Kaung Hein Soe - Strategic
ရှေ့က Lecture တွေမှာ ပြောခဲ့တဲ့အတိုင်း Depreciation တွေ၊ Tax တွေ၊ Interest တွေ၊ Inflation Rate နဲ့ကိုက်ညှိကြည့်တာတွေ အားလုံးနုတ်ပြီးတဲ့နောက်မှာ ကုမ္ပဏီလုပ်ငန်းရဲ့ အသားတင်အမြတ်ငွေ ထွက်လာပြီ ဆိုရင် အဲ့ဒီအမြတ်က တကယ်ပဲ အသားတင်အမြတ်ဖြစ်နေပြီလားဆိုတာ ဒီအပိုင်း(၇)မှာ ထပ်ပြီးတော့ ချိန်ထိုးရမဲ့ အရာလေးတစ်ခုကိုပြောပြချင်ပါတယ်။
ရှေ့က Depreciation တွေ၊ Interest တွေ၊ Inflation တွေနဲ့ ကိုက်ညှိပြီးတဲ့အချိန်၊ Tax တွေဆောင်ပြီး သွားတဲ့ အချိန်မှာတောင်မှ ကျွန်တော်တို့အတွက် နောက်ထပ်တွေးစရာတစ်ခု ရှိနေဦးမှာဖြစ်ပါတယ်။
ပထမဦးဆုံးသိရမဲ့အချက်က “Retain Earning” ပဲဖြစ်ပါတယ်။ Retain Eraning ဆိုတာက ကျွန်တော်တို့ ရဲ့ ကုမ္ပဏီတွေက သိန်း ၁၀၀ နဲ့ လုပ်ငန်းတစ်ခုလုပ်လိုက်ပြီး တစ်လကို ၁၀ သိန်းမြတ်လို့ အဲ့ဒီ ၁၀ သိန်းကို တစ်ခါ တည်း ထုတ်နုတ်ပြီးတော့ “ဒါ ငါမြတ်တာပဲ” ဆိုပြီးတော့ သုံးစွဲပစ်လိုက်မယ်ဆိုရင် လုပ်ငန်းက အရင်းအနှီး သိန်း ၁၀၀ က သိန်း ၁၀၀ နဲ့ပဲလည်ပတ်နေမှာဖြစ်ပါတယ်။ လုပ်ငန်းထပ်ပြီးတိုးတက်ဖို့၊ Growth ဖြစ်လာဖို့၊ ထပ်ပြီးတော့ ကုန်ကျစရိတ်တွေ လျှော့ချဖို့၊ နည်းပညာအသစ်တွေထပ်သုံးဖို့၊ ပိုကောင်းတဲ့ Material တွေ၊ ပိုကောင်းတဲ့ Equipment တွေ ဝယ်ယူသုံးစွဲဖို့အတွက် ငွေမရှိဘဲဖြစ်နေမှာဖြစ်ပါတယ်။ အဲ့တော့ Retain Eraning ဆိုတာ ဘာလဲဆိုတော့ မြတ်တဲ့ အသားတင်အမြတ်ထဲကနေပြီးတော့ လုပ်ငန်းရဲ့ Development အတွက် ၊ လုပ်ငန်းရဲ့ Growth အတွက်၊ ထပ်ပြီးတော့ ချဲ့ဖို့အတွက် ငွေရင်းအဖြစ်နဲ့ ဖြစ်ပါစေ၊ Investment အနေနဲ့ ဖြစ်ပါစေ ပြန်လည် ပြီးတော့ အမြတ်ငွေကို ခွဲထုတ်ထိန်းသိမ်းထားလိုက်ခြင်းကို “Retain Earning” လို့ခေါ်ပါတယ်။
ကျွန်တော်တို့သည် လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် Share ထည့်ဝင်တဲ့လူတွေ၊ စပ်တူလုပ်ကြတဲ့လူတွေရှိပါ မယ်။ အဲ့လို Share ထည့်ဝင်တဲ့လူတွေ၊ စပ်တူလုပ်ကြတဲ့လူတွေကို ကုမ္ပဏီ မြတ်တဲ့အမြတ်အားလုံးကို အညီအမျှ ခွဲဝေပေးလိုက်လို့မရပါဘူး။ ဒါကို “Dividends” လို့ခေါ်ပါတယ်။ “Dividends” ဆိုတာ အမြတ်ပြန်လည်ခွဲဝေပေး တဲ့ ငွေဖြစ်ပါတယ်။ အကုန်လုံးကိုတော့ခွဲဝေပေးလို့မရပါဘူး။ လုပ်ငန်းတိုးတက်ဖို့အတွက်၊ Growth ဖြစ်ဖို့အတွက် တစ်စိတ်တစ်ပိုင်းဖယ်ထားရတဲ့ Retain Earning ဆိုတာရှိပါသေးတယ်။
