Author's Profile Photo

Reviews by Benevolent

8/06/2025

မေတ္တာမဏ္ဍိုင်

3 mins read
Book Review
Novel
Fiction
မေတ္တာမဏ္ဍိုင်'s photo

စာမျက်နှာ ၃၄၂ နှင့် မေတ္တာမဏ္ဍိုင် (Fiesta: The Sun Also Rises )စာအုပ်ကို အမေရိကန်စာရေးဆရာ အားနက်ဟဲမင်းဝေ(Ernest Hemingway) ၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်တယ်လို့သိရတယ်။ 1926 ကထုတ်ဝေခဲ့တယ်။ဒီဝတ္ထုအတွင်းပိုင်းက ပျောက်ဆုံးသောမျိုးဆက်အကြောင်းသာဖြစ်တယ်။ ဘယ်မျိုးဆက်လည်းဆိုရင် ပထမကမ္ဘာစစ်နောက်ပိုင်း စိတ်ပျက်အားငယ်နေတဲ့ လူငယ်များသာဖြစ်တယ်။သူတို့၏ ဘဝကို ရောင်ပြန်ဟပ်ဖော်ပြထားတယ်။စစ်ပြီးခေတ်တွင် ရည်မှန်းချက်မဲ့ပြီး အနာဂတ်ကို ယုံကြည်မှုမရှိတဲ့ လူငယ်များ၏ ဘဝက အရက်သောက်ခြင်း၊ပျော်ပွဲစားရုံများတွင်အချိန်ကုန်၊ အချစ်ရေးရှုပ်ထွေးခြင်းဖြင့် ဘဝကို ဖြတ်သန်းကြတာများတယ်။ဆရာအောင်ခင်မြင့်၏ "တကယ်မရှိသောနှစ်များ" စာအုပ်တောင် သွားသတိရမိတယ်။ ဒီစာအုပ်ကို ဘာသာပြန်ပေးသူ ဆရာတက်တိုး ကို ကျေးဇူးတင်မိပါတယ်၊ ဒါပေမယ့် အမှာစာလေး ပါရင် စာအုပ်က ပိုပြည့်စုံမယ်လို့ ထင်တယ်။

ဝတ္ထုဇာတ်လမ်းအစကို ရောဘတ်ကုန်း ဆိုတဲ့ဂျူးလူမျိုး စာရေးဆရာတစ်ယောက်နဲ့စဖွင့်တယ် ၊ပထမဦးဆုံးမိန်းမနဲ့ ကွာရှင်းမှုပြီးစီးပြီ ကယ်လီဖိုးနီးယားဘက် စာပေပညာသမားတို့နှင့် ပေါင်သင်းတွေ့ဆုံရန်ထွက်လာခဲ့တယ်။မိတ်ဆွေနှစ်ဦးနဲ့ ခင်ခဲ့တယ်။ တင်းနစ်ကစားရာတွင် အနိုင်မခံအရှုံးမပေးစိတ်ရှိတယ် ဒါပေမယ့် မိန်းမတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ပုံလောင်းခြင်းခံရပြီး ပြိုပျက်ကုန်တယ်။ယုံကြည်မှုအားနည်းသူတစ်‌ယောက်၊လူများက သူ့ကို အထင်သေးနေတယ်လို့ ခံစားရပြီး မိမိကိုယ်ကို တန်ဖိုးပျောက်ပြီး သံသယရှိနေသူလည်းဖြစ်နေပြန်တယ်။စိတ်ကူးယဉ်ဆန်သူပြီး စစ်မှန်တဲ့ချစ်ခြင်းနှင့် သူရဲကောင်းဆန်တဲ့ စိတ်ကူးများ ရှိပေမယ့် လက်တွေ့နှင့် ကိုက်ညီမှုမရှိဘူးလို့ဆိုရမယ်။

ဝတ္ထု၏ အဓိကဇာတ်ဆောင်မှာ ဂျိတ် ဘန်း(စ်) ဆိုတဲ့ အမေရိကန်သတင်းထောက်ဖြစ်တယ်။ သူက စစ်အတွင်းဒဏ်ရာရခဲ့တယ်၊ လိင်ပိုင်းဆိုင်ရာ အားနည်းမှုရှိနေပြန်တယ်။သူ၏ ချစ်သူ လေဒီ ဘရက် အက်ရှလေ နှင့် ဆက်ဆံရေးက ရှုပ်ထွေးပြီး စိတ်မချမ်းသာစရာဖြစ်ရတယ်။ အကြောင်းရင်းက ဂျိတ် ၏ ဒဏ်ရာကြောင့် သူတို့၏ ဆက်ဆံရေး အပြည့်အဝမဖြစ်နိုင်ခြင်းကြောင့်လို့ဆိုရမယ်။ဂျိတ် ၏ ဒဏ်ရာများက သူ၏ ယောက်ျားပီသမှုကို စိန်ခေါ်နေသလိုအချိန်လည်း ရှိတယ်ဆိုရမယ်။
အေးစက်တဲ့စိတ်ခံစားမှုကို ထိန်းချုပ်ထားသူလို့ဆိုနိုင်တယ်။ပထမကမ္ဘာစစ်အတွင်း ရခဲ့တဲ့ဒဏ်ရာ ၊ သူ၏ ဒဏ်ရာနှင့် ချစ်ပါလျက် မဖြစ်နိုင်တဲ့ ဆက်ဆံရေးကို သည်းခံနေရတယ်။ဒါပေမယ့်လေးနက်တဲ့ အတွေးအခေါ်ရှိတယ်။သူ၏ စကားပြောဟန်က တိုတောင်းပင်မယ့် နက်ရှိုင်းတဲ့ အဓိပ္ပာယ်များ ပါဝင်နေတယ် ပြောရမယ်။ စစ်ဒဏ်ရာကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုဆုံးရှုံးခြင်းက သူ့ကို ယောက်ျားပီသမှုနှင့် ပတ်သက်ပြီး စိတ်ညစ်စေခဲ့တဲ့အချက်တော့ရှိတယ်။

လေဒီ ဘရက်(‌ဒ်) အက်ရှလေ
ဗြိတိသျှအမျိုးသမီးတစ်‌ယောက်၊လန်ဒန်မှာ လုပ်ငန်းကြီးတွေရှိတယ် ဒါပေမယ့် ပဲရစ်မြို့မှာ ပျော်နေသူ။ ဂျိတ် ၏ ချစ်သူ၊ လွတ်လပ်ပြီး စည်းမဲ့ကမ်းမဲ့ နေထိုင်သူလို့မြင်တယ်

❝ မသိမှု ဝတ်ရုံကြီး ❞AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyရောမဘုရင်တွေ ဘာကြောင့်ရူးနေကြတာလဲဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ဖတ်နိုင်သမျှ များများဖတ်ပေးပါမေတ္တာမဏ္ဍိုင်လူဆိုသည်မှာ ချေးများစေ့စပ်တဲ့သူတန်ဖိုးရှိတဲ့အရာ ခံစားမိအောင်

Unlock to read this premium article with 100 points.