Myu
ချစ်ခြင်းမေတ္တာဟာ
ငါ့အတွက်တော့ သိပ်ကိုနတ်ကြီးလွန်းတယ်။
ရရှိဖို့ ခက်ခဲပြီး စွန့်ပစ်ခံရဖို့ သိပ်ကိုလွယ်ကူတယ်…
ကိုယ်ဖမ်းဆုပ်လိုက်ဖို့ ကြိုးစားတိုင်း
အဝေးဆီကိုပဲ လွင့်ပျံသွားတယ်…
ကိုယ် တိုးဝင်မိဖို့ ကြိုးစားတိုင်း
လှစ်ဟထားတဲ့ တံခါးချပ်တွေပိတ်သွားကြတယ်…
မအေးချမ်းခြင်း၊ သိမ်ငယ်ခြင်းတွေက
အပြည့်အသိပ် တိုးဝင်လာကြတယ်…
တစ်ပါးသူတွေ “ခမ်းနားပါတယ်” လို့ အဓိပ္ပာယ်ဖွင့်တဲ့ ချစ်ခြင်းမေတ္တာက
ဘယ်လိုမျိုးလဲလေ။
“သိပ်ကို နွေးထွေးပါတယ်” ဆိုတဲ့ ချစ်ခြင်းမေတ္တာက
ဘယ်လိုမျိုးလဲလေ။
“အနားရှိနေရင် လုံခြုံမှုအပြည့်ရပါတယ်” ဆိုတဲ့ ချစ်ခြင်းမေတ္တာက
ဘယ်လိုမျိုးလဲလေ။
တစ်ခေါက်လောက်ပဲ… တစ်ကြိမ်တစ်ခါလောက်ပဲ
ထိတွေ့ချင်ဖူးလို့ပါ။
တစ်ကြိမ်တစ်ခါလောက်ပဲ
လက်တွေ့ဆန်ဆန် ပိုင်ဆိုင်ဖူးချင်ရုံပါ။
#Myu
Keep Reading