Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

5/04/2026

အမည်မရှိ ကမ္ဘာ

1 min read
Poetry
Art
Creative

တပြိုင်နက် ကမ္ဘာ​တွေ ရှိလား ....။

တပြိုင်နက် ကမ္ဘာ​တွေ ရှိတယ်။

လူ​တွေဟာ ကိုယ့်ကမ္ဘာပတ်လမ်း​ပေါ်မှာ လည်ပတ်​နေကြတယ်။
ကိုယ်တိုင် တည်​ဆောက်ထားတဲ့ ကမ္ဘာငယ်​လေး​တွေ ရှိကြတယ်။

ငါ့မှာလည်း မကြီးကျယ် မခမ်းနား​ပေမဲ့ သန့်ရှင်း ​​သေသပ်တဲ့ ကိုယ်ပိုင် ကမ္ဘာငယ် ရှိတယ်။

ငါ့ကမ္ဘာမှာ ​​သန့်စင် လတ်ဆတ်တဲ့ ​လေချို​​မွှေး​​မွှေး​တွေ တိုက်ခတ်တယ်။

ငါ့ကမ္ဘာမှာ ကြည်လင် ​စိမ့်​အေးတဲ့ ​​ရေကြည်နုနု​တွေ စီး​ဆင်းတယ်။

ငါ့ကမ္ဘာမှာ ​​​​နှိမ့်ချ သည်းခံတတ်တဲ့ ​မြေဆီလွှာ နီနီ​တွေ ဖုံးလွှမ်းတယ်။

ငါ့ကမ္ဘာမှာ အမှိုက်သရိုက် ​​​လောဘ၊ ဒေါသ၊ မနာလို ဝန်တိုမှုများ ပညတ်ထားတယ်။
လာ​ရောက် လည်ပတ် နားခိုတဲ့
ဧည့်သည်​တွေကို ​
အေးချမ်း ဆိတ်ငြိမ်မှုနဲ့
ဧည့်ဝတ်​ကျေစွာ ဧည့်ခံမယ်။

အသည်းကွဲ​နေသူ​​တွေကို
နှလုံးသား ပုံ​ပေးတဲ့
ချစ်သူတစ်​ယောက်အဖြစ် ​ဧည့်ခံမယ်။

အာဟာရ ချို့တဲ့​နေသူများကို
ငါ့ကမ္ဘာက သစ်သီးသစ်ဖုများ
စာအုပ်များနဲ့ ဧည့်ခံမယ်။

ငါ့ကမ္ဘာမှာ ဝင်ခွင့် လက်မှတ် မရှိ။
တံခါးမရှိ ဓါးမရှိ။
ချစ်သူ မရှိ၊ မုန်းသူ မရှိ။
သက်ပြင်းချခြင်း မရှိ၊ ​ကပ်သုံးပါး မရှိ။
အာဏာရှင် မရှိ၊ သူရဲ​​​ကောင်း မရှိ။

ငါ့ကမ္ဘာဟာ အဖြူ​ရောင်မဟုတ်တဲ့
သတ်မှတ်ချက် မရှိတဲ့
အ​​ရောင်မရှိ အညတရ ကမ္ဘာငယ်တစ်ခု ဖြစ်တယ်။

17.1.24 (Wed)

Keep Reading

အမည်မရှိ ကမ္ဘာHope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နှင်းဆီနေချင်တဲ့ ဘဝ