Author's Profile Photo

Oleen

17/09/2025

Student မဟုတ်တဲ့ ကျောင်းသား

2 mins read
Personal Development
Education
General Knowledge

အဓိပ္ပါယ်တူတယ်လို့ ကျွန်မတို့လက်ခံထားတဲ့ နာမည်တစ်ခုရဲ့ အင်္ဂလိပ်အခေါ်အဝေါ်နဲ့ မြန်မာအခေါ်အဝေါ်ဆိုတာ စာဖတ်သူတို့အားလုံးသိကြမယ်ထင်ပါတယ်။ "နာမည်တွေက အရမ်းအရေးကြီးတယ်'' လို့ ကမ္ဘာကျော် စာရေးဆရာကြီးတစ်ယောက်ရေးထားတာ ကျွန်မဖတ်ဖူးတယ်။ နာမည်တွေမှာ စွမ်းအားရှိပါတယ်။ လူတွေရဲ့ တစ်ချို့ယုံကြည်မှု တွေဟာ နာမည်တွေကြောင့် ဖြစ်လာတယ် ဆိုတာကိုရေရာ သတိထားမိကြပြီလား။
ရှေးမြန်မာလူမျိုးတွေသည်လည်း ဒီနာမည်တွေအပေါ် အလေးထားခဲ့ကြဟန်တူပါတယ်။
နာမည်နဲ့ပတ်သက်လို့ ကျွန်မတို့ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ ဆရာမက ကိုယ့်နာမည်တွေရဲ့ အဓိပ္ပါယ်တွေကို ပြောပြခိုင်းတာ မှတ်မိတယ်။
မစံပယ်ဖြူဆိုရင် ငယ်ငယ်က စံပယ်ပန်းလေးလို ဖြူဖြူဖွေးဖွေးချစ်စရာလေးမို့ မိဘတွေက စံပယ်ဖြူ လို့ မှည့်ခေါ်ထားတာပါတဲ့။ မောင်ကျော်ကြားအောင် ဆိုရင် ကြီးလာရင် ကျော်ကြားအောင်မြင်စေချင် လို့ပါတဲ့။ စသည်ဖြင့်ပေါ့။ ဒါတွေသည် နာမည်တွေပါပဲ ။ နောက်တစ်မျိုးနာမည်လည်း ရှိပါသေးတယ်။ သူကျတော့ ကိုယ့်ကိုယ်ကို စကားလုံးတစ်ခုနဲ့ တင်စားရမယ်ဆိုရင် ဘယ်စကားမျိုးက မင်းရဲ့ နာမည်လဲဆိုတာမျိုး။ ဥပမာ - ကိုယ်ကစာတော်တယ်ဆိုရင် ''ဟိုက်ပါ'' ဆိုတာမျိုး၊ အမြဲပုံးနေတတ်သူကို ''ပြုံးချို'' ဆိုတာမျိုး။ လုပ်ငန်းကြီးတွေလုပ်လို့ လုပ်ငန်းတွေရဲ့ နာမည်ဆိုတာလဲ ဒီလိုမျိုးပဲ။ Coca Cola ဆိုရင် '' လူတွေကို ပျော်ရွှင်စေတယ်'' ဆိုတာ သူ့နာမည်ပဲ။ ဒီလိုမျိုး နာမည်တွေက လူတွေကို ယုံကြည်မှုတစ်ခု၊ ခံစားချက်တစ်ခု ပေးတယ်ဆိုတာကတော့ သံသယဖြစ်ဖွယ်မရှိပါပူး။ နာမည်အကြောင်းကိုတော့ ဒီလောက်ဆိုရင် အနည်းအကျဥ်း သိသွားကြမယ်လို့ ထင်ပါတယ်။
ဒါဆို ''ကျောင်းသား'' ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်ကိုလည်း ကျွန်မတို့အတူ အဓိပ္ပါယ်ဖွင့်ကြည့်ကြမယ်။ တော်တော်များများကတော့ အဓိပ္ပါယ်ဖွင့်ဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်လဲ ယုံကြည်ချက်တွေ လွဲမှားနေကြရတာပေါ့။
"ကျောင်းသား'' ဆိုရင် တော်တော်များများက ''စာသင်သား၊ ကျောင်းမှာ စာသင်တဲ့သူ၊ ပျော်ဖို့ကောင်းတဲ့ ငယ်ရွယ်တဲ့ကလေးတွေ'' စသည်ဖြင့် အပေါ်ယံတွေလောက်ပဲ အဓိပ္ပါယ် ဖွင့်တတ်ကြပါတယ်။ ကျွန်မတို့ လေးလေးနက်နက်နဲ့ အသေးစိတ်အဓိပ္ပါယ်ဖွင့်ဆိုသင့်ပါတယ်။
"ကျောင်း'' - စိတ်ဓာတ်၊ စည်းကမ်း၊ ပညာသင်ကြား ရာနေရာ
"သား'' - သားသမီး ၊ လူငယ်
ဆိုတော့ ကျောင်းသားဆိုတာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ သင်ကြားရာ ကျောင်းတော်ကြီးရဲ့ သားသမီး တွေပါပေါ့။ သို့သော် ယခုအခါ ကျောင်းတွေသည် စာကိုသာ အဓိက သင်ကြားပေးရာနေရာ ဖြစ်တဲ့အတွက် '' စာသင်သား'' ဟုသာ လူအများ ယုံကြည်နေရခြင်းပင်။ စာကိုသာ အဓိက သင်ကြားပေးတယ်ဆိုတဲ့နေရာမှာလည်း သင်ပေးတဲ့ ဆရာတွေ ကိုယ်တိုင်က စိတ်ဓာတ်နဲ့ စည်းကမ်းကိုသင်ကြားပေးနိုင်လောက်တဲ့ထိ မပြည့်မှီတာ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းမနေတာကြောင့် သိတဲ့ စာကိုသာ သင်ကြားနေကြခြင်းကြောင့်ပင်။ အမျိုးသမီးကြီးတစ်ဦး ပြောသလို နိုင်ငံတိုးတက်ဖို့ အတွက် အဓိက တာဝန်ရှိတာက ဆရာဝန်တွေမဟုတ်ပါပူး၊ ကျောင်းဆရာ၊ဆရာမတွေ ပါပဲ။

