Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

7/12/2025

တစ်ဝက်လူသား

1 min read
Poetry





ဒီ​နေ့​ခေတ် လူ​တွေမှာ နှလုံးသားအပြည့် ပါကြရဲ့လား။

ဒါမှမဟုတ် တစ်ခြမ်းကို ဝှက်ထားကြတာလား။
တစ်စိတ်ကို ချန်ထားကြတာလား။

သစ္စာအပြည့် ​ပေး​ပေမဲ့
သစ္စာအပြည့် ပြန်ရဖို့ မ​​သေချာတဲ့ ကမ္ဘာမှာ
ငါပဲ အရှုံးခံပါမယ်။

ပြန်အလာကို ​မျှော်ကိုးလို့
​​ရောက်လာတာမှ မဟုတ်ပဲ။

နှလုံးသား အပြည့် ​ပုံ​​အော​​ပေးတတ်တဲ့
အကျင့်ဆိုးတစ်​ခု​ကြောင့်
အသည်းမကွဲတတ်​အောင်လည်း
​လေ့ကျင့် ပျိုး​ထောင်ရဦးမယ်။

ဘက်ပဲ့​​တဲ့ နှလုံးသားနဲ့​​တော့
မရှင်သန်ချင်ဘူး။

19.1.24 (Fri)



Keep Reading

နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်အပြေးလွန်တဲ့ငါ့‌ခြေထောက်တွေထဲကခပ်‌ဖျော့ဖျော့အယ်လ်ဂိုရစ်သန်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသား