Default Profile Photo

LittleMaRch

28/02/2026

'' ကုက္ကိုပင်လမ်း "

1 min read
Life Style
Poetry
Self Improvement
'' ကုက္ကိုပင်လမ်း "'s photo


ဒီနေရာ ဒီလမ်းကို အခုမှ ပထမဆုံး ရောက်ဖူးတဲ့ ခံစားချက်ကို​​ ပြန်ရနေမိပြန်သေးတာနော် ။ ပတ်ဝန်းကျင် ရှုခင်းက သိပ်လှနေလို့လားလည်း မဟုတ် ။
လမ်းတစ်လျှောက်မှာ အုံ့မှိုင်းနေတဲ့ ကုက္ကိုပင်တွေပဲ အစီအရီ ရှိနေခဲ့တာ ။
ဒါပေမယ့် အဲ့ဒီကုက္ကိုပင်တွေမှာတော့ ကျွန်မတို့ရဲ့ မှတ်ဉာဏ်ပေါင်း သောင်းခြောက်ထောင်နဲ့ပေါ့ ။

ဒီမနက်ကမှ ခပ်ဆွေဆွေလေး ရွာလိုက်တဲ့မိုးကြောင့် လမ်းပေါ်မှာ ရေတွေတင်နေလေရဲ့ ။ ကျွန်မရဲ့ စက်ဘီး ဘီး တခါ လှည့်လိုက်တိုင်း ဖြတ်နင်းသွားမိတော့ ရေအိုင်ထဲ ​ပြန်မြင်နေရတဲ့ တိမ်တွေကို ငုံ့ကြည့်ရတာက ချစ်စရာ အခိုက်အတန့်ပဲလို့ ကိုယ့်ဘာသာ မှတ်ယူလိုက်တယ် ။

ကျွန်မ ထင်ပါတယ် ။ အခုအသက်အရွယ်ထိ ဒီလို တွေးနေမိတာ ကျွန်မ တစ်ယောက်ပဲ ရှိတော့မယ်ဆိုတာ ။ အရင်ကတော့ နှစ်ယောက်ပေါ့...

လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဒီကုက္ကိုပင်လမ်းကြားထဲ စက်ဘီးနှစ်စီးက အမြဲယှဥ်နင်းပြီး စကားတွေလည်း ဖောင်ဖွဲ့ပြီး ပြောနေကျ ။
ချိန်းခဏခဏကျတိုင်း တင်ပေးတတ်တဲ့သူ့ကို အခုထိ အမှတ်ရနေတာထက် ချိန်းဆီပေနေတဲ့သူ့လက်ကို ပိုလို့တောင် မြတ်နိုးနေပြန်တယ် ။

စိတ်ကူးပေါက်တိုင်း ကုက္ကိုပင် ပင်စည်တွေပေါ်မှာ ခဲတံချွန်ဓားနဲ့ စာတွေရေးခဲ့တဲ့ အချိန်က မှတ်မှတ်ရရ ကျွန်မတို့ ရန်ဖြစ်တဲ့အခါတွေပေါ့ ။

အခုတော့ ဒါတွေအားလုံးက အတိတ်တွေဆိုပေမယ့် ခေါင်းလျှော်ပြီးခါစ ဖွာလန်ကြဲနေတဲ့ အဲ့ဒီနီကြောင်ကြောင် ဆံပင်တွေကို ကျွန်မ လွမ်းတယ်။
စာမရပါဘူးပြောပြီး အမြဲ တစ်ရနေ တဲ့သူ့ကို သိပ်လွမ်းတယ် ။

အလွမ်းဆုံးက " ပြန်လာခဲ့ပါမယ် " ဆိုတဲ့ စကားနဲ့ သတိရတိုင်း ဒီလမ်းမှာပဲ သူရှိနေပါ့မယ်တဲ့လေ။

မျက်ရည်တွေက မခိုင်ဘဲ ကျလာပြန်တာနော်။ လက်ထဲက ပန်းစည်းကိုကိုင်ပြီး သူ့ရင်ဖက်ပေါ် ကျွန်မတင်ပေးလိုက်မိတယ် ။

" ထွက်သွားခဲ့တာ ၆ နှစ်တောင် ကြာသွားခဲ့ပြီ ''

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)