Author's Profile Photo

SarPhat Author

11/04/2024

ဦးနှောက်ဦးပုဒ်စောင့်ခြင်း ( Dopamine Fasting)

9 mins read
Personal Development
Health
General Knowledge
ဦးနှောက်ဦးပုဒ်စောင့်ခြင်း ( Dopamine Fasting)'s photo

အခုခေတ်ဟာ သတင်းအချက်အလက်နည်းပညာခေတ်ပါ။ ကိုယ်သိချင်တဲ့ အကြောင်းအရာမှန်သမျှကို စက္ကန့်ပိုင်းအတွင်း ရှာဖွေလေ့လာနိုင်တယ်။

ကျွန်တော်တို့လက်ထဲက စမတ်ဖုန်းတွေဟာ လူသားတိုင်းအတွင်း မရှိမဖြစ် အဖိုးတန် မှော်ပစ္စည်းတစ်ခုလို ဖြစ်လာခဲ့တာ အချိန်အတန်ကြာပါပြီ။ 

စမတ်ဖုန်းကို သုံးပြီး ကိုယ်သိချင်တဲ့အရာမှန်သမျှ ရှာဖွေလေ့လာနိုင်တယ်။ အရောင်းအဝယ်တွေ ပြုလုပ်နိုင်တယ်။ စာတွေရေးလို့ရတယ်။ ဗီဒီယိုတွေတင်လို့ရတယ်။ ပရိတ်သတ်တွေတည်ဆောက်လို့ရတယ်။ ဆိုရှယ်မီဒီယာတွေ ပေါ်ကနေ ငွေတွေရှာလို့ရတယ်။ 

အဲ့ဒီလို ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိတယ်။ ဂိမ်းတွေ အပြာကားတွေ social media တွေဟာ ကျွန်တော်တို့ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေကို ကုန်ဆုံးစေတယ်။
သာမန် လူတစ်ယောက်ရဲ့ ဖုန်းအသုံးပြုချိန်ဟာ တစ်နေ့ကို အနည်းဆုံး သုံးနာရီ လေးနာရီလောက်ရှိတယ်။ 

Social Media တွေဟာ ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေနိုင်တယ်။ စိတ်တွေ ရူပ်ထွေးစေနိုင်တယ်။ ကျွန်တော်တို့ကို အထီးကျန်စေနိုင်တယ်။ သိမ်ငယ်စေနိုင်တယ်။

ဦးနှောက်ကနေ သဘာဝအတိုင်း ထုတ်လွှတ်ပေးတဲ့ ဒိုဗာမင်ဆိုတဲ့ ဟော်မုန်းကို စမတ်ဖုန်းတွေကနေ အကန့်အသတ်မရှိရရှိနိုင်တယ်။
ကျွန်တော်တို့ လူသားတွေရဲ့ ဦးနှောက်ဟာ အသစ်အဆန်းတွေကို သဘောကျလေ့ရှိတယ်။ 
ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗီဒီယို တွေ တစ်ပုဒ် ပြီးတစ်ပုဒ်ကြည့်နေရတာ ကို သဘောကျတယ်။ 
ဒီဗီဒီယိုပြီး ရင် နောက်ဗီဒီယိုက ဘာများဖြစ်မလဲဆိုပြီး ဦးနှောက်ရဲ့ စပ်စုပ်ချင်တဲ့ စိတ်ကို ကျွန်တော်တို့ လွန်ဆန်ဖို့ ခက်တယ်။

 ဥပမာ TikTok ဆိုရင် အဆိုးဆိုးပဲ။ ဗီဒီယိုအတို‌တွေ ကြည့်တာဟာ အချိန်သိပ်မကုန်ဘူးလို့ ကျွန်တော်တို့ ထင်မိကြလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ ဗီဒီယိုအတိုပေါင်း အပုဒ်ငါးဆယ်လောက်ပေါင်းလောက်ရင် အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ကုန်သွားလိမ့်မယ်။ 
မိနစ်သုံးဆယ် ကလည်း ကုန်သွားပြီ။ ဗီဒီယို အပုဒ်ငါးဆယ်လောက် လည်း ကြည့်ပြီးပြီ။ အဲ့ဒီ အချိန်သေချာ ပြန်စဉ်းစားကြည့်ပါ။ ငါကြည့်ခဲ့တဲ့ ဗီဒီယိုအပုဒ်ငါးဆယ်ထဲမှာ ငါ့အတွက် အကျိုးရှိတဲ့ ဗီဒီယို ဘယ်နှစ်ပုဒ်ပါလဲ။ ငါဖြုန်း‌လိုက်တဲ့ မိနစ်သုံဆယ် ဆိုတဲ့ အချိန်မှာ ငါ့အတွက် ဘယ်နှစ်မိနစ် အကျိုးရှိသွားလဲ။
အဲ့ဒီလို ကိုယ့်ကိုကို အမြဲတမ်းပြန်မေးပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အချိန်တွေဟာ အကန့်အသတ်ရှိတယ်။ ကျွန်တော်တို့မှာ အချိန်တွေ အများကြီးမရှိဘူး။

