Reviews by Benevolent
ဝတ္ထုတိုများတွင်စာရေးဆရာများက စာဖတ်သူများအား ၃ ပုံ မှာ ၁ ပုံမျှသာ ရှင်းပြထားကြတယ်။ ကျန်အပိုင်းများကိုအဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ရှာဖွေတွေ့ရှိနိုင်စေရန် ချန်ထားလေ့ရှိတယ်။စဉ်းစားတွေးခေါ်စရာပါတဲ့ ရသမျိုးစုံ ပေးနိုင်စွမ်းရှိတယ်။ရယ်မောစရာတွေသာမက ရင်မောစရာတွေလည်း ပါတယ်။အဲ့အရာ ကိုယ်နဲ့ဝေးကွာမနေတဲ့ လူတွေအကြောင်းသာဖြစ်တယ်။ ကိုယ့်အနီးအနားလက်လှမ်းမီသလောက် လူတွေအကြောင်းကို လေ့လာရတာ စိတ်ဝင်စားစရာကောင်းစေတယ်။ဝတ္ထုတိုဆိုတာ ကန့်သတ်နေရာတစ်ခုအတွင်း စာဖတ်သူကို ရသဖျော်ဖြေရန်၊ အတွေးအမြင်သစ်ကိုလှုံ့ဆော်ပြီး ပါဝင်ဆွေးနွေးနိုင်ရန် ၊ သုံးသပ်နိုင်စေရန်ရည်ရွယ်ချက်တွေပါရှိတယ်။ကျွန်တော်သည်းခြေကြိုက် အကြိုက်တွေ့စေခဲ့တဲ့ ဝတ္ထုတို ၆ အုပ် လို့တင်စားထားပါတယ်။ တချို့စာအုပ်က Novella လို့သတ်မှတ်ရနိုင်တယ် ၊ တချို့စာအုပ်က အက်ဆေး ပုံစံမျိုးတွေပါ။ လူဖြစ်တည်မှုအသည်းနှလုံးတွေ လှုပ်ခါသွားစေနိုင်တဲ့စာအုပ်တွေဆိုတာတော့အမှန်ပါ။
▪️နွမ်းလျအိမ်ပြန် -စာမျက်နှာ ၇၃
စာအုပ်ထဲတွင် ချမ်းမြေ့သာယာမှု ကင်းမဲ့နေတဲ့ မိသားစုအတွင်း ကြီးပြင်းခဲ့ရသူ၊ မေတ္တာ အာသာငမ်းငမ်း ဖြစ်နေတဲ့ 'တင်မေ' ဇာတ်ကောင်ဘဝက အထီးကျန်တယ်၊။အထီးကျန်မှုတို့ကြောင့် ပန်းလျနေတဲ့ မိန်းမငယ် တစ်ဦး၊ လွှင့်စင်ထွက်လာတဲ့ စိတ်အမြွှာမြွှာနောက်သို့လိုက်ရင်း စိတ်တစ်ခုကို ရုပ်တစ်ခုကပ်ပြီး ကြိုးပမ်းရင်း ပို၍ မောပန်းနေဟန်အပြင် ကဗျာအငွေ့အသက်များ ယှက်သန်းကာ ထင်းထင်းကြီး ဖော်ပြထားတယ်။ တစ်ယောက်တည်းနေတတ်တယ်၊ ဘဝအဓိပ္ပါယ် ရှင်သန်ခြင်းရဲ့ အကျိုးကို ရှာမတွေ့၊ လူတွေ ဘာအတွက်အသက်ရှင်နေမှန်း စဉ်းစား၍မရသူတစ်ယောက်လည်းဖြစ်တယ်။
