SarPhat Author
အရာရာတိုင်းကို အတည်ကြီး မခံစားပါနဲ့။
တချို့ကိစ္စတွေဟာ ပေါ့ပေါ့ပါးပါး တွေးတတ်ရပါတယ်။
တချို့ကိစ္စတွေဟာ လျစ်လျူရှုတတ်ရပါတယ်။ တချို့ကိစ္စတွေဟာ ခပ်မြန်မြန် ကျော်လွှားရပါတယ်။
တချို့ကိစ္စတွေဟာ တွေးထားသလို ဖြစ်ချင်မှ ဖြစ်တယ်။
တချို့ကိစ္စတွေက မတွေးထားလည်း ဖြစ်တတ်တယ်။
အတွေးတွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဆိုတာ
100% ထပ်တူမှ မကျနိုင်တာပါပဲ။
လူတွေအပေါ်ဆိုရင်လည်း
လေးလေးပင်ပင်ကြီး မချစ်ပါနဲ့။
လေးလေးပင်ပင်ကြီး မပေါင်းပါနဲ့။
ကိုယ့်ကိုယ်ကို ပထမနေရာမှာထားပြီးမှ တခြားသူတွေကို ချစ်ပေးပါ။
သူတို့အပေါ် ကိုယ်ကောင်းနိုင်သလောက် ကောင်းပေးပါ။
အချစ်ပေးလို့ အချစ်ပြန်ရတဲ့အခါ ပျော်ရွှင်ပါ။
အချစ်ပြန်မရတဲ့အခါ (ဒါမှမဟုတ်)
အချစ်ပြန်မရတော့တဲ့အခါ
ကိုယ့်အချစ်တွေကို ကိုယ်တိုင် သိမ်းဆည်းတတ်ရပါမယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့
ကိုယ့်ကို အဆိပ်သင့်စေသူတွေကိုဆိုချက်ချင်း ဖြတ်တောက်တတ်ရပါမယ်။
ကိုယ့်အချိန်တွေကို
ချစ်ပြီးလည်း မပူလောင်ပါနဲ့။
မုန်းပြီးလည်း မပူလောင်ပါနဲ့။
အရာရာကို seriously လိုက်လံခံစားနေမယ်ဆိုရင် လူတွေအပေါ် seriously လိုက်လံခံစားနေမယ်ဆိုရင် နေ့ရက်တိုင်းဟာဝန်ထုတ်ဝန်ပိုးကြီးထမ်းထားရသလို လေးလံနေမှာ ဖြစ်ပါတယ်။
မနေ့က အလေးဟာ ဒီနေ့ပါလာပြီး
ဒီနေ့အလေးဟာ မနေ့ကအလေးနဲ့အတူမနက်ဖြန်ထိ ပါသွားတတ်ပါတယ်။လေးလံလွန်းတဲ့ ဘဝကြောင့်
ကိုယ်သာ မပျော်ရွှင်ရသူ
ကိုယ်သာ မအေးချမ်းရသူ
ကိုယ်သာ ရှုံးတဲ့သူ ဖြစ်ရပါလိမ့်မယ်။
#After20
#Y
Keep Reading