အပြာကားတွေလည်း အဲ့ဒီအတိုင်းပဲ။ ဒီဗီဒီယိုပြီးရင် နောက်လာမယ့် ဗီဒီယိုက မိန်းကလေးက အခုထက် ပိုချောမလားမသိဘူး။ အခုထက် ပိုပြီး ကောက်ကြောင်းတွေပိုလှမလားမသိဘူး။
ဘယ်လို အသစ်အဆန်းပုံစံတွေထပ်တွေ့ရမလဲ မသိဘူး ဆိုပြီး နောက်ထပ် ဗီဒီယိုတစ်ပုဒ်ကို ကျွန်တော်တို့ ထပ်ကြည့်မိသွားတယ်။

အဲ့ဒါကို Shining Objects Syndrome လို့လည်း ခေါ်တယ်။

ကိုယ်သတိထားမိတဲ့ အချိန်ကြမှ ကိုယ့်ရဲ့ အချိန်တွေ တော်တော်လေးကုန်သွားတာကိုတွေ့ရလိမ့်မယ်။

ဂိမ်းတွေလည်း အတူတူပါပဲ။ ဒီပွဲ ငါရူံးသွားပေမယ့် နောက်ပွဲကြရင် နိုင်အောင် ဆော့ရမယ်။ 
ဒီပွဲနိုင်သလို နောက်ပွဲလည်း ငါနိုင်အောင်စော့မယ်။ ဒီနေ့ လယ်ဗယ်ဘယ်လောက်ထိ ရောက်အောင်စော့မယ်။ 
အဲ့ဒီလိုနဲ့ ကျွန်တော်တို့ သတိမထားမိလိုက်ခင် အချိန်တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးသွားလိမ့်မယ်။

ဆိုရှယ်မီဒီယာတွေဟာ ကျွန်တော်တို့ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေ ကို ကုန်ဆုံးစေရုံသာမက သိမ်ငယ်စေတဲ့ စိတ်ကို ဖြစ်ပေါ်စေတယ်။
ဥပမာ ကိုယ်က အလုပ်အကိုင်တွေ စီးပွားရေးတွေ အဆင်မပြေတဲ့ အချိန် တစ်ခြားသူတွေ အလုပ်အကိုင်စီးပွားရေးတွေ အဆင်ပြေနေတာကို မြင်မိရင် ကိုယ့်ရဲ့ စိတ်မှာ သိမ်ငယ်မူကို ခံစားစေရလိမ့်မယ်။ ကိုယ့်ကိုကို အသုံးမကျသလို ခံစားစေရလိမ့်မယ်။ 
ကိုယ်ရဲ့ သူငယ်ချင်းတွေက နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်အကိုင်တွေ အဆင်ပြေနေတဲ့ အချိန် ကိုယ့်မှာတော့ မိသားစုစီးပွားရေး အခြေအနေကြောင့် ဘယ်မှ မသွားနိုင်တဲ့အခါ ကိုယ့်ကိုကို အားမလို အားမရ ဖြစ်မိလိမ့်မယ်။

ကိုယ့်ရဲ့ ချစ်သူနဲ့ အဆင်မပြေဖြစ်နေတဲ့ အချိန် ချစ်သူရည်းစားက ကိုယ့်ကို စွန့်ပြစ်သွားတဲ့အချိန် ဒါမှမဟုတ် အထီးကျန်နေတဲ့ အချိန်မှာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အဆင်ပြေနေကြတဲ့ စုံတွဲတွေ တွေ့ရင် ကိုယ့်ရဲ့ စိတ်မှာ ထိခိုက်ခံစားရလိမ့်မယ်။ 
ဒါဟာ သူတို့အဆင်ပြေနေကြတာကို မနာလိုတာမဟုတ်ဘူး။ လူသားတွေဟာ သဘာဝအရ တစ်ဦးနဲ့ တစ်ဦး နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိလို့ပဲ။ 

