Reviews by Benevolent

မြန်မာစာပေနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ကဗျာတပုဒ် နှစ်ပေါင်း ၈၇ နှစ်သက်တမ်းရှိတဲ့ကဗျာတစ်ပုဒ်ရှိပါတယ်။ဒါကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေညို ဖြစ်ပါတယ်။ဒီကဗျာကို မင်းသုဝဏ် အင်္ဂလန်မှာ စာသင်နေတုန်း ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ဝေလမြောက်ပိုင်းက စာကြည့်တိုက် တခုမှာ ရေးဖွဲ့ခဲ့တာလို့ သိရပါတယ်။ဒီကဗျာကို စာဆိုတော်ဆရာကြီး မင်းသုဝဏ်ရဲ့သက်ရှိ ထင်ရှား ရှိစဉ်မှာပဲ ဘီဘီစီရဲ့ မေးမြန်း တင်ဆက်ချက်အနေနဲ့ အသံလွှင့်ခဲ့ဖူးပါတယ်။
ရန်ကုန် စိန့်ဂျွန်း ကျောင်းက ဆရာကြီး ဗလင်ကိုးက သူ့ကို ကျောင်းပိတ်ရက်မှာ စာလာဖတ်ဖို့ ပြောလို့ မင်းသုဝဏ်နဲ့ အာဇာနည် ဦးအုန်းမောင်တို့ ဟာဒင်ရွာ စိန့်ဒိုင်နီးယဲ စာကြည့်တိုက်မှာ စာလာဖတ်ရင်း နိုင်ငံရေး ဆွေးနွေးဖြစ်ရာက ဒီကဗျာကို ရေးဖြစ်တာလို့ စာဆိုရဲ့ သမီးဖြစ်သူ ဒေါ်ထားချို ခေါ် နှင်းသုဝဏ်က ပြောဆိုဖူးပါတယ်။သပြေပန်းကို မြန်မာတွေက ဘုရားတင်တဲ့ အောင်သပြေ အဖြစ် အလေးအမြတ် ပြုကြတာမို့ မြန်မာ့ လွတ်လပ်ရေးကိုလည်း အဆင်ပြေ ဘေးကင်းစွာ ရဖို့ ရည်မှန်း စပ်ဆိုခဲ့တာပါ။လွတ်လပ်ရေး ကြိုးပမ်းတဲ့ ကာလမှာ ဒီကဗျာကို လွတ်လပ်ရေးအကြို ကဗျာ အဖြစ် ရွတ်ဆို ခဲ့ကြသလို ဒီမိုကရေစီ လှုပ်ရှားမှု ကာလတွေမှာလည်း ဒီမိုကရေစီရဲ့ နိမိတ် အဖြစ် ဒီကဗျာကို ရွတ်ဆို အားတင်းခဲ့ကြသူတွေ ရှိခဲ့ပါတယ်။နောက် ဂျပန်ခေတ် လွတ်လပ်ရေး ရချိန်မှာပဲ သပြေကို အစွဲပြုတဲ့ လွတ်လပ်ရေး တေးတပုဒ်
Unlock to read this premium article with 100 points.