ဥပမာပြောရရင် သူငယ်ချင်းသုံးယောက်စုပြီးတော့ တစ်ယောက်ကို သိန်း ၅၀၀ ထည့်ပြီး သိန်း ၁၅၀၀ နဲ့ လုပ်ငန်းကို စတင်ကြပါတယ်။ လုပ်ငန်းစတင်ပြီး တစ်နှစ်ကြာသွားတဲ့အချိန်မှာ ရှေ့က Lecture မှာပြောခဲ့တဲ့ Expenses တွေ၊ COGS တွေ၊ Operation Expenses တွေ၊ Depreciation တွေ၊ Tax တွေ၊ Inflation တွေ အားလုံး ကိုညှိပြီးတဲ့နောက်မှာ အသားတင်အမြတ်အနေနဲ့ သိန်း ၃၀၀ ထွက်လာလို့ အဲ့ဒီ သိန်း ၃၀၀ ကို တစ်ယောက်ကို ၁၀၀ စီ သုံးဦးကို ခွဲပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းကြီးသည် သိန်း ၁၅၀၀ ပဲ အရင်းအနှီးနဲ့ ဆက်လက် ပြီးတော့ Growth ဖြစ်မှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် Inflation Rate ကြောင့် ငွေကြေးဖောင်းပွနှုန်း ရှိတဲ့အတွက် သိန်း ၁၅၀၀ သည် တန်ဖိုးက ပိုပြီးတော့တောင် ကျုံ့သွားဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်ဦးချင်းစီကို အညီအမျှခွဲပေးလို့မရဘဲနဲ့ ဒီ သိန်း ၃၀၀ ထဲက သဘောတူညီချက်ယူပြီးတော့ Retain Earning အဖြစ်နဲ့ ပြန်လည် ထိန်းသိမ်းရပါတယ်။
Retain Earning တွေကို ဘယ်နေရာမှာ သုံးသလဲဆိုတော့ သုံးရတဲ့နေရာတွေအများကြီးရှိပါတယ်။ ချေးငွေတွေချေးထားလို့ Retain Earning အနေနဲ့ ပေးဆပ်လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ပိုင်တဲ့ Equity တွေက ပိုပြီးတော့များလာမှာဖြစ်ပါတယ်။ နောက်တစ်ခါ Efficiency တက်လာအောင် ပိုကောင်းတဲ့နည်းပညာတွေသုံး မယ်၊ ဝန်ထမ်းတွေကို Skill တွေမြှင့်မယ်၊ Research တွေလုပ်ပြီးတော့ Data တွေ နည်းပညာအသစ်တွေရှာဖွေ မယ်၊ ဒီလိုနေရာတွေမှာ Retain Earning ဆိုတဲ့ အမြတ်ငွေကဖယ်ထားတဲ့ ငွေကြေးပမာဏကို သုံးစွဲလေ့ရှိပါ တယ်။
နောက်တစ်ချက်က Business Growth ဖြစ်ဖို့ ဆိုင်ခွဲတွေထပ်ချဲ့မယ်၊ ပစ္စည်း Product အသစ်တွေ ထပ်ပြီးတော့တင်မယ်၊ ဒီလိုမျိုးတွေလုပ်ဖို့အတွက် Retain Earning ကိုသုံးပါတယ်။ “Research and Development” ပိုကောင်းတဲ့နည်းပညာတွေရဖို့၊ ပိုကောင်းတဲ့ Process တွေ၊ ပိုမြန်တဲ့ Process တွေ ဒါတွေကို လုပ်နိုင်ဖို့အတွက် Retain Earning ကိုသုံးရလေ့ရှိပါတယ်။ Retain Earning သည် Business ရေရှည်အတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာ သိဖို့လိုပါတယ်။ Retain Earning ကိုနုတ်ပြီးတော့မှ ကျန်တဲ့ အသားတင်အမြတ်ကသာ Share Holder တစ်ဦးချင်းစီကို ပြန်လည်ခွဲဝေပေးမဲ့ တကယ့်အသားတင်အမြတ်ဖြစ်ပါ တယ်။
လုပ်ငန်းတစ်ခုကိုသွားမယ်ဆိုရင် ဒီအချက်တွေကို အားလုံးခြုံငုံသုံးသပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးရင်းနဲ့ ကျွန်တော့်ရဲ့ “သင့်လုပ်ငန်းက တကယ်မြတ်ရဲ့လား” ဆိုတဲ့ အပိုင်းဆက်မျှဝေမှုလေးကို ဒီအပိုင်းမှာပဲ နိဂုံးချုပ်လိုက်ရပါတယ်။
Keep Reading