ဆိုရှယ်မီဒီယာတွေဟာ လူတစ်ယောက်ကို တစ်ခြား လူတွေရဲ့  အာရုံစိုက်မူကို အငမ်းမရလိုချင်လာအောင်လည်း ဖန်တီးနိုင်တယ်။

တစ်ချို့ မိန်းကလေးတွေဆိုရင် သူတို့ရဲ့ အလှဓာတ်ပုံ တွေနဲ့ လူတွေ အာရုံစိုက်မူကို ရရှိဖို့ ကြိုးစားလာကြတယ်။ ကြာလာတော့ လူတွေ ပေးတဲ့ ချီးမွမ်းမူတွေ အာရုံစိုက်မူတွေကို ခုံမင်နှစ်သက်လာတယ်။ မူးယစ်ဆေးဝါး တစ်ခုလို စွဲလမ်းလာတယ်။ အွန်လိုင်းပေါ်က အရာတွေကို အစစ်အမှန်တွေလို့ ထင်လာကြတယ်။ 
လူတွေရဲ့ အာရုံစိုက်မူကို ပိုပြီး ရရှိအောင် ပို အားထုတ်လာကြတယ်။ အဲ့ဒီအခါ မပြသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပြမိပြီး ကိုယ့်ရဲ့ 
Privacy ကို ဆုံးရူံးရပါတော့တယ်။ 

နောက်ထပ် တစ်ချက်က ဆိုရှယ်မီဒီယာတွေ ပေါ်က စိတ်ဓာတ်မြင့်တင်ရေး ဗီဒီယိုတွေဟာ တစ်ခါတလေ အတွက် ကောင်းပေမယ့် ခဏခဏ ကြည့်မိနေရင် အလုပ်မပြီးတော့ပဲ စိတ်ပိုင်းဆိုင်ရာအရ အာသာဖြေရင်း အချိန်ဆွဲနေသလို ဖြစ်နေလိမ့်မယ်။ သူတို့ပြောတဲ့ စကားတွေဟာ နားထောင်လို့ကောင်းပေမယ့် တစ်ခါတလေ ကျရင် ကိုယ့်ကိုကို အသုံးမကျတဲ့ လူတစ်ယောက်လို ငတုံး တစ်ယောက်လို ခံစားရစေလိမ့်မယ်။ သူတို့ရဲ့ ဇတ်လမ်းတွေနဲ့ ကိုယ့်ရဲ့ ဘဝကို နှိုင်းယှဉ်မိလိမ့်မယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေ ကို ကျွန်တော်တို့  အနေနဲ့ အချိန်အကန့်အသတ်တစ်ခုထားပြီးသုံးစွဲသင့်တယ် စော့ကစားသင့်တယ်။

အစ္စလာမ်ဘာသာဝင်တွေရော ဗုဒ္ဓဘာသာဝင်တွေရော  ဘာသာရေးအရ  အချိန်ကာလတစ်ခုအတွင်း အစာမစားပဲ ဦးပုဒ်စောင့်လေ့ရှိတယ်။
အဲ့ဒီလို ဥပုဒ်စောင့်တာကို fasting လို့ခေါ်တယ်။

အဲ့ဒီလို ဦးပုဒ်စောင့်ခြင်းဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက်ကျန်မာရေးအကျိုးကျေးးဇူးတွေအများကြီး ဖြစ်ပေါ်စေတယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်တစ်ခု
တည်း အတွက်ဦးပုဒ်စောင့်ဖို့ လိုတာမဟုတ်ဘူး။
ကျွန်တော်တို့ရဲ့ ဦးနှောက်အတွက်လည်း ဦးပုဒ်စောင့်ဖို့လိုအပ်တယ်။

