Reviews by Benevolent

ကျွန်တော်တို့ အများစုက heroism & heroic ideologyနဲ့ ပိတ်လှောင်ခြင်းခံရတဲ့ မျိုးဆက်တွေပါပဲ။တခုခုဆို အဲ့ဒီဘောင်အပြင်ကနေ ကျော်ပြီး မစဉ်းစားနိုင်ကြဘူး ကြာလာတော့ ဒီအရာတွေက culture တစ်ခု ဖြစ်လာစေတယ်။ငယ်စဉ်က မြန်မာသမိုင်းအကြောင်းအရာများစွာကို ကျောင်းသင်ခန်းစာအနေဖြင့် လေ့လာခဲ့ဖူးကြမှာပါ။ဒါပေမယ့် မှတ်မိလား၊ သိလားဆို စာမေးပွဲဖြေတုန်းပဲ မီးလောင်လိုက်တဲ့ ကောက်ရိုးမီးလိုမျိုး။ ရသစာပေ လေးနဲ့သာသင်ခဲ့ရမယ်ဆို အတော်ပျော်ခဲ့နိုင်သလို အတော်မှတ်မိမှာလည်း အသေအချာပဲ။စာရေးဆရာ ခက်ဇော်လို့ ပြောလိုက်တာနဲ့ The guys of Rangoon နှင့် The guys from Mandalay ကို ပထမဆုံးမြင်မိလိမ့်မယ်။ ဖတ်ဖူးသူတိုင်းဆရာခက်ဇော်ရဲ့ အရေးအသားနှင့် ဇာတ်ကောင်စရိုက်တင်ပြပုံကို အတော်ကြွေကြမှာအမှန်။အထူးသဖြင့် လူငယ်များကြား ရေပန်းစားလောက်သည့်အထိ စာအုပ်ထဲပါဝင်တဲ့ဇာတ်လိုက်တွေက လွှမ်းမိုးနိုင်စွမ်းရှိတတ်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ကျွန်တော်အခု ညွှန်းဆိုချင်တဲ့ စာအုပ် series က ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ကုန်းဘောင်ခေတ်ဦး၊ အင်းဝခေတ်နှောင်းပိုင်းကာလ ၊ ဟံသာဝတီနောက်ဆုံးအချိန် ၊ ရွှေဘိုသမိုင်းအစ နောက်ခံထားတဲ့စာအုပ်တွေအကြောင်းကို အတိုချုပ် မျှဝေပေးချင်ပါတယ်။စာအုပ်တွေကိုဖတ်နေချိန်အတွင်းနှင့် ဖတ်ပြီးချိန်မှာရလိုက်တဲ့ ခံစားမှုလေးတချို့ကိုသာ ပြောပြခြင်းဖြစ်ပါတယ်။
အင်းဝနဲ့ ဟံသာဝတီ ရဲ့ စစ်အရေးအခင်းကိုနောက်ခံထားပြီး များစွာသော ဇာတ်ကောင်တို့ရဲ့ စရိုက်ပေါင်းများစွာကိုအသေးစိတ်ဖော်ပြထားသလိုအသက်၁၈နှစ်အရွယ်မှာ ခမည်းတော် နတ်ရွာစံပြီးထီးမွေနန်းလျာကို ဆက်ခံခဲ့တဲ့ အင်းဝနောက်ဆုံးဘုရင် (သို့) ဟံသာဝတီရောက်မင်း မဟာဓမ္မရာဇာအဓိပတိနန်းစတက်တဲ့ အချိန်ကစပြီး ဇာတ်အိမ်တည်ထားတာကို တွေ့ရတယ်။
မြန်မာသမိုင်းနောက်ခံဇာတ်လမ်း အတော်များများမှာ
အဓိကဦးစားပေးဇာတ်ကောင်ပါသလို ရွေးချယ်ထား တဲ့ဇာတ်ကောင်ကိုအနည်း နဲ့ အများ ဘက်လိုက်(Bias)တတ်သည့်အပြင် ရှေးရိုးစွဲယဉ်ကျေးမှုလို့ပြောလို့ရတဲ့ Heroism သူရဲကောင်းဝါဒကို အလေးပေး ရေးတတ်ကြတယ်။ဒီစာအုပ်မှာ အဲ့အစွဲဝါဒတွေမတွေ့ရဘဲ သာမန်လူသားအနေဖြင့်သာ ပုံဖော်ထားပုံက တကယ့်လက်တွေ့ကျပြီးထိမိလှတဲ့ အရေးအသားတွေနဲ့ ခေတ်တစ်ခေတ်ရဲ့ မြင်ကွင်းတွေကို ကွက်ကွက်ကွင်းကွင်းကြေးမုံပြင်မှာ မြင်စေနိုင်တယ်။
အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိရဲ့ အားအထားရဆုံး စစ်သူကြီးကိုးသိန်းသခင် (ခေါ် )သတိုးမင်းခေါင် ၊ငတွန် ၊အရက်ကုန်သည် လွိဇာ ၊ဆာရာ ၊နိုင်ငံရေး၊စစ်ရေးမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ သနားစရာ နာလဲ ( ကွေ့လူမျိုး)၊ တလပန်း ၊ဂမုန်း၊ နန်းသွယ် ၊အောင်စ စတဲ့ ဇာတ်ကောင်တွေက ဒီ series တစ်ခုလုံးကို အချိတ်အဆက်အားကောင်းကောင်းနဲ့ ဇာတ်လမ်းကို ဦးဆောင်သူတွေသာဖြစ်တယ်။နောက်ဇာတ်ကောင်တွေကလည်း အခုထိကိုယ့်ကိုယ်လွမ်းမိုးထားနိုင်ဆဲပါ။ သန်လျင်မြို့အဝင် ငဇင်ကာကုန်းကိုတွေ့ရင် စိမ်းပြာရောင် မျက်လုံးပိုင်ရှင် အင်းဝသူ ပေါ်တူဂီအမျိုးသမီးငယ် လွီဇာဒီမဲလိုး ပုံရိပ်ကို မြင်တယ်။ ကျိုက်ခေါက်ဘုရားဘက် ဖြတ်သွားမိရင် အင်းဝကို မုန်းတဲ့ နတ်ရှင်နောင် ၊ နန်းသွယ်ကြောင့်ဖြစ်လာတဲ့ ဝန်ကြီးပဒေသရာဇာ(အကြီးတော်) ဂူဗိမာန် တွေက ကျွန်တော်ကို လွှမ်းဆွတ် မိစေတယ်။ခရီးသွားရင် ပဲခူး၊ ဟင်္သာကုန်းနားရောက်ရင် တလပန်း နှင့် ဂမုန်း တို့ရဲ့ အချစ်သင်္ကေတ နေရာအဖြစ် အသိအမှတ်ပြုမိပြန်တယ်။
ဦးအောင်ဇေယျရဲ့ မဟာပြိုင်ဘက်ဖြစ်လာသူ ဂုဏ္ဏအိမ် ၊ ငချစ်ညို တို့နဲ့ တိုက်တဲ့စစ်ပွဲတွေမှာ စစ်ပရိယာယ် ကျွမ်းကျင်မှု၊ သူရဲကောင်းတို့ရဲ့ စိတ်နေစိတ်ထားကတိသစ္စာတည်မှုတွေကို ရသမျိုးစုံနဲ့ စီးမြောသွားရသည့် အခိုက်အတန့်က Game Of the Throne ဇာတ်ကားကြည့်နေရသလိုမျိုး ရှုံးတဲ့သူကို သနားလိုက် ၊ နိုင်တဲ့လူကို မကျေနပ်လိုက် စိတ်ခံစားမှုအတတ်အကျအားကောင်းအောင် ဖန်တီးပုံဖော်ထားတယ်။ဦးအောင်ဇေယျနဲ့စီးချင်းထိုးတဲ့ ငချစ်ညို၊ ဘုရင်ဖြစ်ချင်နေတဲ့ချစ်ညိုကြီးကိုလဲ တခုတော့ ပြောလိုက်ပါရစေ "ဓားဘယ်လောက်ထက်ထက် အမျှော်အမြင်မရှိတဲ့ သူရသတ္တိက အချိန်တန်ရင် ငုပ်လျှိုးရစမြဲ" ပါပဲ။
ပွင့်ပွင့်လင်းလင်းဝန်ခံရရင်အလောင်းဘုရားတွင် ရဲစွမ်းသတ္တိနဲ့ပြည့်ဝသော စစ်သေနာပတိ မုဆိုးချုံ ငတွန် အကြောင်းကို ဒီစာအုပ်ဖတ်မှ သေချာသိရတယ်ဆိုတာကို ဝန်ခံရမယ်။ပုဆိုးကို ခေ
Unlock to read this premium article with 100 points.