Author's Profile Photo

Reviews by Benevolent

10/09/2025

ဘဝဟူသည်

3 mins read
Book Review
Novel
Fiction
ဘဝဟူသည်'s photo

သာမန်လူသားတစ်ဦးဖြစ်ပါက ဇာတ်လမ်းဆန်တဲ့ သူရဲကောင်းတစ်ဦးမဟုတ်ဘဲ ရှုံးနိမ့်မှုများ၊ စိတ်ပျက်ဖွယ်ရာများနှင့် အားနည်းချက်များရှိကြတယ်။ဒီစာအုပ်က ၁၉ရာစုနှောင်းပိုင်း ရုရှားနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုခေတ်ကာလအတွင်း လူတစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် ရှာဖွေတွေ့ရှိမှု ခရီးကို စူးရှစွာ ရေးဖွဲ့ထားတဲ့လက်ရာကောင်းတစ်ခုလို့ပြောရမယ်။

မြို့တွင် အဝတ်အစားပေပေရေရေ စုတ်စုတ်ပြတ်ပြတ်နှင့်လူတွေ ပြည့်နှက်နေတယ်။အဲ့လူတွေကို "ရထားသမား"လို့ခေါ်တယ်။သူတို့က အရက်ဆိုင်များ၊ ဈေးများအနီးတွင်ကျက်စားတတ်ကြတယ်။ရိုးရိုးလူတွေကို ပန်တလီ လို့ခေါ်တယ်။မြို့ပေါ်ရှိ အချမ်သားဆုံး လူပေါင်းသုံးဆယ်လောက်က စည်းစိမ်ဥစ္စာ အားလုံးကို ဖဲရှုံးပစ်တယ်။မသန့်ရှင်းတဲ့ရေကို သောက်ပြီး အစိုးရထံငွေချေးရေးကိစ္စသာ စိတ်အားထက်သန်နေကြတယ်။
ရိုးသားသူထက် လာဘ်ပေး၊ လာဘ်ယူက များနေတယ်။
အလိမ်အညာမရှိတဲ့နေ့ ၊ အလိမ်အညာမခံရတဲ့နေ့ဆိုတာ မရှိကြဘူး။ပညာတတ်တွေလည်း လိမ်ကြတယ်၊ အစားအသောက် ချွေတာခြိုးခြံရတဲ့ စိန့်ပီတာ ဝါရှောင်ပွဲကာလ ဆိုတာရှိတယ်။ အလုပ်အကိုင်မရေရာမှုတို့ကြောင့် အစားအစာများကိုခြိုးခြံစားသောက်ကြရတယ်။
ပျင်းရိငြီးငွေ့မှုနဲ့ဆာလောင်မှုက နေမရ၊ ထိုင်မရ မွတ်သိပ်စွာနှင့် စိတ်ဂနာမငြိမ် ဖြစ်စေကြတယ်။

ဝတ္ထု၏ဇာတ်ဆောင် ပိုလိုနော့ က ပြည်နယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ လူလတ်တန်းစား မိသားစုထဲက သားဖြစ်တယ်။ ဖခင်က စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တယ်၊ စနစ်တကျချမှတ်ထားတဲ့ ဘဝပုံစံနှင့် လူမှုအသိုင်းအဝိုင်း မျှော်လင့်ချက်များရှိတယ်။အဲ့အရာကိုပိုလိုနော့က ဆန့်ကျင်ကာ သူ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရန် ဆုံးဖြတ်တယ်၊ စက်မှုလက်မှုပညာသင်ကျောင်းမှ ထွက်ပြီး ဆေးသုတ်အလုပ်သမားအဖြစ် အသက်မွေးရန် ကြိုးစားတယ်။အလုပ်သမားကောင်းဘဝက ခေါင်းမှာရုံးတံဆိပ်ပါတဲ့ ဦးထုတ်ကြီးဆောင်းပြီး အစိုးရစက္ကူတွေကို ဖြုန်းပစ်နေတဲ့အလုပ်ထက်အများကြီးသာတယ်ဆိုတဲ့အယူအဆရှိလာတယ်။လူငယ်စိတ်ဓာတ်ကြီးမားသူ၊ လူမှုရေးစနစ်ကို မေးခွန်းထုတ်သူတစ်ဦးဖြစ်တယ်။ဒီရွေ့လျားတဲ့ ဆုံးဖြတ်ချက်က သူ့အား လူမှုအသိုင်းအဝိုင်းဧ။်ကဲ့ရဲ့ပြစ်တင်မှုများ၊ မိသားစု၏ မနှစ်မြို့ဖွယ် တုံ့ပြန်မှုများနှင့် လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်သွားရစေတယ်။ပိုလိုနော့ ၏ ရည်မှန်းချက်က မိမိ၏ချွေးနှင့် ရှာဖွေရရှိတဲ့ ပိုက်ဆံဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန်ဖြစ်တယ်။ စာရေးသူAnton Chekhov က လက်တွေ့လုပ်ကိုင်အားထုတ်မှု (manual labour) ၏ တန်ဖိုးကို ထောက်ပြလိုဟန် ရှိပေမယ့် လက်တွေ့တွင် ဒီအလုပ်များ၏ ကြမ်းတမ်းခက်ခဲမှု၊ ညံ့ဖျင်းတဲ့ အခြေအနေများ၊ လူတန်းစားကွာဟမှုကို မဖြေရှင်းနိုင်ပုံတို့ကိုလည်း မြည်းစမ်းရှာဖွေပြထားတယ်။

လူတန်းစားခွဲခြားမှုနှင့် လူမှုရေး ပြောင်းလဲမှု (Class and Social Change)တွေ၊ ချက်ကော့(Chekhov )က ၁၉ရာစုနှောင်းပိုင်း ရုရှားလူ့အဖွဲ့အစည်း၏ တင်းမာနေတဲ့ လူတန်းစားခွဲခြားမှုကို ထောက်ပြထားတယ်။ပိုလိုနော့၏ "အလုပ်သမား" ဘဝရွေးချယ်မှုက သူ့လူတန်းစားအတွက် သစ္စာဖောက်မှုတစ်ခုအဖြစ် မြင်ကြပြီး၊ လူမှုရေးအရ ခွဲခြားဆက်ဆံခံရတယ်။သူမိန်းမ မင်းသမီးလေး မာယာ၏ စွန့်စားခန်းကလည်း ကျေးလက်ဒေသ၏ ပျက်စီးယိုယွင်းနေမှုနှင့် စစ်မှန်တဲ့ ပြောင်းလဲမှုအတွက် ခက်ခဲပင်ပန်းမှုကို ဖော်ပြထားတယ်။

နောက်တစ်ခုကအိမ်ထောင်ရေးနှ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.