ဦးနှောက်ဦးပုဒ်စောင့်ခြင်းဆိုတာ ကိုယ်သတ်မှတ်ထားတဲ့  အချိန်ကာလတစ်ခုအတွင်း အပြာကားတွေ၊ ရုပ်ရှင်တွေ ဂိမ်းတွေ၊ social media တွေကို
ရှောင်ကြဉ်ခြင်းကို ပြောတာပါ။ ပထမဆုံး ဦးနှောက် ဦးပုဒ် စောင့်တဲ့ အချိန်မှာ အချိန်အကြာကြီး ဦးပုဒ် စောင့်ဖို့ မဖြစ်နိုင်သေးရင်တောင် နာရီဝက်လောက်ကနေစပြီး လေ့ကျင့်သင့်တယ်။
ငါဒီ နာရီဝက်အတွင်းမှာ ဆိုရှယ်မီဒီယာ လုံးဝ မသုံးဘူး။ ဂိမ်း လုံးဝမစော့ဘူး။ စသည်ဖြင့် ကိုယ့်ကိုကို စိန်ခေါ်ရမယ်။ နာရီဝက် က ကိုယ့်အတွက် ‌ပေါ့ပေါ့ပါးပါးဖြစ်သွားတဲ့အခါ တစ်နာရီ နှစ်နာရီလောက် တိုးပြီး ကိုယ့်ကိုကို စိန်ခေါ်ရမယ်။ 

ဘာ့ကြောင့်ဦးနှောက် ဦးပုဒ်စောင့်ဖို့လိုတာလဲ?

ကျွန်တော်တို့ လူသားတွေရဲ့ ဦးနှောက်ဟာ ကွန်ပျူတာ တစ်လုံး သို့မဟုတ် ဖုန်းတစ်လုံးရဲ့ storage ( သိုလှောင်နိုင်စွမ်း ) နဲ့ တူညီပါတယ်။ ကွန်ပျူတာ ထဲကို ဖိုင်တွေ အများကြီး ထည့်ထားမယ်ဆိုရင်  ကွန်ပျူတာဟာ အလုပ်လုပ်ရတာ နှေးကွေးလာနိုင်ပါတယ်။
ဖုန်းတစ်လုံးထဲကို ဆော့ဖ်ဝဲလ်တွေ ရုပ်ရှင်တွေ ဂိမ်းတွေ အများကြီး ကူးထည့်ထားမယ်ဆိုရင်လည်း ဖုန်းဟာ လေးကွေးလာနိုင်ပါတယ်။
လူတွေရဲ့ ဦးနှောက်ဟာလည်း အတူတူပါပဲ။ ကိုယ့်ရဲ့ ဦးနှောက်ထဲကို မလိုအပ်တဲ့ အမှိုက်လိုအရာတွေ စုပြုံထည့်နေရင် ဦးနှောက်ဟာ တစ်ကယ် အာရုံစိုက်ဖို့ လိုအပ်တဲ့နေရာတွေမှာ အာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ 
ဦးနှောက်ထဲမှာ ကိုယ့်အတွက် အသုံးမဝင်တဲ့ ပုံရိပ်တွေက‌ နေရာ ယူတာများလာတဲ့အခါ ဦးနှောက်ဟာ သတင်းအချက်အလက်အသစ်တွေကို ထပ်ပြီး သိုလှောင်ဖို့အတွက် ခက်ခဲလာပါတယ်။

အဲ့ဒီအချိန် ဦးနှောက်ကို ခဏတာ အနားပေးဖို့လိုပါတယ်။ ဖုန်းတစ်လုံးလေးလာရင် ခဏတာ restart ချဖို့လိုသလို ဦးနှောက်ကိုလည်း restart ချဖို့လိုပါတယ်။ 
ဘာ့‌ကြောင့်လဲဆိုတော့Social Media တွေပေါ်ကအနုပညာရှင်တွေရဲ့ အတင်းအဖျင်းတွေ အညှီအဟောက်တွေ အပြားကားတွေ ရုပ်ရှင်တွေ ဂိမ်းတွေဟာ ဦးနှောက်ထဲမှာ နေရာလွတ်မရှိအောင် နေရာယူထားနိုင်လို့ပါ။

အဲ့ဒီအရာတွေဟာ ဒိုဗာမင်ဆိုတဲ့ ပျော်ရွှင်ခြင်း
‌ဟေ်မုန်းကို အချိန်တိုအတွင်း ပမာဏများပြားစွာ ဦးနှောက် မှ တစ်ဆင့် ထုတ််လွှတ် စေနိုင်ပါတယ်။
 အဲ့ဒီလို အလွယ်တကူ ရတဲ့ ဒိုဗာမင်တွေဟာ အချိန်တိုအတွင်း ပမာဏ များပြားစွာ ထွက်ပေါ်စေနိုင်သလို အချိန်တိုအတွင်းမှာပဲ မူလ က ရှိတဲ့ ပမာဏထက် အများကြီးလျော့ကျသွားစေနိုင်တယ်။