ဆရာမကြီးကြည်အေး ဆယ့်ငါးနှစ်အရွယ်ကရေးတဲ့ဝတ္ထုဆိုတာ တကယ်ကို မယုံနိုင်စရာပါပဲ၊ စာရွက် ၇၃ နဲ့ တရားရစရာတွေချည်း ပြည့်နေတယ်။ဆရာမရဲ့ ပါရမီထူးကတော့ တကယ် အံ့သြမိတယ်။စာရေးသူကိုယ်တိုင် ၃၅ နှစ်အရွယ်ရောက်လာချိန်တွင် ဒီစာအုပ်က ပြင်ဆင်၊ ဖြည့်စွက်၊ ဖြတ်တောင်စရာ ၊အပြစ်ရှာစရာ မရှိကြောင်း အမှာစာ မှာ ဝမ်းသာစွာဖော်ပြထားတယ်။ခေတ်ပြိုင် ပတ်ဝန်းကျင်ကို ဂရုမမူဘဲ ပုဂ္ဂလိက ခံစားမှုတွင် အာရုံပြု ရေးဖွဲ့ထားတာကြောင့် မြန်မာစာပေတွင် အစောဆုံးနှင့် အထင်ရှားဆုံး အိတ်ဇစ်စတင်ရှယ်လစ် တစ်ဦးဟု ဝိသေသပြုထားကြတယ်။ပုဂ္ဂလိကခံစားမှုဆိုတာ ဆရာမကြီးကြည်အေးရဲ့ စာပေဝါဒပင် ဖြစ်တယ်။ အဲ့ကာလ သူမနှင့်ခေတ်ပြိုင်များက လက်ဝဲစာပေ၊တော်လှန်ရေးနှင့် ပြည်တွင်းစစ်ကို အာရုံပြုနေချိန် သူမက သီးခြားကမ္ဘာ တစ်ခုတည်ဆောက်နေတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပထမအသုတ် ထွက်ပေါ်လာတဲ့ မြန်မာစာရေးဆရာများတွင် တစ်ဦးဖြစ်တယ်။အစောဆုံး နှင့် အထင်ရှားဆုံး ၊ နိုင်ငံတကာနှင့်ပမာပြု ပြောရရင် ဆရာမကြီးကြည်အေးက မြန်မာစာပေတွင် ဖန်တီးမှုအား ကောင်းမွန်လှတဲ့ အိတ်ဇစ်စတင်ရှယ်လစ် (existentialist)တစ်ဦးဖြစ်တယ်။
▪️ပင်လယ်ပြာနဲ့တံငါအို - စာမျက်နှာ ၁၆၆
အမေရိကန်စာပေလောကတွင် အထင်ရှားဆုံးဖြစ်တဲ့ ပူလစ်ဇာဆု၊ အသက်၅၅ နှစ်အရွယ် ဒီဝတ္ထုအကြောင်းပြုပြီး စာပေဆိုင်ရာ နိုဗယ်ဆုကြီး ချီးမြှင့်ခံရတယ်။
အလွန်ရိုးရှင်းတဲ့ ဇာတ်လမ်းဖြစ်တယ်။ကျူးဘားကမ်းရိုးတန်းရှိ တံငါရွာလေးတစ်ရွာမှ တံငါအဘိုးကြီး ဆန်တီယာဂိုက ကံအဆိုးဆုံးချိန်ဖြစ်တယ်။ ဇရာ၏ ဒဏ်ကို ခံရပြီး ၈၄ ရက်ဆက်တိုက် ငါးဖမ်းမမိသေးဘဲ သူ့အလုပ်သင်လူငယ်က သူ့ကို စွန့်လွှတ်ထားခဲ့ခြင်စလည်းခံရတယ်။ သူနာမည်က တံငါအို ဆန်တီယာဂို ၊ အနိုင်မခံ အရှုံးမပေး တံငါအို တစ်ဦးဘဝကို နောက်ဆုံးအနေနဲ့ ရေးသားခဲ့တယ်။စာဖတ်သူများ အားရကျေနပ်ခဲ့ကသလို၊ မရိုးနိုင်တဲ့ သရုပ်ဖော်မှုတစ်ခုဖြစ်ခဲ့တယ်။
