Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

14/09/2025

မာရသွန်​အ​ပြေးသမား

1 min read
Poetry

အ​တွေး​ပြေးစက်​ဟာ
ဦး​နှောက်ထဲမှာ
တရစပ် ခုန်​​ပေါက် ​လှုပ်ရှား​နေ​တော့
ရပ်​တန့်နေရင် ပို​မောတယ်။

ဘာမှ မလုပ်ဘဲ ​နေ​​နေရတာ
ပိုပင်ပန်းတယ်။

လျှပ်စီးလို အမြန်နှုန်း​တွေကြားထဲမှာ
​နောက်​ကြောင်းပြန် သုံးသပ်ဖို့နဲ့
ခဏနား​နေဖို့​ထက်
​ရှေ့တူရူသို့သာ
စိတ်​​လောနေခဲ့။

အ​တွေးဒဏ်​ ဖိစီးမှု​တွေ​အောက်က လွတ်ဖို့
ကိုယ်​ရော စိတ်​ရော အနားမရ​စေဖို့
​မော​မောနဲ့သာ ​ဆက်​ပြေး​​နေဖို့
​ရွေးချယ်ဖြစ်ခဲ့တယ်။

26.8.25 (Tue)

Keep Reading

လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်ခင့်ဝါဒီ