အဲ့ဒီအခါ ကျသွားတဲ့ ဒိုဗာမင်ပမာဏ ကို ဦးနှောက်ဟာ ပြန်ပြီး ဆွဲတင်နိုင်ဖို့ ကြိုးစားပါတော့တယ်။ 
Facebook သုံးရင်း ကျသွားတဲ့ ဒိုဗာမင်ကို Tiktok သုံးရင် ပြန်ဆွဲတင်ဖို့ ကြိုးစားမိလိမ့်မယ်။ Tiktok သုံးရင်း ကျသွားတဲ့ ဒိုဗာမင်ကို ဂိမ်းစော့ရင်း ပြန်မဆွဲတင်ဖို့ ကြိုးစားလိမ့်မယ်။ ဂိမ်းစော့ရင်း ကျသွားတဲ့ ဒိုဗာမင်ကို အပြာကားကြည့်ပြီး ပြန်ဆွဲတင်ဖို့ ကြိုစားလိမ့်မယ်။ 
အဲ့ဒီအခါ အဆုံးသတ်မရှိပဲ သံသရာ လည်နေလိမ့်မယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အများကြီး ကုန်ဆုံးသွားလိမ့်မယ်။

တန်ဖိုးရှိတဲ့ ဦးနှောက်ထဲက သိုလှောင်ခန်းတွေ အကုန် ပြည့်ကုန်ပြီး ကိုယ့်အတွက် တကယ် အကျိုးရှိတဲ့ အရာတွေ ခေါင်းထဲ ထည့်ဖို့ ခက်ခဲလာလိမ့်မယ်။ လူ့ခန္ဓာကိုယ်ထဲမှာ အဆီပို‌တွေများလာရင် လူဟာ လေးကွေးလာနိုင်သလို ဦးနှောက်ထဲမှာ အမှိုက်တွေ များလာရင် ဦးနှောက်ဟာ နှေးကွေးလာနိုင်တယ်။ ဆုံးဖြတ်ချက်တွေ ပြုလုပ်တဲ့ နေရာမှာ အားနည်းလာတယ်။ အလုပ်တစ်ခု ပေါ်မှာ ကြာကြာအာရုံစိုက်ဖို့ခက်လာတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လူ့ရဲ့ ခန္ဓာကိုယ် မှာ အဆီပိုတွေများလာရင် လူဟာ သက်လုံကျ လာတယ်။ အဲ့ဒီလိုပဲ ဦးနှောက်မှာ မလိုအပ်တဲ့ အရာတွေ စုပြုံနေရင် လူဟာ ကြာကြာ အာရုံစိုက်ဖို့ ခက်ခဲလာတယ်။ 

အဲ့ဒါကြောင့် ဖုန်းလုံးဝ မသုံးပဲ တစ်နေ့ကို အနည်းဆုံး တစ်နာရီလောက် ကိုယ့်ရဲ့ ဦးနှောက်ကို အနားပေးသင့်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဦးနှောက်ဦးပုဒ်စောင့်သင့်တယ်။
ဦးနှောက်ဦးပုဒ်စောင့်တဲ့အချိန်မှာ ကိုယ့်အတွက် အကျိုးရှိ‌တဲ့ အလုပ်တွေ အစားထိုးပြီးလုပ်လို့ရတယ်။
ဥပမာ 
စာဖတ်လို့ရတယ်
စာရေးလို့ရတယ်
ပေါ့ကဒ်စ်တွေ နားထောင်လို့ရတယ်
လမ်းလျှောက်လို့ရတယ်
စက်ဘီးစီးလို့ရတယ်
လေ့ကျင့်ခန်းလုပ်လို့ရတယ် 
တစ်ခြားကိုယ်ဝါသနာပါတဲ့ ဘယ်အရာကိုမဆို ပြုလုပ်နိုင်တယ်

အဲ့ဒီ အလေ့အကျင့်တွေဟာ ဦးနှောက်ရဲ့ 
မှတ်ညဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး ကိုယ့်လုပ်နေတဲ့ အလုပ်တွေပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်စေလိမ့်မယ်။  

ဦးနှောက်ဦးပုဒ်စောင့်ခြင်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ?

