Reviews by Benevolent
အင်္ဂလိပ်စာရေးဆရာကြီး ဝီလီယံဆမ်းမားဆက်မွမ် (W. Somerset Maugham)၊"The Gentleman in the Parlour"စာအုပ်တွင် ၁၉၂၀ ပြည့်နှစ်က မြန်မာပြည်ခရီးစဉ်အကြောင်းပါတယ် ။၁၉၂၀တွင် မြန်မာပြည်နှင့်အရှေ့တောင်အာရှတခွင်ကို ၆လကြာ ခရီးထွက်ခဲ့တယ်။စာအုပ်အတွင်း ရှမ်းပြည်နယ်၏ လှပမှုများကို စိတ်ဝင်စားဖွယ်ရေးသားထားတဲ့ဗြိတိသျှစာရေးဆရာကြီးဝီလီယံဆမ်းမားဆက်မွမ်( W. Somerset Maugham )၏ စာအုပ်က ခရီးသွားမှတ်တမ်း (Travelogue) အမျိုးအစားဖြစ်တယ်။ခရီးစဉ်အတွင်း မြန်မာပြည်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပြင် တရုတ်ပြည်ကိုလည်းခရီးထွက်ခဲ့တဲ့ အတွေ့အကြုံများပါဝင်တယ်။
မြန်မာပြည်ဆိုင်ရာ အကြောင်းအရာများကအခန်းကဏ္ဍကိုကြည့်မိရင် အရင်ရန်ကုန်မြို့၊ကိုလိုနီခေတ်မြို့တော်အတွင်း လူမှုရေး ပုံရိပ်များ၊ ဗြိတိသျှအရာရှိများ၏ ဘဝ။ ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့တို့မှ တိုင်းရင်းသားကျေးရွာများ၏ ရိုးရာဓလေ့များ။
ကချင်ဒေသ ဆင်ခြေဖုံးကျေးရွာများအကြောင်း၊ သစ်တောများ၏ မပျက်စီးသေးတဲ့သဘာဝအလှ၊ရွှေလီမြစ်နှင့် အင်းလေးကန်၏ ရှုခင်းများကို ပန်ချီးကားတချပ်သဖွယ် ပုံဖော်ထားတယ်။ဗြိတိသျှကိုလိုနီစနစ်၏ အနုပညာဆန်တဲ့ ဝေဖန်ရေးသားချက်များပါဝင်တယ်။
သဘာဝအလှတရားကို တင်စားတဲ့အခါ ရှမ်းပြည်နယ်၏ တောင်တန်းနှင့် မြစ်များကို ကဗျာဆန်တဲ့ဖော်ပြချက်တွေပါတယ်။ကိုလိုနီခေတ်လူသားစရိုက်ကို ပုံဖော်တဲ့အခါ ဒေသခံများ၊ ကိုလိုနီအရာရှိများ၊ ခရီးသည်များ၏ စရိုက်လက္ခဏာများကို စူးရှစွာ သရုပ်ဖော်ပြထားတယ်။ဒီစာအုပ်၏ စာပေဟန်နှင့် အထူးချက်လက်များကလူမှုရေးဝေဖန်မှု
Unlock to read this premium article with 100 points.