Student အကြောင်းဆက်ကြမယ်။
အင်္ဂလိပ်အခေါ်အဝေါ်ဆိုတာတော့ လူတိုင်းသိကြပါတယ်။မြန်မာလိုဆို ကျောင်းသားပေါ့။ ဒါပေမယ့် ဘယ်လိုမတူတာလဲ၊ဘယ်နေရာတွေက ကွဲပြားနေတာလဲ၊ ခံယူချက်တွေနဲ့ ဘယ်လိုဆက်စပ်နေပြီး ဘယ်လောက်ထိ အရေးပါလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိနိုင်ဖို့အတွက် ကျွန်မတို့ Student ကို
အဓိပ္ပါယ်ဖွင့်ကြည့်ကြပါမယ်။

STUDENT
S- Strength(ခွန်အား)
T- Truth(အမှန်)
U- Unity(စည်းလုံးမှု)
D- Discipline(စည်းကမ်း)
E- Education(ပညာ)
N- Novelty(တီထွင်ဆန်းသစ်မှု)
T- Transformation(ပြောင်းလဲမှု)

အတိုချုပ်ပြော​ရရင် ကျောင်းသားတွေဆိုတာ စာသင်ရသူတွေပဲမဟုတ်ပါပူး။ ကျောင်းသားတွေဆိုတာ အနာဂတ်အတွက် ခွန်အား၊ အမှန်တရားကို စဥ်းစားချင့်ချိန် ရှာဖွေသူ၊ အချင်းချင်းအတွေးအခေါ် အကြံဉာဏ်တွေကို မျှဝေပြီး စည်းလုံးညီညွတ်စွာ လုပ်ကိုင်သူ၊ စည်းကမ်းရှိသူ၊ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်တဲ့ ပညာကို ဆည်းပူးသူ၊ အတွေးအခေါ် အသစ် နှင့် တီထွင်ဖန်းတီးမှုအသစ်များဖြင့် ကမ္ဘာသစ်ကို ခေါ်ဆောင်သွားနိုင်သူ၊ လေ့လာသိရှိထားတဲ့ ပညာတွေကို လက်တွေ့အသုံးချပြီး ကိုယ်ကိုယ်တိုင်နဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်သူတွေပဲ ဖြစ်ကြပါတယ်။
နိုင်ငံတကာက ပညာရေးကို ဘာလို့ ဦးစားပေးကြတာလဲ။ ရှင်းပါတယ်။ လူတိုင်း ဒီလိုပညာတွေကို သိထား၊တတ်ထားပြီး ဒီလိုခံယူချက်တွေရှိမှ တိုးတက်မှာမလို့ပဲ။ ဒီအချိန်မှာ မြန်မာက ကျောင်းသားသည် စာသင်သားလို့ပဲ သတ်မှတ်တုန်း ။ စူးစမ်းမေးမြန်းတတ်တဲ့ ကျောင်းသားဆို ''လျှာမရှည်နဲ့ ဒီတိုင်းပဲလုပ်'' ဆိုတာမျိုး၊ အဆင့် (1) ရဖို့ အတွက် ကျောင်းစာပဲ လုပ်စေချင်တဲ့ မိဘတွေလိုမျိုး၊ ဒီလို အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေကြောင့် ကျောင်းသားလူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရိုက်ချိုးခံနေရတာပဲ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေက ပညာတတ်တွေတိုးတက်လာနေချိန်မှာ မြန်မာနိုင်ငံက စာတတ်တွေတိုးပြီး ဝန်ထမ်းလောကမှာ တိုးနေကြတယ်။ ပညာတတ်တဲ့ သူတွေဆီမှာ ကျွန်သွားခံကြရတယ်။ တကယ်ကို ရင်နာစရာကောင်းလှပါတယ်။
ဆိုတော့ ကျောင်းသားတွေကို ပြောချင်တာက ငါတို့သည် student တွေပဲလို့ မှတ်ကြလေ။ ကိုယ့်အတွေးအခေါ်၊ အကြံဉာဏ်နဲ့ စူးစမ်းလိုစိတ်တွေကို လမ်းဖွင့်ပေးပြီး လက်တွေ့အသုံးချကြပါ။ ကျောင်းသားတွေ ပညာတတ်ဖြစ်မှ အနာဂတ်တိုင်းပြည်ကြီးလဲ အေးချမ်းသာယာပြီး တိုးတက်အောင်မြင်နိုင်မှာပါလို့ စာချွန်လွှာပါး၍ ပြောကြားလိုက်ရပါတယ်ရှင်။ ။

#students
#Student Society




Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တန်ရာတန်ကြေးနိယာမ