(၁) ကိုယ့်ရဲ့ စိတ်ကျန်မားရေးတိုးတက်ကောင်းမွန်လာမယ်
ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေထဲမှာ ဆိုရှယ်မီဒီယာတွေလည်း ပါဝင်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်က 
ပျော်ရွင်နေကြတဲ့ လူတွေမြင်ရင် မပျော်မရွင် ဖြစ်နေတဲ့ ကိုယ့်ဘဝနဲ့ ယှဉ်မိပြီး စိတ်ပျက် အားငယ်သွားနိုင်တယ်။  ကိုယ်ဟာ အွန်လိုင်းပေါ်မှာ လူသိများတဲ့ လူတစ်ယောက်ဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်က အဆိုးမြင်တဲ့ မှတ်ချက်တွေကို လိုက်ဖတ်မိရင် ကိုယ့်ရဲ့ ကြည်လင်နေတဲ့ စိတ်ကို နောက်ကျိစေလိမ့်မယ်။ 

ဆိုရှယ်မီဒီယာတွေကို ကိုယ့်ရဲ့ ဘဝထဲက ခဏတာ လောက်ဖြစ်ဖြစ် ထုတ်ပယ်ထားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးက ပိုပြီးတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ဘဝမှာ နောက်ကျ ကျန်နေခဲ့ပြီဆိုတဲ့ အတွေးတွေလည်း ရှိမှာ မဟုတ်တော့ဘူး။ 

မိုဘိုင်းလ် ဂိမ်းတွေဟာ လည်း လူသားတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
 ဂိမ်းစော့တဲ့ သူတစ်ယောက်ဆိုရင် ဂိမ်းထဲမှာ ဆေးခဏခဏ အထိုးခံရတာကြောင့် စိတ်ညစ်ရဖူး လိမ့်မယ်။ ကိုယ်နဲ့ အတူတွဲ စော့တဲ့သူတွေက အသုံးမကျရင် ကိုယ်အနေနဲ့ ဒေါသထွက်မိလိမ့်မယ်။ 
အဲ့ဒီလို ဂိမ်းစော့နေတဲ့ အချိန် ဂိမ်းကလည်း ရူံး အိမ်က လူတွေကလည်း တစ်ခုခု ခိုင်းရင် စိတ်မရှည်ပဲ မလုပ်ချင် လုပ်ချင်နဲ့ လုပ်ပေးတဲ့ အခါ လူကြီးတွေနဲ့ စကားများရလိမ့်မယ်။ အဲ့ဒီအခါ ကိုယ်ပဲ စိတ်ညစ်ရလိမ့်မယ်။
ဒါ့ကြောင့် ကိုယ်က အမြဲတမ်း ဂိမ်းစော့လေ့ရှိတဲ့သူတစ်ယောက်ဆိုရင် တစ်ရက်လောက် ဂိမ်းမစော့ပဲနေကြည့်ပါ။ ကိုယ့်ရဲ့ တစ်‌နေ့တာ မှာ ဘာတွေ ထူးခြားပြောင်းလဲမူရှိလဲဆိုတာ လေ့လာကြည့်ပါ။ 
အပြာကားတွေဟာ လူတွေရဲ့ စိတ်ကျန်မာရေးကို ဆိုးရွားစေပါတယ်။ 
အပြာကားတွေ့ကြည့်ပြီး အချိန်တွေ ဖြုန်းမိတဲ့အတွက် ကိုယ့်ရဲ့ စိတ်မှာ ကိုယ့်ကိုကို အပြစ်မကင်းသလို ခံစားရလိမ့်မယ်။ အပြာရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေ နဲ့ ကိုယ့်ကိုကို နှိုင်းယှဉ်မိပြီး စိတ်ဓာတ်ကျမိလိမ့်မယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ့်ရဲ့ လက်တွဲဖော် အပေါ်အားမလိုအားမရဖြစ်မိလိမ့်မယ်။ အလုပ်တွေမပြီးတဲ့အခါ စိတ်ညစ်ရလိမ့်မယ်။ 
အဲ့ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ကျန်မာရေးကိုပိုပြီးတော့ တိုးတက် ကောင်းမွန်စေချင်ရင် ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေ အပြာကားတွေကို အချိန်အပိုင်းအခြားတစ်ခု လောက် ရှောင်ကြဉ်ဖို့လိုတယ်။ 