ဘဝ၏ နေဝင်ချိန်မှာ ရောက်နေသည့်တံငါအိုတစ်ဦး အထူးသဖြင့် အသုံးဝင်မှုတန်ဖိုး၏ပြင်ပမှာလည်း ရောက်နေ ၊ ဘုရားသခင်၏ ကောင်းချီးပေးမှုနဲ့လည်း ဝေးကွာနေပြီး အိုမင်းဆင်းရဲလှသည့် တံငါသည်အဘိုးအိုဟာ သူ၏ ငါးဖမ်းလှေငယ်လေး နှင့်အတူ ကျယ်ပြောလှသည့် ပင်လယ်ပြင်မှာ ငါးရှာရင်း သူခက်ခက်ခဲခဲဖမ်းမိလာသည့် ဧရာမငါးကြီးကို ပြန်လုယက်ကိုက်ခဲကြသော ငါးမန်းအုပ်ကြီးနှင့် ဘတပြန် ကျားတပြန် ရုန်းကန် တိုက်ခိုက်ရသည့် စွန့်စားခန်းကို ဖော်ပြထားသည့် ဝတ္ထု တစ်ပုဒ် ဖြစ်သည်။တံငါသည် အဘိုးအိုက လူ့ဘဝကို ကိုယ်စားပြုထားပြီးလှုပ်ရှားနေတဲ့ပင်လယ်က မာယာများတဲ့လောကကြီးသာဖြစ်တယ်။ဖမ်းမိတဲ့ဧရာမငါးကြီးက လူသားအလိုဆန္ဒတွေများလို့ထင်မိတယ်။လှုပ်ရှားနေတဲ့လောကပင်လယ်ကြားငါးမန်းများကတော့ လောကဓံတရားများ လို့မျက်စိထဲ မြင်ယောင်လာမိတယ်။
▪️တကယ်မရှိသောနှစ်များ -စာမျက်နှာ ၈၆
ဒီစာအုပ်ကို Autofiction ထဲ ထည့်လို့ရမယ် ထင်တယ်။ ငါ့ ၊ ငါ့သူငယ်ချင်း ၊ ငါ့ညီ ၊ ကျွန်တော်တို့ ဆိုတဲ့ တကယ့်ကိုယ်တွေ့အဖြစ်အပျက်တွေကို ထပ်တလဲလဲ သုံးထားတာ တွေ့ရတယ်။ ဗဟုသုတထိတွေ့မှုနည်းတဲ့ ကျွန်တော်အဖို့ Google ကို အနားခေါ်ထားရပါတယ်။ဖတ်ရတာ တိုတိုလေး ၊တွေးရတာ အဆမတန်ပါပဲ။စာအုပ်ထဲမှာ လက်တွေ့နဲ့ သဘောတရားအရ 18 + အသုံးတွေမြုပ်ထားတယ်။ မူယာကာမိရဲ့ Kafka on the shore လောက်တော့ မကြမ်းပါဘူး။၁၉၉၀ ဝန်းကျင်ကရန်ကုန်မြို့လူငယ်တွေ ဘာတွေဖြစ်ခဲ့သလဲ ၊ ဘယ်လို ဘဝတွေရှိမလဲ တစ်ချက်ဝင်ကြည့်လို့ရနိုင်တဲ့ စာအုပ်ဆိုလည်း မမှားဘူး။မှတ်ဉာဏ်တွေထဲက သွေးညှီနံတွေနဲ့ သွေးဆာနေတဲ့ ဒရက်ကူလာထက်ပိုတဲ့ လူသားတွေလား ၊ ကျွန်တော်ကတော့ ဒီစာအုပ်ဖတ်နေရင်း ငါ့တို့အဘိုး၊ အဘွားကစလို့ အခုချိန်ထိ ခေတ်သမိုင်းတွေဟာ သွေးကို အလွန်အကျွံသောက်သုံးနေတာဘဲလို့ တွေးမိတယ်။၄ ကြိမ်မြောက် ဒီစာအုပ်ကိုကျွန်တော်ဖတ်နေရင်း မီးပျက်သွားချိန်၊ ဖယောင်းတိုင်အားကိုးနဲ့ဆက်ဖတ်ဖြစ်ခဲ့တယ် ၊ စာအုပ်ထဲက အမှောင်ထုရဲ့ ပဲ့တင်သံကတော့ ပိုကျယ်လာခဲ့တယ်။၁၉၉၀ သမိုင်းအနှစ်ချုပ် ၊စိတ်ထင်ရာ စိုင်းခဲ့တဲ့အကြောင်းအရာတွေ ၊ဘဝအတွေ့အကြုံအမြင်တွေ နဲ့ အဘိုး ( ဒါမှမဟုတ် ) အဖေ ၊ ဦးလေး ထားခဲ့တဲ့ မှတ်စုစာအုပ်ကလေးကို လူမသိအောင် ခို
Unlock to read this premium article with 100 points.