတ်ပါဘူး။ အခက်အခဲတွေကို အကျိုးအမြတ်အဖြစ် ၊ အမှားတွေကို ခြေနင်းတုံးအဖြစ်ပြောင်းတဲ့ စိတ်ထားကို မွေးမြူခြင်းပါ။
▪️သင်ခန်းစာက‌တော့ အမှားထက်သင်ခန်းစာတွေကပိုအရေးကြီးတယ်ဆိုတာပါပဲ။ အားလုံးဟာ စမ်းတဝါးဝါးဖြစ်တာတွေရှိတယ်။ မဝံ့မရဲ ဖြစ်တာတွေရှိတယ်။ ဒါပေမယ့် အဲဒီခြေလှမ်းမှားတွေကနေသင်ခန်းစာယူမယ်ဆိုရင် သင်ခန်းစာတွေနဲ့ထုဆစ်ထားတဲ့ အောင်မြင်မှုလမ်းကြောင်းကိုတွေ့နိုင်မှာပါ။ ဒါမှလည်း ဒီခရီး လျှောက်ရကျိုးနပ်မှာပေါ့။အကြီးဆုံးအမှားက ကျရှုံးခြင်းမဟုတ်ဘူး။ ဒါပေမယ့် သင်ယူဖို့ ပျက်ကွက်ခြင်းပါ။

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စိတ်ရှည်ပါ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဆန့်အဖျက်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