(၂) အာရုံစူးစိုက်မူပိုကောင်းလာမယ်
ကျွန်တော်တို့ လူသားတွေ ဆိုရှယ်မီဒီယာတွေ သုံးရတဲ့ အဓိက ရည်ရွယ်ချက်က အပယ်ခံ တစ်ယောက်လို ခံစားချက်မျိုး မခံစားချင်တာကြောင့်ပါ။ ကိုယ့်ကိုကို လူ့မူ အသိုင်းအဝိုင်း‌ထဲမှာ ပါဝင်နေသေးတယ်ဆိုတဲ့ ခံစားချင်မျိုး ရရှိချင်လို့ပါ။
ဒါပေမဲ့ ဆိုရှယ်မီဒီယာမသုံးပဲ တစ်ပတ်လောက်နေကြည့်ပါ။ ကိုယ်ပျောက်ကွယ်သွားတာ ကို ဘယ်သူ မှတောင် သတိထားမိမှာ တောင် မဟုတ်ပါဘူး။ 
ကျွန်တော်တို့ အလုပ်တစ်ခုခု လုပ်ဖို့ ဖုန်းကိုင်လိုက်တယ်။ အင်တာနက် ချိတ်လိုက်တယ်။ ဝိုင်ဖိုင် ကွန်နက်ရှင် ချိတ်လိုက်တယ်။ အဲ့ဒီမှာ ကိုယ် install လုပ်ထားတဲ့ social media ပေါင်းစုံက notification တွေ စုံပြုံပြီးတက်လာလိမ့်မယ်။ 
အဲ့ဒီအခါ ကိုယ့်ရဲ့ စိတ်အာရုံက အဲ့ဒီ notification တွေဆီရောက်သွားလိမ့်မယ်။ အဲ့ဒီအခါ ကိုယ့်ရဲ့ အလုပ်တွေ နှောင့်နှေးကုန်လိမ့်မယ်။ အလုပ်တွေ မပြီးတော့ဘူး။ 
Social Media တွေကို ခဏတာ လောက်ဖြစ်ဖြစ် 
Block ထားမယ် ဖျက်ထားမယ်ဆိုရင် အဲ့ဒီလို ပြဿနာတွေ ကြုံရမှာ မဟုတ်တော့ဘူး။
ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ကောင်းကောင်း အာရုံစိုက်နိုင်လာလိမ့်မယ်။ 

(၃) အလုပ်တွေအချိန်တိုအတွင်းပြီးလာမယ်

တစ်ခါတလေ ကိုယ်က ယူကျူ့ကို တစ်ခုခု လေ့လာဖို့အတွက်ဖွင့်လိုက်တယ်။ ဒါပေမဲ့ ကိုယ်လေ့လာဖို့အတွက် ရည်ရွယ်ထားတဲ့ ဗီဒီယိုကို မကြည့်မိပဲ တစ်ခြားစိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယို‌တွေကို ကြည့်မိသွားတယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကုန်သွားလိမ့်မယ်။ အလုပ်တွေ မပြီးတော့ဘူး။ ကိုယ် လေ့လာမယ့်အရာကို လေ့လာမယ်လည်းဆိုတော့ မျက်လုံးတွေက ညောင်းနေပြီ။ လူက အိပ်ချင်နေပြီ။ အဲ့ဒီအခါ ကိုယ်လေ့လာဖို့ လုပ်ထားတဲ့ အရာအပေါ် ကြာကြာ မလေ့လာနိုင်တော့ဘူး။ 
ဂိမ်းတွေဆိုရင်လည်း အတူတူပဲ။ ငါ စာမလုပ်ခင် တစ်ပွဲလောက် စာလိုက်ပါဦးမယ်ဆိုပြီး ဂိမ်းထဲ ဝင်မိသွားတယ်။ တစ်ပွဲ ကနေ နှစ်ပွဲ နှစ်ပွဲကနေ သုံးပွဲဖြစ်ပြီး ကိုယ့်ရဲ့ အချိန်တွေကို စုပ်ယူ စားသုံးသွားလိမ့်မယ်။
အဲ့ဒါကြောင့် social media တွေ ဂိမ်းတွေကို ခဏလောက်ဖြစ်ဖြစ် block ထားပါ။ 
App Block ဆိုတဲ့ app ကိုသုံးပါ။
YouTube မှာဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့ thumbnail တွေရဲ့ ဆွဲဆောင်မူကို မခံချင်ရင် unhook ဆိုတဲ့ chrome extension ကိုသုံးပါ။ ဒီ chrome extension အကြောင်းကို နောက်လာမယ့် ပို့စ်မှာ အသေးစိတ်ထပ်ပြီး ‌တင်ပေးပါ့မယ်။ 

(၄) မျက်စိနှင့် ဦးနှောက်ကို အနားပေးနိုင်မယ်

ကျွန်တော်တို့ရဲ့ မျက်လုံးတွေ ဦးနှောက်တွေဟာလည်း တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ အနားယူဖို့လိုတယ်။ ကျွန်တော်တို့ အကြာကြာ ‌ပြေးမယ်ဆိုရင် နုလုံးက အလုပ်လုပ်ရတဲ့အတွက် မောပန်းလာတယ်။ အဲ့ဒီအတွက် အနားယူဖို့ လိုတယ်။ အဲ့ဒီလိုပဲ မျက်လုံးနဲ့ ဦးနှောက်ဟာလည်း အနားယူဖို့လိုတယ်။ social media တွေ ဂိမ်းတေကနေ ကိုယ့်ကိုကို ခဏလောက် အနားပေးထားမယ်ဆိုရင် ကိုယ့်ရဲ့ မျက်လုံးနဲ့ ဦးနှောက်ဟာလည်း ပြန်ပြီး အားပြည့်လာလိမ့်မယ်။

(၅) ကိုယ့်ရဲ့နေ့စဉ် ဘဝမှာ ပိုပြီးပျော်ရွှင်လာမယ်

ဆိုရှယ်မီဒီယာတွေပေါ်မှာ အဆိပ်အတောက် ဆန်တဲ့ စာတွေ ဗီဒီယိုတွေ အရမ်းပေါပါတယ်။  နောက်ပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ် က အရာတွေဟာ အတုအယောင်တွေများပါတယ်။ လူတွေဟာ သူတို့ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကိုသာ ဆိုရှယ် မီဒီယာတွေပေါ်မှာ မျှဝေကြပါတယ်။ 
လူသားတွေဟာ နှိုင်းယှဉ်တတ်တဲ့ သတ္တဝါတွေဖြစ်နေတာကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ သူများတွေရဲ့ ဘဝတွေကို သွားပြီးနှိုင်းယှဉ်မိပါတယ်။ အဲ့ဒီအခါ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ မပျော်ရွှင်ခြင်းတွေ ကိုယ့်ကိုကို အားမလိုမရ ဖြစ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ့်ကိုကို သိမ်ငယ်စိတ်တွေ ဝင်လာနိုင်တယ်။
 ဆိုရှယ်မီဒီယာတွေကို ပျော်ရွှင်ခြင်းရဲ့ ရန်သူတွေလို့တောင်ပြောလို့ရနိုင်ပါတယ်။ 
ဆိုရှယ်မီဒီယာ‌တွေကို နေ့စဉ် ဘဝမှာ ခဏတာ ထုတ်ပယ်ထားခြင်းက ကိုယ့်ကို ပိုပြီး ပျော်ရွင်တဲ့ လူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ 

ဒါ့ဆိုရင် ဘယ်လိုမျိုး ဦးနှောက် ဦးပုဒ်စောင့်မလဲ? 
Dopamine Fasting ဘယ်လိုလုပ်မလဲ?

(၁) သဘာဝတရားနဲ့ များများထိတွေ့ပါ

(၂) တရားထိုင်ပါ

(၃) လေ့ကျင့်ခန်းလုပ်ပါ

(၄) Productivity Tools တွေဖြစ်တဲ့ unhook တို့
App Block တို့သုံးပါ

(၅) တစ်နေ့တာကို သေချာ အချိန်ဇယားဆွဲထားပါ 

(၆) စာဖတ်ပါ

(၈) Journaling လုပ်ပါ 

(၉) အသင့်စားအစားအသောက်တွေစားတာလျှော့ပါ

(၁၀) ချစ်ရသူတွေနဲ့ အချိန်ဖြုန်းပါ 

APP



Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်